2024

သံဖြူဇရပ်မှာ ရဲဝန်ထမ်းဟောင်းတစ်ဦးအပါအဝင် ဒေသခံ ၅ ဦးထက်မနည်း ထပ်မံဖမ်းဆီးခံရ

သံဖြူဇရပ်၊ ဇန်နဝါရီ ၁၆ မွန်ပြည်နယ် သံဖြူဇရပ်မြို့ပေါ်မှာ ဇန်နဝါရီဒုတိယအပတ်အတွင်း ရဲဝန်ထမ်းဟောင်းတစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ထက်မနည်း ထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက်နေ ရဲဝန်ထမ်းဟောင်းဖြစ်တဲ့ ကိုဝတုတ်ကို နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ဇန်နဝါရီ ၁၁…

စစ်အာဏာသိမ်း (၁၀၇၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၆၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၆ AAPP ရဲ့ ဇန်နဝါရီ (၁၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၇၉) ရက်အတွင်း ပြည်သူ (၄၃၆၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၁၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၉၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ဒေသမှာ လုံခြုံရေးအလေးနက်ထား လုပ်ဆောင်သွားမယ်လို့ မွန်ပြည်သစ်ပြော

ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁၆ ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီက မွန်ဒေသတွင်း ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကောင်းမွန်လာဖို့ နည်းလမ်းအမျိုးမျိုးရှာပြီး အလေးနက်ထား လုပ်ဆောင်သွားမယ်လို့ ညီလာခံအပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ အခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့အထိ ပါတီရဲ့ဗဟိုဌာနချုပ် ရေးချောင်းဖျားမှာ ပြုလုပ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံအပြီးမှာ…

ချောင်းနှစ်ခွဒေသကို အချိန်မရွေး ပြန်လည်သိမ်းပိုက်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေပြော

ကျိုက်မရော၊ ဇန်နဝါရီ ၁၆ မြန်မာစစ်တပ်သမိုင်းမှာ ရက်ပေါင်း ၅၀ ကြာ ခုခံပြီးပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂုဏ်ယူနေတဲ့ ချောင်းနှစ်ခွဒေသကို၂၄ နာရီအတွင်း အချိန်မရွေး ပြန်လည်သိမ်းပိုက်နိုင်တယ်လို့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တပ်မှူးနဲ့ Lion Battalion Commando စစ်ကြောင်းမှူးတို့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့က ကရင်ပြည်နယ်နဲ့…

ပြည်တွင်းရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်လာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၆ နှစ်အစမှာ ဈေးငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဇန်နဝါရီဒုတိအပတ်အတွင်း မီးလင်းအခေါက် ရွှေ တစ်ကျပ်သားကို ကျပ် ၃၇ သိန်း ၇သောင်းကျော်အထိ ဈေးနှုန်း ထပ်မံမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။ ၂၀၂၄ ခုနှစ် နှစ်အစဖြစ်တဲ့ ဇန်နဝါရီပထမအပတ်တွင်း တစ်ကျပ်သား ကျပ် ၃၇ သိန်းကျော်သာရှိတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဇန်နဝါရီဒုတိယအပတ်ကစပြီး တစ်ရက်လျှင် ကျပ်တစ်သောင်းနှုန်း…

အိန္ဒိယတပ်တွေ မော်လ်ဒိုက်က ထွက်ခွာဖို့ တောင်းဆို

မာလေ၊ ဇန်နဝါရီ ၁၆ တရုတ်နိုင်ငံ ခရီးစဉ်ကနေ ပြန်ရောက်လာတဲ့ မော်လ်ဒိုက်သမ္မတက အိန္ဒိယတပ်ဖွဲ့ဝင် ၁၀၀ လောက်ကို မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ခေါ်ယူပေးဖို့ နယူးဒေလီအစိုးရအား တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ မော်လ်ဒိုက်အပေါ် အိန္ဒိယနိုင်ငံက ဩဇာလွှမ်းမိုးနိုင်လိမ့်မယ်လို့ မှတ်ယူထားခဲ့ပေမယ့် မော်လ်ဒိုက်ဟာသူတို့ရဲ့ အကြီးမားဆုံးနိုင်ငံခြားကြွေးရှင်ဖြစ်တဲ့ တရုတ်ဘက်ကို ပိုမိုချဉ်းကပ်မှုတွေပြုလုပ်နေတာပါ။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၄ ရက်နေ့က မော်လ်ဒိုက်မှာ…

ဟားမတ်စ်ချေမှုန်းရေးစစ်ပွဲကို ဘယ်သူကမှ တားဆီးလို့ရမှာမဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ပြော

တဲလ်အဗစ်၊ ဇန်နဝါရီ ၁၆ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းဖို့ကြိုးစားနေတဲ့စစ်ပွဲအား ဘယ်သူကမှ တားဆီးလို့ရမှာမဟုတ်ဘူးလို့ တိုက်ပွဲရက် ၁၀၀ ပြည့်မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။ အစ္စရေးဟာ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICJ မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲခံထားရပြီး ဂါဇာမှာ ထိုးစစ်ဆင်မှုတွေရပ်တန့်ဖို့ တရားရုံးက ဆုံးဖြတ်ချက်ချလာနိုင်ပေမယ့် အဲဒီဆုံးဖြတ်ချက်ကို အစ္စရေးဘက်က လိုက်နာမှာမဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ တောင်အာဖရိကနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်တယ်လို့…

မြိုင်မှာ စစ်ကောင်စီထောက်ပို့ယာဉ်တစ်စီး သိမ်းဆည်းခံရ

မြိုင် – ဇန်နဝါရီ ၁၅ မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကောင်စီထောက်ပို့ ယာဉ်တစ်စီးကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဆည်းရမိခဲ့တယ်လို့ မြိုင် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်ကောင်စီယာဉ်တန်းကို တွင်းမနဲ့ သရက်ကန် ပျူစောထီး ကျေးရွာတွေကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ “ကားက ကန်းနီပျူစောထီးရွာကို ရိက္ခာသွားပို့တာမနိုင်လို့ ပြန်လှည့်လာတဲ့ကား။ကားတွေလည်း ထိခိုက်တယ်။ စစ်ကောင်စီတပ်သားတွေကိုလည်း အီနာဂါမိုင်းတွေနဲ့တိုက်ခိုက်လို့…

သထုံမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံ ၄၀၀ နီးပါး တိမ်းရှောင်နေရ

သထုံ၊ ဇန်နဝါရီ ၁၆ မွန်ပြည်နယ် သထုံမြို့နယ်ထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ မနက် ၆ နာရီမှ ည ၉ နာရီအချိန်အထိ သထုံအခြေစိုက်…

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ KNU ထုတ်ပြန်၊ စစ်ကောင်စီရဲ့ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းတိုက်မှု သတိထားဖို့ တိုက်တွန်း

မုန်း၊ ဇန်နဝါရီ ၁၅ ပဲခူးတိုင်း မုန်းမြို့တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက KNU ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်မြေ မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံတပ်သား ၁၉…