2024

အကျဉ်းသား ၃၀၀ နီးပါးကို TNLA ပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေး၊ စစ်သုံ့ပန်းတွေမပါဝင်

မော်လမြိုင် – ဇန်နဝါရီ ၁၂ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသူ/အကျဉ်းသား ၂၉၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ပေးလိုက်ပြီး အဲဒီထဲမှာ စစ်သုံ့ပန်းတွေ မပါဝင်ဘူးလို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ဇန်နဝါရီလ ၁၂ ရက်နေ့မှာကျရောက်တဲ့ ၆၁ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာပါ။ အကျဉ်းသူ/အကျဉ်းသား ၂၉၂ ဦးထဲက ထောင်ဒဏ်…

KNU ကယားပြုံးချောင်းရွာကို စစ်တပ် မီးရှို့၊ နေအိမ် ၂၀ နီးပါး မီးလောင်ပျက်စီး

တောင်ငူ၊ ဇန်နဝါရီ ၁၂ စစ်ရေးတင်းမာမှုအခြေအနေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ KNU တပ်မဟာ ၂ တောင်ငူခရိုင် ကယားပြုံးချောင်းရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ နေအိမ် ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က စစ်ကောင်စီတပ်ဟာ တောင်ငူ-သံတောင် ၁၃ မိုင်ကားလမ်း ၅…

အိမ်နီးချင်းနိုင်ငံတွေသာမက ဥရောပနိုင်ငံတွေပါ ဝင်ငွေခွန်ကောက်ဖို့ စစ်ကောင်စီကြိုးပမ်းလာ

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ဥရောပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေပါ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ လန်ဒန်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။ အရင်က ထိုင်း၊ မလေးရှားနဲ့ စင်္ကာပူစတဲ့ နိုင်ငံတွေမှာသာ ဝင်ငွေခွန် ပေးဆောင်ရတာဖြစ်ပြီး အခုချိန်မှာတော့ စစ်ကောင်စီဟာ ဥရောပနိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန်နိုင်ငံတွေက မြန်မာလုပ်သားတွေပါ ဝင်ငွေခွန် ပေးဆောင်ရမယ်လို့…

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို ထောင်တသက်ချခဲ့တဲ့စစ်ကောင်စီကို IPCM ရှုတ်ချ

မော်လမြိုင် – ဇန်နဝါရီ ၁၂ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့တဲ့ အတွက် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ မှတ်တမ်းရုပ်ရှင်ရိုက်ကူးခြင်း၊ သတင်းရေးသားတင်ဆက်ခြင်းဟာ သတင်းမီဒီယာကျင့်ဝတ်အရ ဖြစ်စေ၊ နိုင်ငံတကာဥပဒေ၊တည်ဆဲဥပဒေတွေအရဖြစ်စေ ပြည်သူတို့ရဲ့…

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ ပြန်အရွေးခံရ၊ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲမရှိ

ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁၂ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကနေ ထိပ်ပိုင်းခေါင်းဆောင်တွေကို အပြောင်းအလဲမရှိဘဲ အတည်ပြု ‌ရွေးချယ်ပြီးစီးသွားပြီလို့ မွန်ပြည်သစ်သတင်းစဉ်က ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။ ပါတီရဲ့ ဗဟိုဥက္ကဌအဖြစ် နိုင်ဟံသာ၊ ဒုတိယ ဥက္ကဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဇွဲယျ၊ တွဲဘက်အတွင်းရေးမှူး နိုင်ဝင်းလှတို့ ဖြစ်ကြပြီး ကျန်ရှိတဲ့…

စစ်အာဏာသိမ်း (၁၀၇၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၃၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၂ AAPP ရဲ့ ဇန်နဝါရီ (၁၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၇၅) ရက်အတွင်း ပြည်သူ (၄၃၃၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၉၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းတက်ရောက်မှုနှုန်း စံချိန်တင်ကျဆင်းလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၂ မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်မှာ စစ်တပ်အာဏာသိမ်းထားတဲ့ အခုပညာသင်နှစ်အတွင်း ကျောင်းတက်ရောက်မှုနှုန်း စံချိန်တင်ကျဆင်းမှုနဲ့ ကြုံနေရတယ်လို့ Non CDM ဝန်ထမ်း အသိုင်း အဝိုင်းကနေ စုံစမ်းသိရှိရ ပါတယ်။ ပြီးခဲ့တဲ့ ပညာသင်နှစ်က ကျောင်းတက်ရောက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ၄၀,၀၀၀ ကျော်အထိ ရှိခဲ့ပေမယ့် အခုပညာသင်နှစ်မှာတော့ ကျောင်းသူ၊ကျောင်းသား ၇၀၀၀ လောက်သာ ကျောင်းပြန်အပ်နှံလာတယ်လို့…

မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု စစ်ကောင်စီကြောင့် အလုပ်မဖြစ်နိုင်ဘူးလို့ သုံးသပ်သူတွေပြော

နေပြည်တော် ၊ ဇန်နဝါရီ ၁၂ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သစ် အေလွန်ကီရိုကစ်တစ်ဟောင်ရဲ့ ပထမဆုံးအကြိမ် မြန်မာပြည်ခရီးစဉ်မှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ငြိမ်းချမ်း‌ရေးဆိုင်ရာ ကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့မှာ အာဆီယံအထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး…

တနင်္သာရီတိုင်းမှာ တစ်နှစ်အတွင်း အရပ်သား၂၇၀ နီးပါး သတ်ဖြတ်ခံရ

တနင်္သာရီ၊ ဇန်နဝါရီ ၁၂ တနင်္သာရီတိုင်းမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း အရပ်သားပြည်သူ ၂၆၇ ဦးထက်မနည်း သတ်ဖြတ်ခံလိုက်ရတယ်လို့ တနင်္သာရီအခြေစိုက် သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အရပ်သားသေဆုံးမှုအရ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေရဲ့ သတ်ဖြတ်မှု ၃၆ ရာခိုင်နှုန်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF ဘက်က…

၂၀၂၄ မှာ ကမ္ဘာတဝှမ်း အလုပ်လက်မဲ့ဖြစ်မှု ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကုလ ပြော

ဂျီနီဗာ၊ ဇန်နဝါရီ ၁၂ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်း ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီ ၁၀ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ ကုန်ထုတ်လုပ်မှု လျှော့နည်းနေတာ၊ မညီမျှမှုတွေ ပိုမိုဆိုးရွားလာတာနဲ့ ငွေကြေးဖောင်းပွမှုကြောင့် ဝင်ငွေထိခိုက်တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စိုးရိမ်နေတာပါ။ ကိုဗစ်ရောဂါကနေ ကမ္ဘာ့စီးပွားရေး နလံထမှုနှေးကွေးသွားပြီး ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေနဲ့ ဗဟိုဘဏ်တွေရဲ့ ပြင်းထန်တဲ့ လုပ်ရပ်တွေကြောင့်…