2024

တတိယကမ္ဘာစစ် ဖြစ်လာနိုင်တယ်လို့ ရုရှား သတိပေး

မော်စကို၊ သြဂုတ် ၂၈ ဒုံးကျည်တွေနဲ့ သူတို့နိုင်ငံထဲသို့ ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခွင့်ပြုတဲ့ အနောက်တိုင်းရဲ့ လုပ်ရပ်ဟာ မီးနဲ့ ကစားနေတာ ဖြစ်တယ်လို့ ရုရှားက ပြောကြားလိုက်ပြီး တတိယကမ္ဘာစစ် ဖြစ်လာရင် ဥရောပ တိုက်တစ်တိုက်တည်းမှာပဲ စစ်ပွဲတွေ ဖြစ်မှာမဟုတ်ဘူးလို့ အမေရိကန်ကို သတိပေးလိုက်ပါတယ်။ ရုရှား အနောက်ပိုင်း ကာ့စ်ဒေသကို ယူကရိန်းက သြဂုတ် ၆ ရက်က…

ဒေါ်နယ်ထရန့်ကို စွဲချက်တင်ဖို့ အမေရိကန် အစိုးရရှေ့နေတွေ ထပ်မံ ကြိုးပမ်း

ဝါရှင်တန်၊ သြဂုတ် ၂၈ သမ္မတဟောင်းတွေမှာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ခံရတဲ့ အခြေအနေကနေ ကင်းလွတ်ခွင့်ရှိကြောင်း အမေရိကန် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် ဖက်ဒရယ် အစိုးရရှေ့နေတွေက ဒေါ်နယ်ထရန့်အနေနဲ့ သူ ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို တရားမဝင် ပြောင်းလဲဖို့ ကြိုးပမ်းမှုနဲ့ ပြန်လည် စွဲချက်တင်ရေး ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ အမေရိကန် အထူးကောင်စီ ဂျက်စမစ်နဲ့ အဖွဲ့က…

Dawei Watch သတင်းထောက် နှစ်ဦး ထောင်ဒဏ်တစ်သက်နဲ့နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

မြိတ်၊ ဩဂုတ် ၂၈ Dawei Watch သတင်းဌာနရဲ့ မြိတ်မြို့ အခြေစိုက် သတင်းထောက် နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သတင်းဌာနဘက်က သြဂုတ် ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သတင်းရေးသားမှု အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားတဲ့ Dawei Watch သတင်းထောက် ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ သတင်းထောက် ကိုအောင်ဆန်းဦးကို ထောင်ဒဏ်…

ရေးအခြေစိုက်တပ်က စစ်မှုထမ်း သင်တန်းဆင်း တပ်သားတစ်ဦး PDF ထံ အလင်းဝင်

ရေး၊ ဩဂုတ် ၂၈ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၅၈၇ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီရဲ့ စစ်မှုထမ်း သင်တန်းဆင်း တပ်သားတစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်အလင်းဝင်လာတယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။ အလင်းဝင်လာတဲ့ အသက် ၂၀ ကျော်အရွယ် ကိုဇိုးဟာ ပြီးခဲ့တဲ့ ဧပြီလက စစ်ကောင်စီတပ်နဲ့ လက်ဝေခံ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေနဲ့…

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မယ်လို့ နိုင်ငံတကာ ပဋိပက္ခ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြ

စင်ကာပူ ဩဂုတ် ၂၈ အသစ်ထွက်ရှိလာတဲ့ အစီရင်ခံစာတစ်ခုအရ မြန်မာစစ်တပ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ အနောက်ဘက်အကျဆုံး ရခိုင်ပြည်နယ်ကနေ နှင်ထုတ်ခံရတော့မယ့် အနေအထားကို ရောက်ရှိနေပြီလို့ ဖော်ပြထားပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတဝန်းက အရပ်သားတွေရဲ့အကျပ်အတည်းတွေ ပြန်ဖြစ်လာခဲ့ပြီးချိန်ကတည်းကဆိုရင် စစ်ရေးအရ အကြီးမားဆုံး ဆုံးရှုံးမှုလို့ သတ်မှတ်ရမှာဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။…

စစ်အာဏာသိမ်း (၁၃၀၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၇၀) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂၈ AAPP ရဲ့ သြဂုတ် ၂၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၀၄) ရက်အတွင်း ပြည်သူ (၅၅၇၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၅၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၆၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်က ရေကြီးနစ်မြုပ်ခဲ့တဲ့ စပါးတွေအတွက် စစ်ကောင်စီ လက်တွေ့ကူညီတာ မရှိဘူးလို့ တောင်သူတွေ ပြော

မော်လမြိုင်၊ ဩဂုတ် ၂၈ မွန်ပြည်နယ်မှာ ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စပါးတွေအတွက် မျိုးစပါး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ ကူညီရရှိမှု မရှိဘူးလို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခုနှစ်မိုးစပါးရာသီအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့တဲ့ မိုးစပါးစိုက်ဧကတွေအတွက် စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်ပြီး သြဂုတ် ၂၆ ရက်နေ့က မော်လမြိုင်မြို့ရှိ…

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအစီအစဉ် တော်လှန်ရေးအဖွဲ့တွေ ဘယ်လိုတုံ့ပြန်မလဲ

နေပြည်‌တော်၊ ဩဂုတ် ၂၈ တိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေ ဆက်တိုက်ကြုံနေရတဲ့ စစ်ကောင်စီဟာ နယ်မြေလုံခြုံရေးစနစ်တွေ တည်ဆောက်ဖို့ အသက် ၃၅ နှစ်အထက် အမျိုးသားတွေကို လုံခြုံရေးကင်းစောင့်ခိုင်းမယ့်အစီအစဉ် စတင်လာပါတယ်။ ဩဂုတ် ၁၆ ရက်နေ့မှာ စစ်ကောင်စီဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိပ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကနေ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်ကျေးရွာအုပ်စုအထိ အဖွဲ့ဝင်တွေ စု‌ဆောင်းနေတာပါ။ မွန်ပြည်တော်လှန်ရေးတပ်…

မောင်တောတိုက်ပွဲအတွင်း စစ်သုံ့ပန်းအများအပြား ဖမ်းမိထားတယ်လို့ AA ပြော

မောင်တော၊ သြဂုတ် ၂၈ ရခိုင်ပြည်နယ် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိထားပြီး ရန်သူအလောင်း ၁၀၀ ကျော်ကိုလည်း ကောင်းမွန်စွာ မြေမြှုပ်ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်ပါတယ်။ ရက္ခိုင့်တပ်တော် AA ဟာ မောင်တောမြို့သိမ်းတိုက်ပွဲအား ဆက်လက်ဆင်နွှဲလျက်ရှိပြီး မြို့အတွင်းမှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ သြဂုတ် ၂၄…

ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာမှာ ကျောင်းသားတွေ ကျောင်းပြန်တက်ဖို့ ဖိအားပေးခံနေရ

မကွေး ဩဂုတ် ၂၇ မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာရှိ စာသင်ကျောင်းမှာကျောင်းသားတွေကို ကျောင်းပြန်တက်ဖို့ ဆရာ၊ဆရာမတွေက အတင်းအကြပ် ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စာမေးပွဲအတွက် လေ့ကျင့်ဖို့စာတွေကို ကျောင်းတက်နိုင်တဲ့ကျောင်းသားတွေကို ပေးနေပြီဖြစ်ပြီး ကျောင်းမတက်နိုင်တဲ့ကျောင်းသားတွေကိုတော့ စာမေးပွဲဖြေခွင့်မပေးဘူးလို့ သိရပါတယ်။ “အခုကျောင်းမှာ စာမေးပွဲအတွက် စာတွေကိုပေးနေပြီ။ ကလေးတွေကကျောင်းမတက်ကြဘူး။ သူတို့နဲ့ နီးစပ်တဲ့သူတွေပဲ တက်ကြတာပေါ့။ကျောင်းမတက်ရင် စာမေးပွဲ​​မဖြေရဘူးလို့ ပြောတယ်”လို့ ကျောင်းသားမိဘတစ်ဦးက…