2024

တိုက်လေယာဉ် ပျက်ကျမှုကြောင့် ယူကရိန်းလေတပ် အကြီးအကဲ ထုတ်ပယ်ခံရ

ကိဗ်၊ သြဂုတ် ၃၁ ယူကရိန်းရဲ့ တန်ဖိုးထားရတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေထဲက တစ်စီး ပျက်ကျခဲ့မှုနဲ့ ပတ်သက်လို့ အချေအတင် ပြောဆိုမှုတွေ ရှိနေချိန်မှာ လေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး မိုင်ကိုလာ အိုလက်ရှူကို သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ထုတ်ပယ်လိုက်ပါတယ်။ ဒီလို ထုတ်ပယ်လိုက်တဲ့ အကြောင်းရင်းကို သမ္မတ ဇီလန်စကီးက ထုတ်မပြောပေမယ့် တယ်လီဂရမ်ပေါ်က ပို့စ်တစ်ခုမှာ စစ်သည်တွေ…

ရုရှားစစ်တပ်ထဲက အကျင့်ပျက်ခြစားသူတွေကို စစ်ဆေးပြီး ရုံးတင်မယ်လို့ ကရင်မလင်နန်းတော် ပြော

မော်စကို၊ သြဂုတ် ၃၁ ရုရှား ကာကွယ်ရေးအရာရှိတွေကို အကျင့်ပျက် ခြစားမှုနဲ့ စုံစမ်းစစ်ဆေးရာနေရာမှာ ပြင်းထန်တဲ့ စွဲချက်တွေ ပါဝင်ပြီး ရုံးတင် စစ်ဆေးမှုတွေဆီ ဦးတည်သွားလိမ့်မယ်လို့ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က သြဂုတ် ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ လက်ထောက် ကာကွယ်ရေး ဝန်ကြီးဟောင်း ပါဗဲလ် ပိုပေါ့ပ်ကို မော်စကိုရှိ စစ်ခုံရုံးတစ်ခုက…

တနင်္သာရီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ခုနှစ်ဦး သေဆုံး

တနင်္သာရီ၊ ဩဂုတ် ၃၁ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ၆ မိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် လေးရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၆ မိုင်ကျေးရွာဘက်ကို အင်အား ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့…

ကျိုက်မရောမှာ ဒရုန်းဗုံးကျလို့ ဒေသခံတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရ

ကျိုက်မရော၊ ဩဂုတ် ၃၁ မွန်ပြည်နယ် ကျိူက်မရောမြို့နယ် ကော့ပနော-ဝငဲ-ကော့ဝမ်းကျေးရွာသွားလမ်းဆုံကို စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ဆေးရေးလုပ်နေတဲ့ အဲဒီလမ်းဆုံဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသုံးလုံးချပြီး တိုက်ခိုက်ခဲ့တာပါ။…

ကန့်ဘလူက အရပ်သားသုံးဦးကို မသတ်ခဲ့ဘူးလို့ စစ်တပ် လိမ်လည်သတင်းမှားဖြန့်

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ပြည်သူလေးဦး ဖမ်းဆီးပြီး သုံးဦးကို သတ်ဖြတ်ခဲ့တာ မရှိဘူး”လို့ စစ်ကောင်စီတပ် သတင်းမှားဖြန့် ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံ၊မြန်မာ့အလင်းသတင်းစာအပါအဝင် စစ်တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့…

စစ်အာဏာသိမ်း (၁၃၀၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၈၆) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၃၀ AAPP ရဲ့ သြဂုတ် ၃၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၀၇) ရက်အတွင်း ပြည်သူ (၅၅၈၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၈၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၆၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

နိုင်ငံတဝန်း စစ်ရေးအရှိန်မြှင့်မယ်လို့ NUG ပြော

နေပြည်တော် ၊ ဩဂုတ် ၃၁ စစ်အုပ်စုဟာ နောက်ဆုံးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်လာမှာဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး နိုင်ငံရေးအရ ပြင်ဆင်ထားကြဖို့ လိုအပ်မယ်လို့ အမျိုးသားညီညွတ်‌ရေးအစိုးရ NUG ဝန်ကြီးချုပ်က ပြောပါတယ်။ ဩဂုတ် ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။…

မီတာခ နှစ်ဆကျော် တိုးကောက်မယ်လို့ စစ်ကောင်စီ ကြေညာ

မော်လမြိုင် ၊ ဩဂုတ် ၃၁ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူတွေ ကျပ်တည်းနေချိန်မှာ လျှပ်စစ်မီတာခတွေကို နှစ်ဆကျော် တိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သြဂုတ် ၃၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။ အိမ်သုံးမီတာခအဖြစ် ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ကျပ် ၅၀ ၊ ယူနစ် ၅၀ ကနေ ၁၀၀ ယူနစ်အထိ…

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀၀ ကျော် အရေးယူခံရမယ်

မဲဆောက်၊ သြဂုတ် ၃၁ ထိုင်းနိုင်ငံထဲမှာ တရားမဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမား ဖမ်းဆီးရေး စီမံချက်အရ နှစ်လကျော်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားပေါင်း နှစ်သိန်းကျော် စစ်ဆေးခဲ့ရာ အဲဒီထဲက မြန်မာအလုပ်သမားဦးရေ ၉၀၀ ကျော်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ထိုင်း အလုပ်သမားဝန်ကြီးအဖွဲ့ရဲ့ တရားမဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမား ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်ကို…

ထားဝယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးကျော် သေဆုံးပြီး တပ်ကြပ်ကြီး တစ်ဦး အရှင်ဖမ်းမိ

ထားဝယ်၊ ဩဂုတ် ၃၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကျောက်ဆိပ်ကုန်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးကျော် သေဆုံးခဲ့သလို တပ်ကြပ်ကြီးတစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ တပ်အင်အား ၈၀ ဝန်းကျင်နဲ့ မောင်မယ်ရှောင်ကျေးရွာကနေ ကျောက်ဆိပ်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဩဂုတ်၂၈ ရက် မနက် ၉…