လတ်တလောဖြစ်ပေါ်လျက်ရှိတဲ့ မွန်ပြည်နယ်မွေးမြူးရေးလုပ်ငန်းအခြေအနေနဲ့ပတ်သက်ပြီးတော့ မွန်ပြည်နယ်မွေးမြူးရေးလုပ်ငန်းအဖွဲ့ချုပ် ဦးညိုမင်းနှင့် တွေ့ဆုံခြင်း
မွန်ပြည်နယ်မွေးမြူးရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညိုမင်း မွန်ပြည်နယ်အတွင်းသို့ တစ်ဖက်နိုင်ငံကနေ တရားမဝင်တင်သွင်းလာသော ကြက် ဝက် တွေကြောင့် ပြည်နယ်တွင်းလုပ်ငန်းရှင်တွေမှာတော့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ယခုလက်ရှိဖြစ်ပေါ်လျက်ရှိတဲ့ မွန်ပြည်နယ်မွေးမြူးရေးလုပ်ငန်းအခြေအနေနဲ့ပတ်သက်ပြီးတော့ မွန်ပြည်နယ်မွေးမြူးရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညိုမင်းနှင့် သံလွင်တိုင်းမ်တို့ တွေ့ဆုံခဲ့ပါတယ်။ မေး။ ။မွန်ပြည်နယ်ရဲ့ယခုလက်ရှိမွေးမြူးရေးလုပ်ငန်းအခြေအနေကိုသုံးသပ်ပေးပါအုံးဆရာ။ ဖြေ။ ။အခုလက်ရှိမှာတော့ ကြက်မွေးမြူးရေး ဝက်မွေးမြူးရေးမှာတော့ တော်တော်လေးကို အခက်အခဲနဲ့ ရင်ဆိုင်နေ ရတယ် ကြက်ဆိုရင်အခု ခြံဖမ်းဈေးဆိုတစ်ပိသာကို ၂၇၀၀…