Thanlwintimes

အမျိုးသားအဆင့် ပူးပေါင်းမှုဆိုင်ရာ အစုအဖွဲ့တစ်ရပ် ဖွဲ့စည်းဖို့ မွန်အမျိုးသားညီလာခံ ဆုံးဖြတ်

မော်လမြိုင် ၊ ဧပြီ ၆ မွန်အမျိုးသားရေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အင်အားစုတွေ စုစည်းညီညွတ်စွာ ပူးပေါင်းနိုင်ရေး အမျိုးသားအဆင့် ပူးပေါင်းမှုဆိုင်ရာ အစုအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မွန်အမျိုးသားညီလာခံအပြီးမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ မွန်အမျိုးသားညီလာခံကနေ အမျိုးသားအဆင့် ပူးပေါင်းဆောက်ရွက်မှုဆိုင်ရာ အစုအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းအကောင်အထည်ဖော်သွားဖို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေက တညီတညွတ်တည်း ဆွေးနွေးသဘောတူခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့တွေက တင်ပြလာတဲ့ မွန်လူငယ်ရေးရာမူဝါဒနဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမူဝါဒ…

မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ စစ်ကောင်စီရဲ့ စစ်မှုထမ်းပစ်မှတ်ဖြစ်လာ

မော်လမြိုင် ၊ ဧပြီ ၆ မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက စစ်မှု ထမ်းသင်တန်းတွေထံ ချက်ချင်းပို့ဆောင်တာတွေ ရှိနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ လူငယ်တွေကို မူးယစ်ဆေးဝါးသတင်းအရ ရှာ ဖွေဖမ်းဆီးတာတွေရှိသလို လူစည်ကားရာနေရာတွေမှာ ပိတ်ဆို့စစ်ဆေးပြီးနောက် မူးယစ်ဆေးဝါး တွေ့ရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းသင်တန်းတွေထံ…

ဝေဖန်မှုတွေကြောင့် ဘားအံမှာကျင်းပမယ့် နန်းဖော့အွာ သဲသောင်ပြင် သင်္ကြန်ပွဲတော်ဖျက်သိမ်း

ဘားအံ၊ ဧပြီ ၆ ကရင်ပြည်နယ် ဘားအံမြို့မှာ လာမယ့် သင်္ကြန်ပွဲတော်ကာလအတွင်း တစ်လကြာကျင်းပပြုလုပ်သွားမယ့် သံလွင်မြစ်ကမ်းဘေးက နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်ပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နန်းဖော့အွာလို့ အမည်ပေးထားတဲ့ သဲသောင်ပြင်သင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့က တစ်လကြာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအထက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးဒဏ်ကြောင့် သဲသောင်ပြင်သင်္ကြန်ပွဲတော်ကို…

တနင်္သာရီမှာ တိုက်ပွဲမရှိဘဲ စစ်တပ်ဗုံးကြဲမှုကြောင့် PDF ရဲဘော်နှစ်ဦးဒဏ်ရာရ

တနင်္သာရီ၊ ဧပြီ ၆ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ချောင်းနောက်ပြန်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပကဖ ထံ က သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ ဂျက်ဖိုက်တာလေယာဉ်တစ်စီးနဲ့ ချောင်းနောက်ပြန်ကျေးရွာကို ဗုံးသီးတစ်လုံး ကြဲချခဲ့ပြီးနောက် စက်သေနတ်တွေနဲ့ပါ…

ငလျင်ဘေးသင့် မြန်မာနိုင်ငံရဲ့ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေ

“အပစ်ခတ်ရပ်စဲထားတဲ့ အချိန်မှာ စစ်ရေးအရလှုပ်ရှားမှုတွေ မလုပ်ဖို့ လက်နက်နဲ့လူသူ စုဆောင်းမှုတွေ စစ်ရေးသက်ဆိုင်တာတွေ မလုပ်ဖို့ကိုလည်း ကန့်သတ်ထားတယ်။ လုပ်တယ်လို့ သိတယ်ဆိုရင်လည်း သူ့အနေနဲ့ တိုက်ခိုက်မယ်ဆိုတာလည်း သူပြောထားတယ်။ ဒါက စစ်ရေး၊ နိုင်ငံရေးအရ သူ့အနေနဲ့ အသာစီးရတယ်လို့ ယူဆပြီး တုံ့ပြန်မှုတစ်ခုအဖြစ် မြင်ရတယ်” – ဒေါက်တာ စိုင်းကြည်ဇင်စိုး မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က ငလျင်ကြီး…

မြန်မာ့ငလျင်ဘေး တုံ့ပြန်မှု ဝေဖန်မှုတွေအပေါ် အမေရိကန် ပယ်ချ

ဝါရှင်တန်၊ ဧပြီ ၅ သမ္မတ ဒေါ်နယ် ထရန့်အစိုးရက အမေရိကန်ရဲ့ နိုင်ငံတကာ အကူအညီ ပေးရေး အေဂျင်စီကို ပိတ်သိမ်းလိုက်တာကြောင့် အမေရိကန်အနေနဲ့ မြန်မာ့ငလျင်ဘေးကို မကူညီနိုင်ဖြစ်သွားခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပယ်ချလိုက်ပါတယ်။ အလားတူ သဘာဝဘေးအန္တရာယ်မျိုးတွေကို အရင်က တုံ့ပြန်သလို မဟုတ်ဘဲ အမေရိကန်က ဘာကြောင့် အဓိပ္ပါယ်ပြည့်ပြည့်ဝဝနဲ့ မကူညီခဲ့ရတာလဲလို့ ဘီဘီစီသတင်းဌာနက…

မြန်မာ့ငလျင်ဘေး ရှာဖွေကယ်ဆယ်ရေးမှာ စင်ကာပူက ပိုးဟပ်စက်ရုပ်တွေ အသုံးပြုနေ

စင်ကာပူ၊ ဧပြီ ၅ မတ် ၂၈ ရက်မှာ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ကယ်ဆယ် ရှာဖွေရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီဖို့ စင်ကာပူက ပိုးဟပ်စက်ရုပ် စုစုပေါင်း ၁၀ ရုပ်ကို စေလွှတ်ပေးခဲ့ပါတယ်။ စင်ကာပူ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခြင်္သေ့နှလုံးသား အော်ပရေးရှင်းမှာ ပါဝင် ကူညီဖို့…

ပုလောမှာ မိုင်းထိလို့ အရပ်သားတစ်ဦးသေဆုံး

ပုလော၊ ဧပြီ ၅ တနင်္သာရီတိုင်း ပုလောမြို့နယ် ဆင်ထိုးကြီးကျေးရွာအနီး ဥယျာဉ်ခြံတစ်ခုမှာ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ဆင်ထိုးကြီးကျေးရွာနေ အသက် ၆၀ ကျော်အ ရွယ် ဦးသိန်းသိန်းဟာ သူပိုင်တဲ့ဥယျာဉ်ခြံမှာ သီဟိုဠ်စေ့ဝင်ကောက်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။…

တောင်ပိုင်းမှာ မတ်လအတွင်း အရပ်သား ၂၈ ဦးထက်မနည်း သေဆုံး

ရေး ၊ ဧပြီ ၅ မြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်တဲ့ ကရင်နီအပါအဝင် မွန်၊ကရင်နဲ့ တနင်္သာရီတို့မှာ ပြီးခဲ့တဲ့ မတ်လအတွင်း အရပ်သားပြည်သူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ရာမညအင်စတီကျုသုတေသနဌာန RICE က ဧပြီ ၃ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပါအ ဝင် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်…

မန္တလေး အိုးဘိုထောင်မှာ ငလျင်ကြောင့် နိုင်ငံရေးအကျဉ်းသူခြောက်ဦး သေဆုံး

မန္တလေး၊ ဧပြီ ၅ မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသူခြောက်ဦး ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် PPNM က အတည်ပြုထုတ်ပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသူ ခြောက်ဦးဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင် ၁ နဲ့…