ကြာအင်းဆိပ်ကြီးမှာ ဗုံးကြဲခံရလို့ ကလေးအပါအဝင် အရပ်သား နှစ်ဦး ဒဏ်ရာရ
ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၉ တိုက်ပွဲမရှိဘဲ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်ကျေးရွာထဲ စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကနေ သိရပါတယ်။ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ဝင်းရေးမြို့နယ် ကျုံခဝန်ကျေးရွာထဲကို စက်တင်ဘာ ၉ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ…