Thanlwintimes

ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် မိဘမဲ့ဂေဟာတွေမှာ အသားဟင်း မကျွေးနိုင်တော့သလို နို့မှုန့်အစား ဆန်ပြုတ်နဲ့ ထမင်းရည်ကိုသာ တိုက်ကျွေးနေရ

မော်လမြိုင် ၊ သြဂုတ် (၂၄) စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း မိဘမဲ့ဂေဟာတွေနဲ့ ပရဟိတကျောင်းတွေမှာ အသားဟင်း မကျွေးနိုင်တော့သလို နို့မှုန့်အစား ဆန်ပြုတ်နဲ့ ထမင်းရည်ကိုသာ တိုက်ကျွေးနေရတယ်လို့ ကျောင်းတည်ထောင်သူ ဆရာတော်တွေက မိန့်ဆိုပါတယ်။ မိဘမဲ့ဂေဟာတွေနဲ့ ပရဟိတကျောင်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း အလှူရှင် နည်းပါးလာတာနဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် ကလေးတွေကို နေ့စဉ်…

EAOs တွေ လက်နက်ဆက်ကိုင်လိုရင် စစ်တပ်နဲ့ နယ်ခြားစောင့်တပ်ထဲ ဝင်ခွင့်ပြုမယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ သြဂုတ် (၂၄) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs) တွေအနေနဲ့ လက်နက်ဆက်ကိုင်လိုရင် စစ်တပ်နဲ့ နယ်ခြားစောင့်တပ်ထဲ ဝင်ရောက် တာဝန်ထမ်းဆောင် ခွင့်ပြုမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့…

KNU တပ်မဟာ(၂) ခုကို စစ်ကောင်စီတပ်က ကြည်းနဲ့လေ ပေါင်းပြီး အပြင်းအထန် ထိုးစစ်ဆင်နေ

ညောင်လေးပင် ၊ သြဂုတ် (၂၄) ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)ထဲမှာ စစ်ကောင်စီတပ်က ကြည်းကြောင်းနဲ့ လေကြောင်း ပေါင်းပြီး အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကေအဲန်ယူနဲ့ နယ်မြေဒေသခံတွေဆီကနေ သိရပါတယ်။ ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့နေရာနဲ့ အနီးဝန်းကျင်မှာ ဒီကနေ့ သြဂုတ် ၂၃…

နေ့စဉ်သွေးမအေးပဲ အကြမ်းဖက်စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ပြည်ကြီးတံခွန်သပိတ်

မန္တလေး – ဩဂုတ်(၂၃) ဒီနေ့ ဩဂုတ်လ(၂၃) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဦးဆောင်ပြီး ရက်ပေါင်း (၄၉၅) ရက်မြောက်တဲ့အထိ နေ့စဉ်သွေးမအေးပဲ အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်သပိတ်မှောက်နေတာဖြစ်ပါတယ်။

တိုက်ပွဲတွေပြင်းထန်လာဖို့ရှိနေလို့ စစ်တပ်နဲ့ ဝေးဝေးနေဖို့ ပြည်သူတွေကို AA သတိပေး

စစ်တွေ – ဩဂုတ်(၂၃) ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် တို့ကြား စစ်ရေးတင်းမာနေတဲ့အတွက် စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နေရာတွေမှာ သွားလာတာမပြုလုပ်ကြဖို့ ရက္ခိုင့်အမျိုးသားများ အဖွဲ့ချုပ် က သတိပေးထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်သူလူထုကို ဖိနှိပ်ဖို့အတွက် မြို့နယ်တချို့မှာ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်ထားသလို မောင်တောမြို့နယ်မှာ ည(၁၀) နာရီကနေ မနက်(၅) နာရီအထိ မထွက် ရအမိန့်ကို…

မွန်ပြည်နယ်မှာ ခိုးဆိုးလုယက်၊ ဒုစရိုက်မှုများ များလာဟု ဒေသခံများပြော

မော်လမြိုင်- ဩဂုတ်(၂၃) စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံစီးပွားရေးကျဆင်းခြင်း၊ ငွေကြေးဖောင်းပွခြင်းနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းအပြင် မွန်ပြည်နယ်အတွင်း ပစ္စည်းခိုးယူမှုကဲ့သို့သော ဒုစရိုက်မှုတွေ အဖြစ်များလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ်အတွင်းက မော်လမြိုင်၊ ပေါင်၊ သထုံစတဲ့ မြို့နယ် အများစုမှာ ခိုးယူ၊ လုယက်မှုတွေဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ “နေရာတိုင်းသောင်းကျန်းတာ ဘယ်နေရာမလွတ်ဘူး တစ်ချို့အိမ်တွေဆို အားလုံးကို ခိုးသွားတာ” လို့…

“ဘယ်(/)မျဥ်းစောင်းထိထိ ငါတို့နဲ့ငြိတာပဲ “

ယင်းမာပင် – ဩဂုတ်(၂၃) ဒီနေ့ ဩဂုတ်လ(၂၃) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီ ကဦးဆောင်ပြီး “ဘယ်(/)မျဥ်းစောင်းထိထိ ငါတို့နဲ့ငြိတာပဲ ” ဆိုခဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

ကော့မပြင်းတိုက်ပွဲမှာ PDF ရဲဘော် ၂ ဦး ကျဆုံးပြီး ၃ ဦးဒဏ်ရာရ

တနင်္သာရီ ၊ သြဂုတ် (၂၃) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအနီး တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ပေါင်းစုက PDF ရဲဘော် ၂ ဦး ကျဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တုန်းက ကော့မပြင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်က…

မြဝတီ-ကော့ကရိတ်အာရှလမ်းမှာ မြဝတီခရိုင် လူမှုကူညီရေးအသင်းကား ပစ်ခတ်ခံရ

မြဝတီ ၊ သြဂုတ် (၂၃) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်း တောနော်ရေတံခွန်အနီးမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့ မနက် ၉ နာရီလောက်မှာ မြဝတီခရိုင် လူမှုကူညီရေးအသင်းကား ပစ်ခတ်ခံခဲ့ရတယ်လို့ အသင်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြဝတီဘက်ကနေ ဘားအံဘက်ကို အရေးပေါ် လူနာတင်လာပြီး ဆင်းလာတဲ့ လူမှုကူညီရေးအသင်းကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်နဲ့ လှမ်းပစ်ခဲ့တာဖြစ်ပါတယ်။…