2024

မကွေးတိုင်းမှာ အကြောင်းမဲ့ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ရှေ့တန်းပို့နေ

မကွေး ဩဂုတ် ၂၉ မကွေးတိုင်းမှာ အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့လူငယ်တွေကို ရှေ့တန်းသို့ ချက်ခြင်းစေလွှတ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်မှုထမ်းဖို့အတွက် မဲပေါက်တာမျိုးမဟုတ်ဘဲ ဖုန်းနဲ့ မှတ်ပုံတင်စစ်ရာကနေ ဖမ်းဆီးခံရတဲ့လူငယ်တွေကို စစ်သင်တန်းမပေးဘဲ ချက်ခြင်း ရှေ့တန်းပို့တယ်လို့ သိရပါတယ်။ “လမ်းမှာဖုန်းစစ်တယ်။ မသင်္ကာတာတွေ့ရင် ဖမ်းတယ်။ သိန်းရာနဲ့ချီတောင်းတယ်။ မပေးနိုင်ရင် တန်းရှေ့တန်းလွှတ်တာ” လို့ မကွေးမြို့ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မကွေးမြို့ပေါ်ကနေ…

သမ္မတနှစ်ဦး တွေ့ဆုံဖို့ အမေရိကန်နဲ့ တရုတ် စီစဉ်

ဝါရှင်တန်၊ သြဂုတ် ၂၉ ဘေဂျင်းမြို့တော်မှာ အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံရဲ့သမ္မတတွေဖြစ်ကြတဲ့ ရှီကျင့်ဖျင်နဲ့ ဂျိုးဘိုင်ဒန်တို့ကြား လာမယ့် သီတင်းပတ်တွေမှာ ဖုန်းလိုင်းက တဆင့် ဆက်သွယ်တွေ့ဆုံရေး အစိုးရနှစ်ရပ်က စီစဉ်သွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က သြဂုတ် ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ တရုတ်ကို အမျိုးသားလုံခြုံရေး…

ထိုင်းလေတပ်က ဆွီဒင်နိုင်ငံထုတ် တိုက်လေယာဉ်အသစ်တွေ ဝယ်ယူမယ်

ဘန်ကောက်၊ သြဂုတ် ၃၀ ထိုင်းလေတပ်က သက်တမ်းရင့်နေပြီဖြစ်တဲ့ တိုက်လေယာဉ်တွေ နေရာမှာ အစားထိုးဖို့ ဆွီဒင်နိုင်ငံရှိ SAAB ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Gripen 39 တိုက်လေယာဉ်တွေ ဝယ်ယူလိုတယ်လို့ သြဂုတ် ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ ထိုင်းလေတပ်က ရွေးချယ်စရာ အားလုံးကို ၁၀ လကြာ ချိန်ထိုး စဉ်းစားခဲ့ပြီးနောက် စစ်တပ်ရဲ့ လိုအပ်ချက်၊ လေတပ်ရဲ့…

ကျောက်မဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

ကျောက်မဲ၊ ဩဂုတ် ၂၉ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက် ည ၁၁ နာရီခွဲအချိန်ခန့်မှာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ…

လောင်းလုံး ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး

လောင်းလုံး၊ ဩဂုတ် ၂၉ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် သောင်ကြာပြင်ကျေးရွာအနီးမှာ လမ်းကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဗထူးတပ်မတော်က ထုတ်ပြန်ပါတယ်။ သြဂုတ် ၂၈ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီရဲ့ အမှတ် ၁၀၄ ခြေလျင်တပ်ရင်း ကျောင်းကားအတွက် လမ်းကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို…

စစ်အာဏာသိမ်း (၁၃၀၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၇၇) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂၈ AAPP ရဲ့ သြဂုတ် ၂၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၀၅) ရက်အတွင်း ပြည်သူ (၅၅၇၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၆၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၆၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်ထွက် မတ်ပဲနဲ့ပဲပုပ် ဈေးတက်လာ

မော်လမြိုင်၊ ဩဂုတ် ၂၉ မွန်ပြည်နယ်က ထွက်ရှိနေတဲ့ မတ်ပဲနဲ့ ပဲပုပ်တွေဟာ ဈေးကွက်အတွင်း ဝယ်လိုအား မြင့်တက်လာတာကြောင့် ဆက်တိုက်ဆိုသလို ဈေးနှုန်းမြင့်တက်လာတယ်လို့ ပဲကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပဲဈေးကွက်အတွင်း မတ်ပဲတွေကို အိန္ဒိယနိုင်ငံက မှာယူတင်သွင်းမှု များနေသလို ပဲပုပ်တွေကိုတော့ ဒေသတွင်း မွေးမြူရေးအစာ ထုတ်လုပ်တဲ့စက်ရုံတွေက ဝယ်ယူမှုများနေတာကြောင့် ဈေးနှုန်း မြင့်တက်လာတာပါ။ မတ်ပဲဈေးနှုန်းဟာ သြဂုတ်လအတွင်း ပိဿာ…

စစ်ကိုင်းတိုင်းမှာ အခုနှစ်အတွင်း အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၅၀၀ နီးပါး သေဆုံး

စစ်ကိုင်း ၊ ဩဂုတ် ၂၉ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်အထိ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၄၉၉ ဦး သေဆုံးခဲ့ရပြီး ၄၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ သေဆုံးမှုရဲ့ ၉၅ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေ၊လက်နက်ကြီး၊ဒရုန်း၊မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပြီး…

ပုလောက စစ်ကောင်စီတပ်စခန်း နှစ်ခု တိုက်ခိုက်ခံရ

ပုလော၊ ဩဂုတ် ၂၉ တနင်္သာရီတိုင်း ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာ စခန်းနဲ့ ရှပ်ပုံကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။ မီးလောင်ချောင်းကျေးရွာ တပ်စခန်းနဲ့ ရှပ်ပုံကျေးရွာမှာ အင်အား ၆၀ ဝန်းကျင်နဲ့ လာရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဩဂုတ် ၂၇…

သံဖြူဇရပ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံး

သံဖြူဇရပ်၊ ဩဂုတ် ၂၉ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးကျေးရွာနဲ့ ဝဲတော်သင်္ချိုင်းအကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က သံဖြူဇရပ်မြို့နယ် ဝဲကလိတပ်ရင်းကနေ အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သတင်းအရ သွားရောက်စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့်…