2024

ပူတင်ကို ဖမ်းဆီးဖို့ မွန်ဂိုလီးယားကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

ယူလန်ဘာတာ၊ စက်တင်ဘာ ၄ မွန်ဂိုလီးယားအနေနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပြည်ဝင်ခွင့် ပိတ်ရင်ပိတ် မပိတ်ရင် ဖမ်းဆီးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းကြောင်း အဲဒီအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းရဲ့ တရားရေးဌာန အကြီးတန်းအရာရှိ မာရီယာ အီလန်နာ ဗီဂနိုလီက စက်တင်ဘာ ၂ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့…

သံဖြူဇရပ်မှာ နှစ်ပတ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားငါးဦးဒဏ်ရာရ

သံဖြူဇရပ်၊ စက်တင်ဘာ ၃ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ထဲမှာ နှစ်ပတ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ နှစ်ပတ်အတွင်း သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာနဲ့ အောင်သာယာကျေးရွာတို့မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူတွေ ထိ ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မြေမြှုပ်မိုင်းကြောင့် ရဲတံခွန်ကျေးရွာက ဒေသခံအမျိုးသားသုံးဦး၊…

လမိုင်းမြို့က ယုဇနစိန်ရွှေရတနာဆိုင် သေနတ်ပြလုယက်ခံရ

ရေး၊ စက်တင်ဘာ ၃ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ ရှင်စောပုဈေးရှိ ယုဇနအာမခံစိန်ရွှေရတနာဆိုင်မှာ အမျိုးသားနှစ်ဦးက သေနတ်ပြလုယက်သွားတယ်လို့ ရွှေဆိုင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ် ။ ဒီနေ့ စက်တင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရွှေရောင်းချဖို့ ရွှေဆိုင်ခင်းနေစဉ် သေနတ်ပြပြီး နားကပ်ထည့်ထားတဲ့ပုံးကို လုယူထွက်ပြေးသွားတာပါ။ လုယူထွက်ပြေးသွားတဲ့ သေနတ်သမားတွေကို ဈေးသူဈေးသားတွေက ဖမ်းဆီးဖို့ကြိုးပမ်းစဉ်…

သီပေါမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး

သီပေါ၊ စက်တင်ဘာ ၃ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မ တော် TNLA က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကျည်ဟာ ညောင်ကိုးပင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက်…

အာဏာသိမ်းကာလအတွင်း အမျိုးသမီးတစ်ထောင်ကျော် သတ်ဖြတ်ခံထားရ

မော်လမြိုင် ၊ စက်တင်ဘာ ၃ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ်သြဂုတ်လကုန်အထိ သုံးနှစ်ကျော်ကာလအတွင်း စစ်အုပ်စုသတ်ဖြတ်ခဲ့တဲ့ အမျိုးသမီး ၁၁၀၀ ကျော်ကို အမည်နဲ့တကွ မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ AAPP ရဲ့ “နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုး သ မီးများ”ဆိုတဲ့ အစီရင်ခံစာအရ…

သန်းခေါင်စာရင်းမေးခွန်းတိုင်းကို အမှန်အတိုင်းဖြေကြားဖို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ စက်တင်ဘာ ၃ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် အိမ်တိုင်ရာရောက်မေးမြန်းမယ့် မေးခွန်းတိုင်းအပေါ်မှာ သံသယစိတ်၊ စိုးရိမ်ကြောင့်ကြစိတ်တွေကင်းစွာနဲ့ အမှန်အတိုင်းဖြေကြားဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း အထိမ်းအမှတ် စက် တင်ဘာ ၁ ရက်နေ့ ပြည်သူသို့ပြောကြားတဲ့မိန့်ခွန်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင် လှိုင်က ပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်က…

လောင်းလုံးမှာ စစ်ကြောင်းဝင်နေလို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ

လောင်းလုံး၊ စက်တင်ဘာ ၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ်အင်အားအလုံးအ ရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူလူထု ၅၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတွေထံ သိရပါတယ်။ တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ သြဂုတ်လနောက်ဆုံးအပတ်ကစပြီး ကျေးရွာပေါင်းရှစ်ရွာရှိတဲ့ စခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးဝင်ရောက်တာပါ။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် စခန်းကြီး၊ ဖွားဘုတ်ပြင်၊ ခမောင်းတောင်၊ ထိန်တွင်းကျေးရွာအပါအဝင်…

သထုံမှာ ခရီးသည်တင်ယာဉ်မိုင်းဆွဲခံရလို့ နှစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ

သထုံ၊ စက်တင်ဘာ ၃ မွန်ပြည်နယ် သထုံမြို့နယ် ကမာစိုင်ကျေးရွာ မော်လမြိုင် – ရန်ကုန်ကားလမ်းပေါ်မှာ ခရီးသည်တင်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ကရင်ပြည်နယ် မြဝတီကနေ ပဲခူးမြို့သို့ မောင်းနှင်လာတဲ့ အန်စာတုံးခရီးသည်တင်ယာဉ်တစ်စီးဟာ ကမာစိုင်ကျေးရွာအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ မိုင်းဆွဲခံရတာကြောင့်…

အနောက်အုပ်စုကြောင့် နျူလက်နက် အသုံးပြုမှု သတ်မှတ်ချက် ပြောင်းလဲမယ်လို့ ရုရှား ပြော

မော်စကို၊ စက်တင်ဘာ ၂ ယူကရိန်းစစ်ပွဲကို အနောက်တိုင်းက အရှိန်မြင့် တက်လာအောင် လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ မိမိတို့ရဲ့ နျူကလီးယားလက်နက်အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်ကို ပြောင်းလဲသွားမယ်လို့ ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ အာရ်ယက်ကော့ဗ်ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနက စက်တင်ဘာ ၁ ရက်မှာ ဖော်ပြပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ သမ္မတ ဗလာဒီမာ ပူတင် ထုတ်ပြန်ထားတဲ့…

ထိုင်းရောက် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော် နေရပ်ပြန်ပို့ခံရ

ဘန်ကောက်၊ စက်တင်ဘာ ၂ ပြီးခဲ့တဲ့ သုံးလအတွင်း မြန်မာနိုင်ငံသား တစ်သိန်းလေးသောင်းကျော်ကို ဖမ်းဆီးပြီး မိခင်နိုင်ငံဆီ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ ပြန်ပို့ခံလိုက်ရတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပရမ်းပတာ အခြေအနေတွေကို အသုံးချပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ရဖို့ ကြိုးပမ်းသူတွေ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောဆိုထားပါတယ်။ ထိုင်းအရာရှိတွေက ပြီးခဲ့တဲ့ ဇွန်လကစပြီး…