2024

သထုံမှာ ခရီးသည်တင်ယာဉ်မိုင်းဆွဲခံရလို့ နှစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ

သထုံ၊ စက်တင်ဘာ ၃ မွန်ပြည်နယ် သထုံမြို့နယ် ကမာစိုင်ကျေးရွာ မော်လမြိုင် – ရန်ကုန်ကားလမ်းပေါ်မှာ ခရီးသည်တင်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ကရင်ပြည်နယ် မြဝတီကနေ ပဲခူးမြို့သို့ မောင်းနှင်လာတဲ့ အန်စာတုံးခရီးသည်တင်ယာဉ်တစ်စီးဟာ ကမာစိုင်ကျေးရွာအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ မိုင်းဆွဲခံရတာကြောင့်…

အနောက်အုပ်စုကြောင့် နျူလက်နက် အသုံးပြုမှု သတ်မှတ်ချက် ပြောင်းလဲမယ်လို့ ရုရှား ပြော

မော်စကို၊ စက်တင်ဘာ ၂ ယူကရိန်းစစ်ပွဲကို အနောက်တိုင်းက အရှိန်မြင့် တက်လာအောင် လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ မိမိတို့ရဲ့ နျူကလီးယားလက်နက်အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်ကို ပြောင်းလဲသွားမယ်လို့ ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ အာရ်ယက်ကော့ဗ်ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနက စက်တင်ဘာ ၁ ရက်မှာ ဖော်ပြပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ သမ္မတ ဗလာဒီမာ ပူတင် ထုတ်ပြန်ထားတဲ့…

ထိုင်းရောက် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော် နေရပ်ပြန်ပို့ခံရ

ဘန်ကောက်၊ စက်တင်ဘာ ၂ ပြီးခဲ့တဲ့ သုံးလအတွင်း မြန်မာနိုင်ငံသား တစ်သိန်းလေးသောင်းကျော်ကို ဖမ်းဆီးပြီး မိခင်နိုင်ငံဆီ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ ပြန်ပို့ခံလိုက်ရတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပရမ်းပတာ အခြေအနေတွေကို အသုံးချပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ရဖို့ ကြိုးပမ်းသူတွေ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောဆိုထားပါတယ်။ ထိုင်းအရာရှိတွေက ပြီးခဲ့တဲ့ ဇွန်လကစပြီး…

ရွှေကျင်က စစ်ကောင်စီရှေ့တန်းစခန်းကို KNLA/PDF သိမ်းပိုက်

ရွှေကျင်၊ စက်တင်ဘာ ၂ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကုန်းမြင့်သာယာ ရှေ့တန်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ကုန်းမြင့်သာယာ ရှေ့တန်းစစ်စခန်းကို ပူးပေါင်းတပ်တွေက သြဂုတ် ၃၁ ရက်နေ့ မနက်ပိုင်းကစပြီး ထိုးစစ်ဆင်ရာ တိုက်ခိုက်ခဲ့ရာ နေ့လယ် ၁၁…

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ လုံးဝ မပတ်သက်ဖို့ မွန်တော်လှန်‌ရေးသုံးဖွဲ့ သတိပေး

မော်လမြိုင် ၊ စက်တင်ဘာ ၂ မကြာသေးခင်က စစ်ကောင်စီ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ထဲ ပြည်သူတွေအနေနဲ့ လုံးဝမပါဝင် မပတ်သက်ဖို့ မွန်တော်လှန်ရေးသုံးဖွဲ့က သတိပေးတားမြစ်ချက် ပူးတွဲကြေညာပါတယ်။ မွန်တော်လှန်ရေးသုံးဖွဲ့ဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန MSFC- DoD ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့က စက်တင်ဘာ ၂ ရက်နေ့မှာ…

မော်လမြိုင်မြို့မှာ CDM ဆရာ၊ ဆရာမတွေ စာသင်ကြားခြင်း ရှိ မရှိ စစ်ကောင်စီ လိုက်လံ စစ်ဆေးနေ

မော်လမြိုင် ၊ စက်တင်ဘာ ၁ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ဆောင်ထားတဲ့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေ စာသင်ကြားခြင်း ရှိ၊ မရှိ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက လိုက်လံ စစ်ဆေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ စစ်ကောင်စီ လက်အောက်ခံတွေက CDM လုပ်ဆောင်ထားတဲ့ ဆရာ၊…

ပြည်သူ့လုံခြုံရေးမှာ နယ်မြေခံ ရပ်မိရပ်ဖတွေ ပူးပေါင်းပါဝင်ရမယ်လို့ စစ်ခေါင်းဆောင်ပြော

ပဲခူး ၊ စက်တင်ဘာ ၁ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး ပြည်သူ့လုံခြုံရေးမှာ နယ်မြေခံ ရပ်မိ၊ရပ်ဖတွေ ရဲတပ်ဖွဲ့ဝင်တွေ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။ ဩဂုတ် ၃၀ ရက်နေ့က ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့ အကောင်အထည်ဖော်နေတဲ့ ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။ အဆင့်ဆင့်သတင်းပေးတဲ့ စနစ်ကို ဖော်ဆောင်ပြီး ဒေသကောင်းကျိုးဆောင်ရွက်မယ့်သူတွေ ရဲတပ်ဖွဲ့ဝင်တွေ…

ကော့ကရိတ်မြောက်ပိုင်းမှာ KNLA တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတပ်တို့ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွား

ဘားအံ စက်တင်ဘာ ၁ ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းက မြပတိုင်ကျေးရွာအတွင်း KNLA တော်လှန်ရေး အင်အားစုအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ၃ ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့အကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ KNU တပ်မဟာ ၇ နယ်မြေ…

သံဖြူဇရပ်မှာ တိုက်မိုင်းထိလို့ အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရ

သံဖြူဇရပ်၊ စက်တင်ဘာ ၁ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာမှာ ခင်ပွန်းဖြစ်သူနဲ့အတူ မိသားစုဝမ်းရေးအတွက် ဝဥသွားတူးတဲ့ အမျိုးသမီးတစ်ဦး တိုက်မိုင်းထိတာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ရဲတံခွန်ကျေးရွာနေ အသက် ၃၂ နှစ်အရွယ် ဒေါ်ငယ်ငယ်ထွေးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ကျေးရွာအနီးက ရော်ဘာတောထဲမှာ ဝဥတူးပြီးအပြန်…

ပုလောက ရှပ်ပုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်းသေဆုံး

ပုလော၊ ဩဂုတ် ၃၁ တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံခဲ့ရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ အင်အား…