Thanlwintimes

အာဏာသိမ်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ

“ကျွန်တော့်နေအိမ်မှာ ကျွန်တော့်ကို ရှာတဲ့အခါ ကျွန်တော့်ပစ္စည်းတွေလည်း မွှေနှောက်ခံခဲ့ရသလို မိသားစုဝင်တွေကိုလည်း ဖမ်းဆီးခဲ့တယ်” မတရားဖမ်းဆီးမှုများ ခပ်စိတ်စိတ်ကြားလာသည်နှင့်အမျှ ယင်း၏နောက်ဆက်တွဲဖြစ်စဉ်မှာ လူအခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ရှိလာခြင်းဖြစ်သည်။ နေအိမ်ကို အင်အားသုံးဝင်ရောက်မှု၊ ခြိမ်းခြောက်မှု၊ အင်အားသုံးဖမ်းဆီးမှု၊ နေအိမ်တွင်းရှိ ပစ္စည်းများကို လိုသလို ချိုးဖျက်ရှာဖွေမှု၊ မသက်ဆိုင်သူများအပေါ် ဖိအားပေးအကြပ်ကိုင်မှုစသည့်ဖြစ်ရပ်တို့မှာ စစ်အာဏာသိမ်းပြီး တစ်လအကြာ အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခြင်းမှ အစပြုခဲ့ခြင်းလည်းဖြစ်သည်။ စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတိုင်းတွင် လူစုလူဝေးနှိမ်နင်းမှုများကို…

သတင်းအမှောင်ချဖို့ PSI စက်အသုံးပြုမှုကို အကြမ်းဖက် စစ်အုပ်စု တားမြစ်

မော်လမြိုင် ၊ ဧပြီ (၁၀) သတင်းအမှောင်ချဖို့ ရည်ရွယ်ချက်ဖြင့် မိုဘိုင်းအင်တာနက်တွေကို ဖြတ်တောက်ထားတဲ့အပြင် မြန်မာနိုင်ငံရဲ့ ရုပ်သံသတင်းဌာနနှစ်ခုဖြစ်တဲ့ DVB နှင့် Mizzima တို့ရဲ့ ရုပ်သံ သတင်းတွေကို အခမဲ့ထုတ်လွှင့်ပေးနေတဲ့ PSI စက်အသုံးပြုမှုကို အကြမ်းဖက် စစ်အုပ်စုက တားမြစ်ပိတ်ပင်နေပါတယ်။ မွန်ပြည်နယ်အတွင်း မြို့နယ်တွေက PSI စက်အရောင်းဆိုင်တွေကို ဆက်လက်မရောင်းချဖို့နဲ့ PSI တပ်ဆင်ထားတဲ့ အိမ်တွေမှာ…

သတင်းအမှောင်ချဖို့ PSI စက်အသုံးပြုမှုကို အကြမ်းဖက် စစ်အုပ်စု တားမြစ်

မော်လမြိုင် ၊ ဧပြီ (၁၀) သတင်းအမှောင်ချဖို့ ရည်ရွယ်ချက်ဖြင့် မိုဘိုင်းအင်တာနက်တွေကို ဖြတ်တောက်ထားတဲ့အပြင် မြန်မာနိုင်ငံရဲ့ ရုပ်သံသတင်းဌာနနှစ်ခုဖြစ်တဲ့ DVB နှင့် Mizzima တို့ရဲ့ ရုပ်သံ သတင်းတွေကို အခမဲ့ထုတ်လွှင့်ပေးနေတဲ့ PSI စက်အသုံးပြုမှုကို အကြမ်းဖက် စစ်အုပ်စုက တားမြစ်ပိတ်ပင်နေပါတယ်။ မွန်ပြည်နယ်အတွင်း မြို့နယ်တွေက PSI စက်အရောင်းဆိုင်တွေကို ဆက်လက်မရောင်းချဖို့နဲ့ PSI တပ်ဆင်ထားတဲ့ အိမ်တွေမှာ…

ဘဝအပျက်ခံပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သူ

“အကို့ သားအငယ်က ပြောတယ်။ သူလည်း အဖေလိူလူမျိုးအဖြစ် ရှင်သန်ချင်တယ်တဲ့။ သူ ကြိုးစားမယ်တဲ့ အဖေတူသားဖြစ်အောင် အဲဒါကြောင့် အကို့ဆုံးဖြတ်ချက်မမှားဘူး။ CDM လုပ်ခဲ့တာ အကိုနောင်တမရဘူး” မနက်ခင်း မိုးလင်းတာနဲ့ အိမ်နီးချင်းတွေရဲ့ နှုတ်ဆက်သံ ၊ ကလေးတွေရဲ့ ပြေးလွှားဆော့ကစားသံတွေနဲ့ စည်ကားနေတတ်တဲ့ မော်လမြိုင်မြို့က မုပွန်မီးရထားဝန်ထမ်းအိမ်ယာက တိတ်ဆိတ်ခြောက်ကပ်သွားပါပြီ။ ခြံမခတ်ထားတဲ့ မုပွန်မီးရထားဝန်ထမ်းအိမ်ယာမှာ မော်လမြိုင်မြို့က မီးရထားဝန်ထမ်းတွေ နေထိုင်ကြတာဖြစ်ပြီး…

သင်္ကြန်ပွဲတော် မကျင်းပဘဲ စစ်ကောင်စီကို ဆန့်ကျင်ဖို့ တိုက်တွန်း

မော်လမြိုင် ၊ ဧပြီ (၆) စစ်တပ် အာဏာသိမ်းထားတဲ့ကာလအတွင်း ကျရောက်တဲ့ သင်္ကြန်ပွဲတော်မှာ ပျော်ပွဲရွှင်ပွဲ မလုပ်ဘဲ စစ်ကောင်စီကို ဆန့်ကျင်ဖို့ အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်အတွက် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကတော့ လာမည့် ဧပြီ (၁၃)ကနေ ဧပြီ (၁၇) ရက်နေ့အတွင်း ကျရောက်တော့မှာ ဖြစ်ပါတယ်။ စစ်ကောင်စီက ဒီသင်္ကြန်ပွဲတော်ကို ဆင်နွှဲဖို့အတွက်…

CDM ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းဖို့ စစ်ကောင်စီ စာရင်းကောက်

မော်လမြိုင် ၊ ဧပြီ (၆) အာဏာသိမ်းစစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်တဲ့ CDM ပညာရေးဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းဖို့ စစ်အုပ်စုက စာရင်းကောက်နေပါတယ်။ ပညာရေးဝန်ကြီးဌာနလက်အောက် အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ် ၊ ဒီဂရီကောလိပ် ဌာနတွေက CDM ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင်မှာလည်း CDM ဝန်ထမ်းတွေကို တာဝန်ကနေ နှုတ်ထွက်စေတာတွေ ၊ ဝန်ထမ်းအိမ်ယာကနေ ပြောင်းရွှေ့စေတာတွေကို…

စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ လျော့ကျလာ

မော်လမြိုင် ၊ ဧပြီ (၆) မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်အပါအဝင် မြို့နယ်တချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေဟာ ဖေဖော်ဝါရီလ အစောပိုင်းနဲ့ယှဉ်ရင် တဖြည်းဖြည်း အားနည်းလာပါတယ်။ မွန်ပြည်နယ်မှာ လူ(၈)ဦးသေဆုံးတဲ့အထိ စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းပြီးတဲ့နောက် လူထုလှုပ်ရှားမှု လျော့ကျလာတာ ဖြစ်ပါတယ်။ လူထုအင်အား ရာနဲ့ချီ ဝန်းရံထားတဲ့ သပိတ်စစ်ကြောင်းတွေ မရှိတော့ဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေး…

ပုဂ္ဂလိကဘဏ်တချို့ ပြန်လည်ဖွင့်လှစ် ၊ ငွေထုတ်ဖို့ စောင့်ဆိုင်းနေသူ ရာနှင့်ချီ ရှိ

မော်လမြိုင် ၊ ဧပြီ (၅) မော်လမြိုင်မြို့က KBZ ၊ CB နှင့် ဧရာဝတီ ဘဏ်ခွဲတချို့ ပြန်လည် ဖွင့်လှစ်နေတာဖြစ်ပြီး ငွေလာထုတ်သူတွေက ရာနှင့်ချီ ရှိနေပါတယ်။ ဘဏ်တွေက ငွေထုတ်ပေးရာမှာ အလှည့်ကျတိုကင်စနစ်နဲ့ ဆောင်ရွက်ပေးနေတဲ့အတွက် ငွေလာထုတ်သူတွေက နာရီနှင့်ချီ စောင့်ဆိုင်းရတဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အချို့ပြည်သူတွေက အရင်ဦးဆုံးငွေထုတ်ခွင့်ရဖို့အတွက် မနက် (၄)နာရီကျော်ကတည်းက…

မော်လမြိုင်မြို့အနှံ့မှာ ညပိုင်းတားဆီးစစ်ဆေးမှုများ နေ့စဉ်ရှိနေ

မော်လမြိုင်၊ ဧပြီ (၄) မော်လမြိုင်မြို့အနှံ့မှာ လမ်းသွားလမ်းလာတွေကို ည (၈)နာရီ မထိုးခင်ကတည်းက စစ်အုပ်စုက တားဆီး စစ်ဆေးမှုတွေကို နေ့စဉ် လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အရပ်သားတွေ အပြင်မထွက်တော့တဲ့အချိန် ည(၉)နာရီနောက်ပိုင်းမှာ ဗုံးပေါက်တာတွေ ၊ ဗုံးတွေ့တယ်လို ယူဆရတဲ့ သတင်းတွေရှိလာပြီးနောက် စစ်အုပ်စုက အခုလို ခပ်စိပ်စိပ် စစ်ဆေးရေးတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ ဒိုင်းဝန်ကွင်း…

စစ်ကောင်စီနှင့် ပူးပေါင်းတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို နည်းလမ်းမျိုးစုံနှင့် ဆန့်ကျင်မည်

ပေါင် ၊ ဧပြီ (၃) စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင့်သွားမယ်လို့ ပေါင်မြို့နယ် ဒေသခံတွေက ပြောပါတယ်။ ပေါင်မြို့နယ်က ရပ်ကွက်ကျေးရွာ (၅၈) ခုရဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြီးခဲ့တဲ့ လပိုင်းကစတင်ပြီး စစ်ကောင်စီက ခန့်အပ်ခဲ့ပါတယ်။ အဲ့ဒီလို ခန့်အပ်ရာမှာ NLD အစိုးရလက်ထက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး (၆၀) ရာခိုင်နှုန်းနီးပါးက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး…