2024

နိုင်ငံတဝန်း စက်သုံးပြတ်လပ်မှု ပြဿနာကို နှစ်လနီးပါးအထိ စစ်ကောင်စီ မဖြေရှင်းနိုင်သေး

မော်လမြိုင် ၊ စက်တင်ဘာ ၂၂ မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ မြို့နယ် အများစုမှာ စက်သုံးဆီပြတ်လပ်ပြီး လိုသလောက် ဝယ်ယူလို့မရတဲ့ ပြဿနာကို အချိန်နှစ်လနီးပါးကြာတဲ့အထိ အာဏာသိမ်းစစ်ကောင် စီအနေနဲ့ မဖြေရှင်းနိုင်သေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ်နဲ့ ဒေသတွင်းမှာ ပြီးခဲ့တဲ့ဩဂုတ်လ ပထမပတ်အတွင်းကစတင်ပြီး လူသုံးများတဲ့ ဓာတ် ဆီ အမျိုးအစား အောက်တိန်း (၉၅)နဲ့ (၉၂)…

ပုလောရှပ်ပုံကျေးရွာက နေအိမ် ၃၀ ကျော်ကို စစ်တပ်မီးရှို့ဖျက်ဆီး

ပုလော၊ စက်တင်ဘာ ၂၂ တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းက နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံနှစ်ဦးနဲ့ ပြည်သူ့ကာ ကွယ်ရေး ရဲဘော်တစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ တပ်အင်အား ၁၀၀ ဝန်းကျင်နဲ့ ရှပ်ပုံကျေးရွာအုပ်စုထဲကို စစ်…

စစ်တောင်းမြစ် ရေဘေးသင့်ပြည်သူ ၅ သောင်းနီးပါး အရေးပေါ်အကူအညီလိုအပ်နေ

ဘားအံ စက်တင်ဘာ ၂၂ KNU တပ်မဟာ ၃ နယ်မြေ မုန်းမြို့နယ်ထဲမှာ စစ်တောင်းမြစ် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူ ၅ သောင်းနီးပါးကို ကူညီပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိနေပြီး အဲဒီရေဘေးသင့် ဒေသ ခံပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ အရေးတကြီးလိုအပ်နေကြောင်း ကရင် အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီ(မုန်းမြို့နယ်) က စက်တင်ဘာ ၂၀ ရက်စွဲနဲ့ သဘောထားထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ…

ကိုယ်ဝန် ဖျက်ချမှုအရေးမှာ သူတော်ကောင်းယောင်ဆောင်နေသူဆိုပြီး ထရန့်ကို ဟားရစ် ပြစ်တင် ရှုတ်ချ

ဝါရှင်တန်၊ စက်တင်ဘာ ၂၁ အကြိတ်အနယ်ဖြစ်လာမယ့် လာမယ့် နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ပြည်သူတချို့ မဲစတင် ပေးနေချိန်မှာ ဒုသမ္မတ ကာမယ်လာ ဟားရစ်က ရီပက်ဘလေကန် ပြိုင်ဖက် ဒေါ်နယ်ထရန့်နဲ့ ရီပက်ဘလေကန် ပါတီတို့ဟာ ကိုယ်ဝန် ဖျက်ချမှုနဲ့ ပတ်သက်လို့ သူတော်ကောင်းယောင်ဆောင်နေကြတယ်လို့ စက်တင်ဘာ ၂၀ ရက်မှာ ပြောကြားပြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ကိုယ်ဝန် မဖျက်ချနိုင်တာကြောင့်…

ဒေဝါလီခံပြီးနောက်ပိုင်း သီရိလင်္ကာမှာ ပထမဆုံး ရွေးကောက်ပွဲ ကျင်းပ

ကိုလံဘို စက်တင်ဘာ ၂၁ သီရိလင်္ကာမှာ မကြုံစဖူး ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် လူကြိုက်မများတဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်အပေါ် ထိရောက်တဲ့ လူထုဆန္ဒခံယူပွဲ အဖြစ် စက်တင်ဘာ ၂၁ ရက်မှာ သမ္မတရွေးချယ်ရေး မဲစတင်ပေးနေကြပြီ ဖြစ်ပါတယ်။ သမ္မတ ဂိုတာဘာယာ ရာဂျာပက်စကာကို ရာထူးက ပြုတ်ကျစေခဲ့တဲ့ ၂၀၂၂ ခုနှစ်က…

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ခုနှစ်ဦးသေဆုံး

တနင်္သာရီ၊ စက်တင်ဘာ ၂၁ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လသာကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်မြို့နယ် ပကဖ ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က တပ်အင်အား ၄၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို လသာကျေးရွာအနီး ဆီအုန်းတောအစပ်မှာ တော်လှန်ရေးအင်အား…

သံဖြူဇရပ်မှာ ဖမ်းဆီးခံရတဲ့ လူမှုကူညီရေးအသင်းဝင် ရှစ်ဦးအထိရှိလာ

သံဖြူဇရပ်၊ စက်တင်ဘာ ၂၁ မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင်သုံးဦး ထပ်မံဖမ်းဆီးခံရတာကြောင့် ဖမ်းဆီးခံရတဲ့ လူမှုကူညီရေးအသင်းဝင် ရှစ်ဦးအထိ ရှိလာတယ်လို့ အသင်းနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ ပိုင်ရှင်မဲ့လူမှုကူညီရေးအ သင်းဝင်သုံးဦးကို နေအိမ်တွေမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း…

ထားဝယ်မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ်မီးထပ်ရှို့

ထားဝယ်၊ စက်တင်ဘာ ၂၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ထပ်မံကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ မောင်မယ်ရှောင်ကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အချိန် ၂ နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲ…

စစ်အာဏာသိမ်း (၁၃၂၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၇၅) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂၁ AAPP ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၂၈) ရက်အတွင်း ပြည်သူ (၅၆၇၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၄၁၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ပြည်နယ်အားကောင်းရေးမူနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ်လို့ တိုင်းရင်းသားအဖွဲ့တွေကြေညာ

မော်လမြိုင် ၊ စက်တင်ဘာ ၂၁ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်နယ်အားကောင်းရေးကို ရှေုးရှုတဲ့ ချဉ်းကပ်မှုနဲ့ အ‌ကောင်အထည်ဖော်သွားမယ်လို့ တော်လှန်ရေးမှာပါဝင်နေကြတဲ့ တိုင်းရင်းသားအဖွဲ့တွေက စက်တင် ဘာ ၁၉ ရက်နေ့မှာ သဘောထားထုတ်ပြန်ကြေညာပါတယ်။ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်နယ်၊ လူမျိုးကိုယ်စားပြုကောင်စီတွေက အ နာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီညှိနှိုင်းမှုတွေကတဆင့် ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး…