2024

သန်းခေါင်စာရင်းကောက်ဖို့ ရေဘေးသင့်သူတွေ နေရပ်အမြန်ပြန်ရေး စစ်ခေါင်းဆောင်ဖိအားပေး

နေပြည်တော် ၊ စက်တင်ဘာ ၁၉ လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့် ရေဘေးသင့်ပြည်သူတွေ သူတို့ရဲ့ နေရပ်အမြန်ပြန်ရောက်ရေး အာဏာသိမ်း စစ်ခေါင်းဆောင်က ဖိအားပေးလာပါတယ်။ နိုင်ငံတဝန်းဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် စက်တင်ဘာ ၁၇ ရက်နေ့မှာခေါ်ယူခဲ့တဲ့ စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့တာပါ။ သန်းခေါင်စာရင်းကောက်ယူမယ့် ရက်မတိုင်မီ ရေကြီးရေလျှံမှုကြောင့်…

အာဏာသိမ်းမှုအတွင်း ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ ၂၀၀၀ နီးပါးရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၉ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် အကျဉ်းထောင်တွေထဲမှာ လူပေါင်း ၂၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး UNHRC က ထုတ်ပြန်ပါတယ်။ UNHRC ရဲ့ စက်တင်ဘာ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ ကလေး ၈၈ ဦးနဲ့ အမျိုးသမီး…

ကြာအင်းဆိပ်ကြီးမှာ လက်နက်ကြီးနဲ့လေကြောင်းရန် ကြို တင်ပြင်ဆင်ထားဖို့ သတိပေး

ကြာအင်းဆပ်ကြီး၊ စက်တင်ဘာ ၁၉ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လက် နက်ကြီး၊ လေကြောင်းရန်အတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သတိပေးပြောဆိုလိုက်ပါတယ်။ KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်း အနန်းကွင်းကျေးရွာအနီးက ဖားပြကျေးရွာထဲကို စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ၁၅၅…

သံဖြူဇရပ်မှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ငါးဦးသေဆုံး

သံဖြူဇရပ်၊ စက်တင်ဘာ ၁၉ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ကနေတဆင့် အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီ စစ် ကြောင်း တစ်ရက်တည်းသုံးကြိမ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ငါးဦးသေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၁၇ ရက်နေ့က အတွင်းစခန်းကြီးနဲ့ ရဲတံခွန်ကျေးရွာတို့မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက သုံးကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီ…

ပွင့်ဖြူမြို့နယ်မှာ တပ်ပြေးနဲ့ ရဲပြေးတွေ များလာ

မကွေး စက်တင်ဘာ ၁၈ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီလက်အောက် တာဝန်ထမ်းခဲ့တဲ့ တပ်ပြေးနဲ့ရဲပြေးတွေ များလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အခုလိုမျိုး တပ်ပြေးနဲ့ရဲပြေးတွေ များလာတာဖြစ်တယ်လို့ သိရပါတယ်။ “အဓိကကတော့ သူတို့ဘက်က အထိနာတယ်။ ဒီဘက်က ပြေးတဲ့ရဲတွေကလည်း လူငယ်တွေ များတယ်။ တိုက်ပွဲမှာ…

ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို ထောက်ခံတဲ့ မီဒီယာသမားတွေ ဖမ်းဆီးခံရ

ဒါကာ၊ စက်တင်ဘာ ၁၈ ပြီးခဲ့တဲ့လမှာ အာဏာရှင် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာကို ပြုတ်ကျစေခဲ့တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် တိုက်ခိုက်ရာမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရသူ စာနယ်ဇင်းသမား နှစ်ဦးနဲ့ စာရေးဆရာ တစ်ဦးကို ဘင်္ဂလားဒေ့ချ် ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်မှာ ရမ္မာန်နဲ့ ဖမ်းဆီးလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ အစိုးရနဲ့ သူ့ရဲ့ အဝါမီလိဂ်…

အချိန်မရွေး နျူကလီးယား စမ်းသပ်မှု ပြန်လည် စတင်ဖို့ အသင့်ရှိနေပြီလို့ ရုရှား ပြော

မော်စကို၊ စက်တင်ဘာ ၁၈ ကရင်မလင်နန်းတော်ကနေ အမိန့်ပေးလာပါက အချိန်မရွေး နျူကလီးယား စမ်းသပ်မှုတွေကို ပြန်လည် စတင်ဖို့ အသင့်ရှိနေပြီလို့ ရုရှားရဲ့ လျှို့ဝှက်နျူကလီးယား စမ်းသပ်ရေး လုပ်ငန်းခွင် အကြီးအကဲက စက်တင်ဘာ ၁၇ ရက်က ပြောကြားလိုက်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင် တစ်နှစ်အလို ၁၉၉၀ ပြည့်နှစ်မှာကတည်းက မော်စကိုအစိုးရဟာ နျူကလီယား လက်နက် စမ်းသပ်မှုတွေ မလုပ်ဆောင်တော့ပေမယ့်…

အပစ်ရပ်ထိုး EAO မဟာမိတ် ၇ ဖွဲ့ရဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ။

“လာမယ့် အနာဂတ် အခင်းအကျင်း လမ်းသစ်တစ်ခုကို စမ်းပြီးတော့ ကြိုးပမ်းဖို့ ဆွေးနွေးဆုံးဖြတ်တာမျိုး ရှိပါတယ်။ လမ်းသစ်ဆိုတာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးတွေ့ဆုံ ဖြေရှင်းနည်းနဲ့ အဖြေရှာဖို့ပေါ့။ နိုင်ငံရေး ဆွေးနွေးမှု ဘောင်ကျဉ်းနေတဲ့ကာလမှာ နိုင်ငံရေးပလက်ဖောင်း ကျယ်ပြန့်လာအောင် ကြိုးပမ်းကြမယ်ဆိုတာ ဆုံးဖြတ်နိုင်ကြတဲ့ အခြေအနေရှိတယ်” – ဗိုလ်မှူးကြီး စောကျော်ညွန့် အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ်…

မင်းတုန်းမြို့နယ်မှာ ထွက်ပြေးသွားတဲ့ သတင်းပေးကို လိုက်ဖမ်းရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ရေနစ်ကျဆုံး

မကွေး စက်တင်ဘာ ၁၈ မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ သူလျှိုလုပ်မှုနဲ့ စစ်ဆေးနေတဲ့ စစ်ကောင်စီ သတင်းပေးတစ်ဦးကို လိုက်ဖမ်းရင်း ရဲဘော်တစ်ဦး ရေနစ်ပြီး ကျဆုံးသွားတယ်လို့ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က စက်တင်ဘာ ၁၆ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်​ဘာ ၁၃ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်မှာ…

စစ်အာဏာသိမ်း (၁၃၂၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၆၅) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၈ AAPP ရဲ့ စက်တင်ဘာ ၁၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၂၅) ရက်အတွင်း ပြည်သူ (၅၆၆၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၈၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…