2024

မွန်ပြည်သစ်နယ်မြေထဲ နေ့စဉ်ရက်ဆက် စစ်တပ်လက်နက်ကြီး ပစ်ခတ်နေ

ရေး၊ ဖေဖော်ဝါရီ ၁၀ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်းကျေးရွာထဲကို စစ်ကောင်စီတပ် နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် စိုးရိမ်ပူပန်မှုမြင့်တက်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၆)အမြောက်တပ်ကနေ ဖေဖော်ဝါရီ ဒုတိယအပတ်ကစပြီး ကျုံလောင်းရွာဟောင်းကျေးရွာထဲကို ညတိုင်းလက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်ကျူး လွန်နေတာပါ။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေဟာ ညပိုင်းနေအိမ်မှာ…

ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို AA ထပ်မံသိမ်းပိုက်

ရသေ့တောင်၊ ဖေဖော်ဝါရီ ၁၀ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က ဖေဖော်ဝါရီ ၉ ရက်နေ့ ညပိုင်းမှာ သတင်းထုတ် ပြန်ပါတယ်။ ကိုးတန်ကောင်းစခန်းကို ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၁၁ နာရီ…

စစ်အာဏာသိမ်း (၁၁၀၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၀ AAPP ရဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၀၄) ရက်အတွင်း ပြည်သူ (၄၅၀၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၀၃၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၆၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ချောင်းဆုံမှာ ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူတစ်ဦး ဖမ်းဆီးခံရ

ချောင်းဆုံ၊ ဖေဖော်ဝါရီ ၁၀ မွန်ပြည်နယ် ချောင်းဆုံမြို့ရှိ အဓိပတိကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဦးချစ်ကိုကိုအား ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေ ၅ နာရီအချိန့်မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဦးချစ်ကိုကိုဟာ နိုင်ငံ့ဝန်ထမ်းတွေကို CDM လုပ်ဖို့ လှုံဆော်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်၊ ရဲနဲ့အုပ်ချုပ်ရေးပူးပေါင်းအဖွဲ့တွေကနေ အင်အားအလုံးအရင်းနဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။ ဒေသခံတွေအဆိုအရ…

ကျိုက်မရောထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ကျဉ်းတွေရဲ့ ကျန်းမာရေးစိုးရိမ်ရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၀ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ နီးပါးရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က ကျိုက်မရောထောင်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၂ ဦးမှာ ဖုန်းတွေ့ရှိခဲ့တယ်ဆိုကာ…

အာဏာသိမ်းသုံးနှစ်အတွင်း NLD ပါတီဝင် ၁၀၀ ကျော် သတ်ဖြတ်ခံရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၀ စစ်တပ်အာဏာသိမ်းသုံးနှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် ၂ ဦးအပါအဝင် ပါတီဝင် ၁၀၀ ကျော် သတ်ဖြတ်ခံလိုက်ရတယ်လို့ NLD ပါတီ လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အာဏာသိမ်းချိန်ကစလို့ အခုနှစ်ဇန်နဝါရီ ၁၅ ရက်နေ့အထိ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ NLD ပါတီ…

စစ်ကောင်စီလက်အောက်က BGF ခွဲထွက်ထားပေမယ့် လုံခြုံရေးဆိုင်ရာပူးပေါင်းအချို့ ရှိနေသေး

ဘားအံ၊ ဖေဖော်ဝါရီ ၁၀ ကရင်နယ်ခြားစောင့်တပ် BGF ဟာ စစ်ကောင်စီလက်အောက်ကနေ ခွဲထွက်ထားပေမယ့် တပ်ဖွဲ့ဝင်တချို့ စစ်ကောင်စီတပ်နဲ့လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအချို့ ကျန်ရှိနေသေးတယ်လို့ မြေ ပြင်သတင်းရင်းမြစ် တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအလယ်ပိုင်းကစပြီး အာဏာသိမ်းစစ်တပ်လက်အောက်မှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ်ဟာ ရုတ်ခြည်းဆိုသလို နှုတ်ထွက်လိုက်ပြီးနောက် စစ်ဆင်ရေးတွေမှာ ပူးပေါင်းဆောင် ရွက်မှု မလုပ်တော့ဘဲ လစာရိက္ခာစတဲ့ ခံစားခွင့်အရပ်ရပ်ကို မယူတော့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။…

ရုရှားအနေနဲ့ စစ်ပွဲပိုကျယ်ပြန့်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပူတင် ပြော

မော်စကို၊ ဖေဖော်ဝါရီ ၁၀ ရုရှားသမ္မတ ဗလာဒီမာပူတင်က အကျိုးစီးပွားတွေအတွက် အဆုံးထိတိုက်ခိုက်သွားမှာဖြစ်ပေမယ့် ယူကရိန်းမှာ တိုက်ခိုက်နေတဲ့ စစ်ပွဲကို ပိုလန်နဲ့လတ်ဗီးယားလိုနိုင်ငံတွေအထိ ပိုကျယ်ပြန့်အောင် လုပ်ဆောင်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ အမေရိကန်သတင်းထောက်တစ်ဦးနဲ့ အင်တာဗျူးတစ်ခုမှာသူက ပြောခဲ့တာပါ။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု မတိုင်ခင်တည်းက အမေရိကန်သတင်းထောက်နဲ့ ပထမဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ…

ထိုင်ဝမ်ပေါင်းစည်းရေး တားဆီးသူတွေ ကြီးကြီးမားမားပေးဆပ်ရမယ်လို့ တရုတ် သတိပေး

တိုကျို၊ ဖေဖော်ဝါရီ ၁၀ အမေရိကန်နဲ့ ဂျပန်ရဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေချိန်မှာ တိုကျိုအခြေစိုက် တရုတ်သံရုံးက ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးကို တားဆီးဖို့ ကြိုးပမ်းသူတွေအနေနဲ့ ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ ကြုံရမှာဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။ ဒီနှစ်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်နဲ့ ဂျပန်တို့ဟာ တရုတ်ကို ပထမဆုံးအကြိမ်အဖြစ် သူတော်ကောင်းယောင်ဆောင်ထားတဲ့ ရန်သူလို့ ညွှန်းဆိုခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရသတင်းမြစ်တွေကို ကိုးကားပြီး ဂျပန်မီဒီယာတွေက ဖော်ပြထားကြပါတယ်။…

တစ်လကျော်အတွင်း စစ်သင်္ဘော ၇ စင်း AA တိုက်ခိုက်ချေမှုန်းခဲ့

မြောက်ဦး၊ ဖေဖော်ဝါရီ ၉ ရက္ခိုင့်တပ်တော် AA အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ စစ်သင်္ဘော ၇ စင်းလောက် သွားလာလို့ မရနိုင်အောင်နဲ့ မြစ်အတွင်းရေချလို့ မရနိုင်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ၁၀၅ ရက်မြောက်နေ့ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ ည…