2024

စစ်ကောင်စီ ဓာတုအဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်လာတယ်လို့ AA ပြော

မောင်တော၊ ဩဂုတ် ၃၀ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဓာတုအဆိပ်ငွေ့ဗုံးတွေကိုပါ အသုံးပြုတိုက်ခိုက်လာတယ်လို့ ရက္ခိုင့်တပ်တော် AA က ဩဂုတ် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မောင်တောမြို့ကို အလုံးစုံ သိမ်းပိုက်ရရှိရေးအတွက် AA ဟာ မြို့အတွင်းရှိ စစ်ကောင်စီရဲ့ ခုခံစစ် အဆင့်ဆင့်ကို တစ်ခုပြီးတစ်ခု ရှင်းလင်း တိုက်ခိုက်နေသလို စစ်ကောင်စီရဲ့…

အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ကိုးဦး သေဆုံး

ကြာအင်းဆိပ်ကြီး၊ ဩဂုတ် ၃၀ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြာအင်းဆိပ်ကြီးမြို့နယ် ခုနှစ်ဝါကျေးရွာအနီးမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်…

ပိုလီယို ကာကွယ်ဆေး ထိုးနှံချိန် စစ်ပွဲရပ်ထားဖို့ အစ္စရေး သဘောတူ

ဂျီနီဗာ၊ သြဂုတ် ၃၀ ကလေးငယ်တွေကို ပိုလီယို ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဂါဇာဒေသမှာ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ပေးဖို့ အစ္စရေးက သဘောတူထားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က ပြောပါတယ်။ ဂါဇာကမ်းမြောင် ဒေသတဝန်း ကလေးငယ် ၆၄၀၀၀၀ ကို ကာကွယ်ဆေး ထိုးပေးဖို့ ရည်ရွယ်ထားပြီး စက်တင်ဘာ ၁ ရက်မှာ…

ဂျပန်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် လူသန်းပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ဖို့ ညွှန်ကြား

တိုကျို၊ သြဂုတ် ၃၀ ဂျပန်နိုင်ငံမှာ သြဂုတ် ၃၀ ရက်နေ့က တိုင်ဖွန်းမုန်တိုင်း ရှန်ရှန် ဖြည်းဖြည်းချင်း ဝင်ရောက် တိုက်ခတ်ခဲ့ပြီး သေဆုံးသူ ၅ ဦး အထိ ရှိလာချိန်မှာ လူသန်းပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းထားပါတယ်။ အဲဒီ အင်အားပြင်း မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး သယ်ယူပို့ဆောင်ရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မုန်တိုင်းဟာ သြဂုတ်၂၉…

နောင်ချိုက စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်းပိုက်

နောင်ချို၊ ဩဂုတ် ၃၀ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဩဂုတ် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းနှစ်ခုဖြစ်တဲ့ အမတ ၄၀၆ နဲ့ အမတ ၂၀၆ တပ်စခန်းတွေကို TNLA က ပြီးခဲ့တဲ့ ဩဂုတ် ၂၈…

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးမှာ ပူးပေါင်းသူတွေကို အရေးယူမယ်လို့ မွန်ပြည်သစ် AD ပြော

မော်လမြိုင် ၊ ဩဂုတ် ၃၀ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးအစီအစဉ်အပေါ် ဆန့်ကျင်သွားဖို့နဲ့ ပူးပေါင်းလုပ်ဆောင်မှုအပေါ် ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ မွန်ပြည်သစ်ပါတီ AD က အသိပေးကြေညာလိုက်ပါတယ်။ အသက် ၃၅ နှစ်အထက် အရပ်သားအမျိုးသားတွေကို ကျေးရွာ၊ ရပ်ကွက် လုံခြုံရေးအတွက် စု‌ဆောင်းနေမှုအပေါ် မွန်ပြည်သစ်ပါတီ AD စစ်ရေးနိုင်ငံရေး ဦးဆောင်အဖွဲ့က ဩဂုတ် ၂၉ ရက်နေ့မှာ…

နိုင်ငံခြားငွေဈေး ပြန်ကျလာပေမယ့် ကုန်ဈေးနှုန်း မကျသေး

မော်လမြိုင် ၊ ဩဂုတ် ၃၀ စံချိန်တင်မြင့်တက်ခဲ့တဲ့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေဟာ အခုရက်ပိုင်းအတွင်း တရွေ့ရွေ့ ပြန်လည်ကျဆင်းလာပေမယ့် အခြေခံစားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းဈေးနှုန်းတွေကတော့ ပြန်လည်ကျဆင်းလာခြင်း မရှိသေးပါဘူး။ မြန်မာငွေတန်ဖိုး စံချိန်တင် ကျဆင်းမှုကြောင့် ပြည်တွင်း ဒေါ်လာဈေးဟာ သြဂုတ် ဒုတိယအပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့သလို ထိုင်းဘတ်ငွေဈေးကလည်း တစ်ဘတ်ကို ကျပ် ၂၀၀ ကျော်အထိ…

ကရင်ပြည်နယ် ကျုံဒိုးဒေသမှာ စစ်ကောင်စီ တပ်အင်အားတွေ တိုးချလာ

ကျုံဒိုး၊ သြဂုတ် ၃၀ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ဒေသအတွင်း စစ်ကောင်စီဘက်က တပ်အင်အားတွေ တိုးမြှင့်လာတဲ့အတွက် နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျုံဒိုးမြို့ ဒေသအတွင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က တပ်အင်အား တိုးမြှင့်လာတာ၊ ကျုံဒိုး – ကော့ကရိတ်မြို့ အာရှလမ်းပိုင်းနဲ့ ကျုံဒိုး – နဘူးလမ်းပိုင်းမှာလည်း လုံခြုံရေး တိုးမြှင့်ပြီး…

ရေးမှာ ဘုရားဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ရေး၊ ဩဂုတ် ၂၉ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးရှိ သုံးဆယ်တစ်ပလ္လင်ဘုရားဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘုရားဝင်းအတွင်း တပ်အင်အား ၂၀ ကျော်နဲ့ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို သြဂုတ် ၂၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက…

ပဒါန်း-အမ်း လမ်းပိုင်းပေါ်က တိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၁၅ ဦး ထိခိုက်သေဆုံး

မကွေး ဩဂုတ် ၂၉ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က ပဒါန်း – အမ်းလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၁၅ ဦး ထိခိုက်သေဆုံးတယ်လို့ PRA-Magway စစ်ဦးစီးချုပ် ကိုနောင်သူရိန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ်လ ၂၉ ရက် ဒီနေ့ နံနက်ပိုင်းက အဲဒီစစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာကို တာဝန်ယူထားရတဲ့ ကပစ-၁၄ က…