Thanlwintimes

ထိန်းသိမ်းခံရတဲ့ မွန်ဝန်ကြီးအားလုံး နေအိမ်ပြန်ရောက်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၄) တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးအားလုံးဟာ ဖေဖော်ဝါရီလ (၃)ရက်နေ့မှာ နေအိမ်ပြန်လည် ရောက်ရှိခဲ့ကြပါပြီ။ တပ်မတော်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်ပိုင်းမှာ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးအချို့ကို အစိုးရအိမ်ယာကနေ ခေါ်ဆောင်ပြီး တပ်မတော်က ထိန်းသိမ်းခဲ့တာပါ။ အဲ့ဒီလို ထိန်းသိမ်းပြီးနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် NLDပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်တို့ကို…

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ရှေ့နေကွန်ယက်ထုတ်ပြန်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၄) ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ စစ်အာဏာသိမ်းအစိုးရကို ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း ပြည်သူ့ရှေ့နေကွန်ယက်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁) ၂၀၂၀ ရွေးကောက်ပွဲအလွန် တတိယအကြိမ် လွှတ်တော်စတင်ဖို့ (၁၀)နာရီ အလိုမှာပဲ နိုင်ငံအကြီးအကဲတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်မတော်မှ ထိန်းသိမ်းပြီး အာဏာသိမ်းလိုက်ပါတယ်။ ဇန်နဝါရီလ (၃၁)ရက်နေ့ ညမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ကို တပ်မှ ထိန်းသိမ်းခဲ့ပါတယ်။ အဲ့ဒီနောက် နိုင်ငံတဝှမ်းမှာ ဖုန်းလိုင်းတွေ အင်တာနက်…

ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး အဆို မေးခွန်း လုံးဝ မမေးခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၃၀) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်း (၅)နှစ်အတွင်း ဘီးလင်းမြို့နယ်က ရွေးကောက်ခံ ကိုယ်စားလှယ် ဦးမင်းမင်းဦးဟာ အဆို မေးခွန်းတွေ တစ်ခုမှ မတင်သွင်း မမေးမြန်းခဲ့ပါဘူး။ ဦးမင်းမင်းဦးဟာ ၂၀၁၅ ရွေးကောက်ပွဲအလွန် မွန်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်သလို လူမှုရေးကိစ္စတွေကြောင့် ဝန်ကြီးချုပ်အဖြစ်ကနေ နှုတ်ထွက်စာ တင်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲ့ဒီလို နှုတ်ထွက်စာတင်ပြီးနောက် မွန်ပြည်နယ်လွှတ်တော်ကို…

ပြည်သူ့အကျိုးကို ဥပဒေဘောင်ထဲက ဆောင်ရွက်ပေးဖို့ လွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင် ၊ ဇန်နဝါရီ (၂၈) ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေ ပြည်သူ့အကျိုးကို ထမ်းဆောင်ရာမှာ ဥပဒေဘောင်အထဲက ဆောင်ရွက်ပေးဖို့ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက တိုက်တွန်းလိုက်ပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဟာ အစိုးရကို ထိန်းကျောင်းတဲ့နေရာမှာ အခြားတိုင်းနဲ့ပြည်နယ်က လွှတ်တော်တွေထက် ပိုမိုစွမ်းဆောင်နိုင်ခဲ့ပါတယ်။ လွှတ်တော်သက်တမ်း(၅)နှစ်အတွင်း ပုံမှန်အစည်းအဝေး…

ပညာရေးဝန်ထမ်း (၁၈၀၀၀)ကျော် ကာကွယ်ဆေးထိုးနိုင်ရန် တင်ပြထား

မော်လမြိုင် ၊ ဇန်နဝါရီ (၂၉) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံတဲ့အခါ အဆင်သင့်ဖြစ်အောင် မွန်ပြည်နယ်က ပညာရေးဝန်ထမ်း (၁၈၀၀၀)ကျော်ကို စာရင်း ကောက်ယူပြီး ကျန်းမာရေးဝန်ကြီးဌာနထံ ပေးပို့ထားပါတယ်။ အိန္ဒိယက ချစ်ကြည်ရေးလက်ဆောင်ပေးခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ရရှိပြီးတဲ့နောက် နိုင်ငံတဝှမ်းမှာ ကာကွယ် ဆေးထိုးတဲ့လုပ်ငန်းတွေကို ဇန်နဝါရီလ (၂၇)ရက်နေ့မှာ စတင်ခဲ့တာပါ။ ကနဦးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးနှံခဲ့တာဖြစ်ပြီး နောက်တဆင့်အနေနဲ့…

ကိုဗစ်ကြောင့် သေဆုံးသွားသူတွေရဲ့ ဆွေမျိုးတွေကို ရေငုံနှုတ်ပိတ်နေဖို့ တရုတ် အာဏာပိုင်တွေ ဖိအားပေး

မော်လမြိုင် ၊ ဇန်နဝါရီ (၂၈) WHO အဖွဲ့ ရောက်ရှိနေစဉ် ဝူဟန်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို တရုတ်အာဏာပိုင်တွေက ရေငုံနှုတ်ပိတ်နေဖို့ ဖိအားပေးနေပါတယ်။ ဝူဟန်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ တရုတ်အာဏာပိုင်တွေက သူတို့ရဲ့ ဆိုရှယ်မီဒီယာအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒီရောဂါဖြစ်ပွားမှုရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် မြို့တော်သို့ရောက်ရှိနေစဉ် နှုတ်ပိတ်နေဖို့ ဖိအားပေးခဲ့တယ်လို့…

ကိုဗစ်-၁၉ ထိန်းချုပ်ရေးကို ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရန်ပြုခံရ

မာ်လမြိုင် ၊ ဇန်နဝါရီ (၂၈) ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေဟာ ပြည်သူတွေရဲ့ တုံ့ပြန် ရန်ပြုမှုတွေကို ရင်ဆိုင်နေရပါတယ်။ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကို နေအိမ်မှာပဲ အသွားအလာကန့်သတ်တဲ့စနစ်ကို မွန်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဇင်ဘာက (၈)ရက်နေ့ကတည်းက စတင်ကျင့်သုံးခဲ့တာပါ။ အဲ့ဒီနောက်မှာ အတည်ပြုလူနာနဲ့ ထိတွေ့ထားတဲ့ အိမ်ထောင်စုတွေကို နေအိမ်မှာပဲ…

အလုပ်အကိုင်ရရှိရေးမှာ မသန်စွမ်းတွေ ခွဲခြားဆက်ဆံခံနေရ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၈) အလုပ်အကိုင်အခွင့်အလမ်းရရှိရေးမှာ မသန်စွမ်းတွေဟာ အခုချိန်ထိ ခွဲခြားဆက်ဆံခံနေရတုန်းပဲလို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌက ပြောပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေရဲ့ (၂.၃) သန်းဟာ မသန်စွမ်းသူတွေ ဖြစ်ပါတယ်။ ဒီမသန်စွမ်းတွေဟာ သာမာန်လူတွေနဲ့တန်းတူ လုပ်ငန်းခွင်တွေမှာ လိုက်ကိုင်ခွင့် ရရှိရေးမှာတော့ အခုချိန်ထိ ခွဲခြားဆက်ဆံခံနေရဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့…

ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ပြည်သူတွေ ခရီးမထွက်ဖို့ တရုတ်အစိုးရ တိုက်တွန်း

မော်လမြိုင် ၊ ဇန်နဝါရီ (၂၈) Chunyun လို့ခေါ်တဲ့ နွေဦးရာသီပွဲတော် ခရီးစဉ်ဟာ ကြာသပတေးနေ့မှာ တရားဝင်စတင်ခဲ့ သော်လည်း တရုတ်နိုင်ငံရဲ့ နေရာအချို့မှာ ဖြစ်ပွားမှုများခဲ့တဲ့ အစုလိုက်အပြုံလိုက် ရောဂါပိုးကူးစက်မှုများ ထိန်းချုပ်မှုလုပ်ငန်းကို အထောက်အကူ ဖြစ်စေရန် မိမိ အလုပ် ဒါမှမဟုတ် နေထိုင်တဲ့နေရာမှာဘဲ တိုင်းပြည်ရဲ့ အဓိကကျတဲ့ ရိုးရာအားလပ်ရက်ကို ကျင်းပဖို့ တရုတ်ပြည်သူတွေကို ပထမဆုံးအကြိမ် တိုက်တွန်းခဲ့ခြင်း…