မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ စပါးဖျက်ပိုး ဆိုးဆိုးရွားရွားကျရောက်နေ
မော်လမြိုင် ၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုမှာ ပြီးခဲ့တဲ့ သြဂုတ်နောက်ဆုံးအပတ်ကစပြီး မိုးစပါးစိုက်လယ်တွေမှာ စပါးဖျက်ပိုးတွေ ဆိုးဆိုးရွားရွား ကျရောက်နေတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသတွင်းက မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ ပေါင်နဲ့ မုဒုံမြို့နယ်တွေမှာ စပါးဖျက်ပိုး ဆိုးဆိုးရွားရွား ကျရောက်နေပြီး ကျန်တဲ့မြို့နယ်တွေမှာလည်း စပါးဖျက်ပိုးဝင်ရောက်မှုတွေ ရှိနေတာပါ။ လက်ရှိကျရောက်တဲ့ စပါးဖျက်ပိုးတွေဟာ ဖြုတ်ညိုအမျိုးအစားနဲ့…