2024

ရခိုင်ပြည်နယ်မှာ ကျန်ရှိတဲ့မြို့ ရှစ်မြို့ သိမ်းပိုက်ရေး AA ဆက်လက်ထိုးစစ်ဆင်နေ

မောင်တော၊ စက်တင်ဘာ ၁၄ ရခိုင်ပြည်နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ မောင်တောမြို့အပါအဝင် မြို့ ရှစ်မြို့ကို အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ဆင်တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေတယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။ ရခိုင်ဒေသမှာစတင်ခဲ့တဲ့ စစ်ဆင်ရေးဆယ်လအတွင်း ရက္ခိုင့်တပ်တော် AA ဟာ ချင်းပြည်နယ်က ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။ အဲဒီမြို့သိမ်းတိုက်ပွဲတွေမှာ AA…

နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲပြန်

နောင်ချို၊ စက်တင်ဘာ ၁၄ တအာင်းတပ်မတော် TNLA သိမ်းပိုက်အုပ်ချုပ်နေတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံး ၁၃ လုံး ထပ်မံကြဲချသွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၃ ရက်နေ့ နေ့လည် ၁၂ ခွဲနာရီအချိန်ကနေ နေ့လည် ၁ နာရီခွဲအချိန်အထိ နောင်ချိုမြို့ကို ထပ်ခါထပ်ခါ လာရောက်ဗုံးကြဲသွားတာ…

နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်ရေး လမ်းသစ်တစ်ခုကြိုးပမ်းဖို့ အပစ်ရပ် ၇ ဖွဲ့ ဆုံးဖြတ်

မော်လမြိုင် ၊ စက်တင်ဘာ ၁၄ ရှေ့ဆက်သွားမယ့် အခင်းအကျင်းမှာ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာဖို့ လမ်းသစ်တစ်ခုကို ရှာ ဖွေကာ စမ်းသပ်ကြိုးပမ်းဖို့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့က ဆုံးဖြတ်ထားတယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းဝေးကို ဒုတိယကြိမ်အဖြစ် စက်တင်ဘာ…

သံဖြူဇရပ်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားခုနှစ်ဦးဒဏ်ရာရ

သံဖြူဇရပ်၊ စက်တင်ဘာ ၁၄ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ သုံးပတ်ကျော်ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ သံဖြူဇရပ်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ကနေ စက်တင်ဘာ ၁၂ ရက်နေ့အထိ သုံးပတ်ကျော်ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားငါးဦး စုစုပေါင်း ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ အဲဒီထဲမှာ စက်တင်ဘာ…

လောင်းလုံး ရက်ရှည်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းသေဆုံး

လောင်းလုံး၊ စက်တင်ဘာ ၁၄ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် လေးရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ကျောက်ဆင်ကျေးရွာအုပ်စုထဲက သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီးနဲ့ ကျောက်ဆင်စတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးလာပြီး ရက်ရှည်တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို လောင်လုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၇…

သုံးနှစ်အတွင်း ကျိုက်ထို KRF တပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံး

ကျိုက်ထို၊ စက်တင်ဘာ ၁၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF စတင်တည်ထောင်တဲ့ သုံးနှစ်အတွင်း ရဲဘော် ၁၃ ဦး ကျဆုံးခဲ့တယ်လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ဟာ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တဲ့ စစ်ကောင်စီတပ် တော်လှန်ဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ…

ဘားအံ၊ လှိုင်းဘွဲ့နဲ့ ကမမောင်းမြို့တို့မှာ ဆိုးဆိုးဝါးဝါး ရေကြီးလာပြန်

ဘားအံ၊ စက်တင်ဘာ ၁၃ သံလွင်မြစ်ရေကြီးမှုကြောင့် ကရင်ပြည်နယ် ဘားအံ၊ ရွှေဂွန်း(လှိုင်းဘွဲ့)၊ ကမမောင်းမြို့အပါအဝင် မြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းအချိန်ကစပြီး သံလွင်မြစ်ရေ တဟုန်ထိုးမြင့်တက်လာနေတဲ့အတွက် ဘားအံမြို့နဲ့ ကမမောင်းမြို့တို့မှာ တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တတိယအကြိမ်မြောက် သံလွင်မြစ်ရေ ထပ်မံကြီးမြင့်လာမှုကြောင့်…

ကာမယ်လာ ဟားရစ်နဲ့ နောက်ထပ် စကားစစ်ထိုးတော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရန့် ပြော

ဝါရှင်တန်၊ စက်တင်ဘာ ၁၃ ဒေါ်နယ် ထရန့်က သူ့ရဲ့ ပြိုင်ဖက် ကာမယ်လာ ဟားရစ်နဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် နောက်ထပ် တစ်ကြိမ် စကားစစ်ထိုးတော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ သမ္မတလောင်းနှစ်ဦး ဖီလာဒေးဖီးယားမြို့မှာ ပထမဆုံး စကားစစ်ထိုးပွဲ ကျင်းပခဲ့ပြီးနောက် နှစ်ရက်အကြာ စက်တင်ဘာ ၁၂ ရက်မှာ ရီပါဘလစ်ကန် သမ္မတလောင်း ထရန့်က အခုလိုမျိုး…

ရုရှားနိုင်ငံအတွင်းပိုင်းအထိ ယူကရိန်းကို တိုက်ခိုက်ခွင့် ပြုခဲ့မယ်ဆိုရင် အနောက်တိုင်းနဲ့ တိုက်ရိုက် စစ်ဖြစ်လာလိမ့်မယ်လို့ ပူတင် ခြိမ်းခြောက်

မော်စကို၊ စက်တင်ဘာ ၁၃ အနောက်တိုင်းက ထုတ်လုပ်ထားတဲ့ တာဝေးပစ် လက်နက်တွေ အသုံးပြုပြီး ရုရှားနိုင်ငံထဲကို အတွင်းပိုင်းအထိ တိုက်ခိုက်ဖို့ ခွင့်ပြုခဲ့မယ်ဆိုရင် အနောက်တိုင်းအနေနဲ့ ရုရှားနဲ့ တိုက်ရိုက် တိုက်ခိုက်ရလိမ့်မယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၁၂ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။ အနောက်တိုင်းရဲ့ တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုပြီး ရုရှားနိုင်ငံထဲကို မတိုက်ခိုက်ရဘူးဆိုတဲ့…

စစ်အာဏာသိမ်း (၁၃၂၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၅၄) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၃ AAPP ရဲ့ စက်တင်ဘာ ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၂၀) ရက်အတွင်း ပြည်သူ (၅၆၅၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၆၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…