2024

ငဖဲမြို့နယ် က.ပ.စ ၁၄ က ဗိုလ်ကြီးသေဆုံးပြီးနောက် ရဲနဲ့ စစ်သားတွေကြား ယုံကြည်မှု ပြိုကွဲနေ

မကွေး စက်တင်ဘာ ၆ မကွေးတိုင်း ငဖဲမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ က.ပ.စ ၁၄ က ဗိုလ်ကြီး သေဆုံးပြီးနောက် ရဲနဲ့စစ်သားတွေကြားမှာ ယုံကြည်မှုပြိုကွဲနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ က.ပ.စ ၁၄ က ဗိုလ်ကြီးမျိုးကျော်သူဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့က ပဒါန်း-အမ်း ကားလမ်းပေါ်မှာ PRA-Magway ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာပါ။…

ကျိုက်ထိုမှာ မျောက်ကျောက်ရောဂါ သံသယလူနာ တစ်ဦး တွေ့ရှိ

ကျိုက်ထို၊ စက်တင်ဘာ ၆ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်းစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၅ ရက်နေ့က မျောက်ကျောက်ရောဂါ သံသယလူနာ တစ်ဦး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အဲဒီနေ့က ရွှေမြန်မာခရီးသည်တင်ယာဉ်အား စစ်ဆေးနေစဉ် ကားပေါ်ပါလာတဲ့ ပဲခူးတိုင်း ပြည်မြို့နယ်နေ အမျိုးသားတစ်ဦးမှာ မျောက်ကျောက်ရောဂါဖြစ်နိုင်ဖွယ် သံသယလက္ခဏာတွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် မျောက်ကျောက်ရောဂါ သံသယလူနာကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့…

နမ့်ခမ်းမြို့ ဗုံးကြဲခံရလို့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၁၁ ဦး သေဆုံး

နမ့်ခမ်း၊ စက်တင်ဘာ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ် အပါအဝင် ဒေသခံ ၁၁ ဦးသေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ စက်တင်ဘာ ၆ ရက် မနက် ၁ နာရီခွဲအချိန်ခန့်မှာ နမ့်ခမ်းမြို့ရှိ အရပ်သားပြည်သူတွေကို ဦးတည်ကာ စစ်ကောင်စီက…

စစ်အာဏာသိမ်း (၁၃၁၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၀၂) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၆ AAPP ရဲ့ စက်တင်ဘာ ၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၁၃) ရက်အတွင်း ပြည်သူ (၅၆၀၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၁၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ကောင်စီရဲ့ လုံခြုံရေးစနစ်ကြောင့် ပြည်သူတွေ ဘေးကျပ် နံကျပ်ဖြစ်နေ

ရေး ၊ စက်တင်ဘာ ၆ စိုးမိုးနယ်မြေတွေ လျော့ကျလာနေတဲ့ စစ်ကောင်စီဟာ ရပ်ကွက်ကျေးရွာအထိ ပြည်သူပါတဲ့ လုံခြုံ ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတာကြောင့် အရပ်သားပြည်သူတွေဟာ ဘေး ကျပ်နံကျပ်အနေအထား ဖြစ်နေပါတယ်။ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နိုင်ငံကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိဖို့ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်လာနေတာပါ။ ဒါကြောင့် အသက်…

ရေးမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ဒဏ်ရာရ

ရေး၊ စက်တင်ဘာ ၆ မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်လမ်းဝ ရာမညစက်သုံးဆီဆိုင်အနီးမှာ စစ်ကောင်စီတပ် လက် နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ရာမညစက်သုံးဆီဆိုင်အနီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ လုံခြုံရေးစစ်ဆေးနေစဉ် မော့ကနင်အခြေစိုက် စစ်ကောင်စီရဲ့အမှတ် ၃၁၇ အမြောက်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီး…

တနင်္သာရီမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး

တနင်္သာရီ၊ စက်တင်ဘာ ၆ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ တနင်္သာရီမြို့အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ငါးလုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ရာကနေ လယ်တောင်ယာကျေးရွာထဲ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်…

လေးကေကော်မြို့အနီးက စစ်ကောင်စီအမြောက်ကုန်းကို KNLA ပူးပေါင်းအဖွဲ့ ပိတ်ဆို့တိုက်ခိုက်နေ

လေးကေကော်၊ စက်တင်ဘာ ၆ ကရင်ပြည်နယ် လေးကေကော်မြို့အနီးရှိ စစ်ကောင်စီရဲ့ စွယ်တော်ကုန်း(အမြောက်ကုန်း)ကို KNLA တော်လှန်ရေး အင်အားစုမဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ KNU တပ်မဟာ ၆ နယ်မြေ ကရင်ပြည်နယ် မြဝတီခရိုင် လေးကေကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း(အမြောက်ကုန်း)ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန် ရေး…

သတ်မှတ်ထားတဲ့ အနီရောင်စည်းကို မလှောင်ပြောင်ဖို့ အမေရိကန်ကို ရုရှား သတိပေး

မော်စကို၊ စက်တင်ဘာ ၅ ယူကရိန်းသို့ အမေရိကန်က တာဝေးပစ် ဒုံးကျည်တွေ ပေးပို့နိုင်ခြေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့က အမေရိကန်အနေနဲ့ ရုရှားဘက်က သတ်မှတ်ထားတဲ့ အနီရောင်စည်းတွေကို မလှောင်ပြောင်ဖို့ စက်တင်ဘာ ၄ ရက်မှာ သတိပေးလိုက်ပါတယ်။ စစ်အေးစစ်ပွဲ နောက်ပိုင်း မော်စကိုနဲ့ ဝါရှင်တန်တို့ကြား လုံခြုံရေး ဟန်ချက် ညီမျှမှုကို…

ထိုင်းအစိုးရအပေါ် သက်ဆင် ထိန်းချုပ်မှု ရှိ မရှိ စစ်ဆေးပေးဖို့ တောင်းဆို

ဘန်ကောက်၊ စက်တင်ဘာ ၅ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာကို သူ့ရဲ့ ဖခင် သက်ဆင် ရှင်နာဝါထရာက ထိန်းချုပ် ခြယ်လှယ်နေမှုနဲ့ ကုမ္ပဏီပေါင်း ၂၀ ရဲ့ ညွှန်ကြားရေးမှူးအဖြစ်ကနေ သူ့ရဲ့ နုတ်ထွက်မှု တရားဝင် မဝင် စစ်ဆေးပေးဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရူအန်ခရိုင် လီကစ်ဝတ်တာနာက ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုလိုက်ပါတယ်။ အဲဒီကုမ္ပဏီပေါင်း ၂၀…