2024

စစ်အာဏာသိမ်း (၁၁၀၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၁၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃ AAPP ရဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၀၇) ရက်အတွင်း ပြည်သူ (၄၅၁၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၀၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၆၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်မှုထမ်းဥပဒေ အသက်သွင်းမှုကြောင့် တစ်ပြည်လုံး ဝရုန်းသုန်းကားဖြစ်လာနိုင်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၃ နိုင်ငံအနှံ့စစ်ရှုံးနေတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းမှုကြောင့် ဘက်ပေါင်းစုံ အကျပ်အတည်းတွေနဲ့အတူ တစ်နိုင်ငံလုံး ဝရုန်းသုန်းကား အခြေအနေအထိ ရောက်ရှိလာနိုင်တယ်လို့ သုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ)စစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အရေးမလှဖြစ်တဲ့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲနဲ့…

စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်ဖြတ်ကျော်ထွက်ခွာမှု စိုးရိမ်ဖွယ်မြင့်တက်လာနိုင်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃ စစ်မှုထမ်းဥပဒေပြဌာန်းချက်ကြောင့် စစ်မှုမထမ်းလိုတဲ့လူငယ်တွေဟာ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေထံ ရရာနည်းလမ်းနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ထွက်ခွာမှု ဆိုးဆိုးဝါးဝါး မြင့်တက်လာနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီနေသူတွေက သုံးသပ်ပါတယ်။ နိုင်ငံအနှံ့ နေရာတိုင်းနီးပါး စစ်ရှုံးမှုနဲ့အတူ တပ်အင်အားပြုန်းတီးမှု အကြီးအကျယ် ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲနဲ့ စတင်အာဏာတည်စေရမယ်လို့ ကြေညာလိုက်ပါတယ်။ စစ်မှုထမ်းဥပဒေအရ…

ရခိုင်မှာ အရပ်သား ၉ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

မြောက်ဦး၊ ဖေဖော်ဝါရီ ၁၃ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ ခုမှာ အရပ်သားပြည်သူ ၉ ဦးကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ မြောက်ဦးအခြေစိုက် ခမရ-၃၇၈ တပ်ရင်းမှ မတရားဖမ်းဆီးထားတဲ့…

မွန်မှာ စစ်ကောင်စီဂိတ်သုံးခု တိုက်ခိုက်ခံရလို့ ၈ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

သထုံ၊ ဖေဖော်ဝါရီ ၁၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့သထုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သုံးခု ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ တော် လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တွေထံက သိရပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်မှာ သထုံမြို့နယ် ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက…

အစ္စရေးတိုက်ခိုက်မှုကြောင့် ရာဖာဒုက္ခသည်စခန်းက လူ ၄၀ နီးပါးသေဆုံး

ဒိုဟာ၊ ဖေဖော်ဝါရီ ၁၃ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၇ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းကျန်းမာရေးအရာရှိတွေက ပြောခဲ့ပါတယ်။ အရပ်သားတွေကို ကာကွယ်ရေးယုံကြည်စိတ်ချရတဲ့ အစီအစဉ်မရှိဘဲ ရာဖာကိုမတိုက်ခိုက်ဖို့ အမေရိကန်သမ္မတ ဂျိုးယိုင်ဒန်က ပြောခဲ့ပေမယ့် အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုတွေစတင်တဲ့ အချိန်ဟာလူအများအိပ်ပျော်နေချိန်ဖြစ်ပြီး ပြင်းထန်တဲ့ ဗုံးကြဲမှုတွေ ကြောင့် ရာဖာမြို့မှာ လူတွေအထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုမှာ အစ္စရေးရဲ့…

ထရမ့်ကြောင့် မဟာမိတ်တွေရဲ့ လုံခြုံရေး အားလျှော့စေတယ်လို့ နေတိုးအကြီးအကဲ ပြော

ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၁၃ ကာကွယ်ရေးအတွက် လုံလောက်တဲ့ ငွေသုံးစွဲမှုမရှိတဲ့ နေတိုးမဟာမိတ်နိုင်ငံတွေကို အမေရိကန်က ကာကွယ်ပေးမှာ မဟုတ်ဘူးဆိုတဲ့ ဒေါ်နယ်ထရန့်ရဲ့ ပြောဆိုမှုဟာ မိမိတို့အားလုံးရဲ့ လုံခြုံရေးကို အားလျှော့စေတယ်လို့ အနောက်တိုင်းစစ်ရေး မဟာမိတ်အဖွဲ့အကြီးအကဲက ပြောပါတယ်။ ဒီလိုပြောဆိုမှုဟာ အမေရိကန်နဲ့ ဥရောပတပ်ဖွဲ့ဝင်တွေအပေါ် ကြီးမားတဲ့အန္တရာယ် ကျရောက်စေနိုင်တယ်လို့ စတိုလ်တန်ဘာဂ်က ဆိုခဲ့တာပါ။ မဟာမိတ်နိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံရဲ့အသားတင်ပြည်တွင်းထုတ်ကုန်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို…

ကောလင်းကို နှစ်ဘက်တပ်တွေအပြည့်အဝထိန်းချုပ်နိုင်မှုမရှိသေး 

ကောလင်း – ဖေဖော်ဝါရီ ၁၂ စစ်ကိုင်းတိုင်း၊ကောလင်းမြို့ကို စစ်ကောင်စီဘက်က ပြန်လည်သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်နေသလို တော်လှန်ရေးတပ်တွေဘက်ကလည်း ခုခံတိုက်ခိုက်နေတာကြောင့် နှစ်ဘက်တပ်တွေအနေနဲ့ မြို့ကို အလုံးစုံထိန်းချုပ်နိုင်တာမရှိသေးဘူးလို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် စစ်တပ်ဝါဒဖြန့်သတင်းစာတွေမှာ ကောလင်းမြို့ကို အပြည့်အဝပြန်လည်သိမ်းယူလိုက်ပြီလို့ ကြေညာခဲ့ပေမယ့် မြေပြင်မှာတော့ သိမ်းယူနိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ မြို့ပေါ်ကို စစ်ကောင်စီတပ်တွေလည်းရောက်ရှိနေပြီး…

တောင်ပိုင်းစစ်ဒေသရဲ့ အထူးစစ်ဆင်ရေး အပတ်စဉ် ၅ သင်တန်းဆင်းပွဲကျင်းပ

မော်လမြိုင် – ဖေဖော်ဝါရီ ၁၂ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသရဲ့ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဉ် ၅ ဆင်းပွဲကို KNU တပ်မဟာ ၆ နယ်မြေအတွင်း အထူးစစ်ဆင်ရေးအဖွဲ့ S.O.F က ဦးဆောင်သင်ကြားပေးပြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ သင်တန်းဆင်းပွဲမှာ အလံတော်ကို အလေးပြုခင်းနဲ့ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး-၂ ရဲဘော်စောရှားက အမှာစကားပြောခဲ့ပြီး အထူးတပ်ဖွဲ့မှူး…

မြောက်ဦးအခြေစိုက်တပ်ရင်းနှစ်ခု သိမ်းပိုက်စဉ် ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေ AA ထုတ်ပြ

မြောက်ဦး၊ဖေဖော်ဝါရီ ၁၂ ရခိုင်ပြည်နယ် မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့ ခြေ မြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၇၇)နဲ့ ခမရ (၃၇၈) တို့ကို အပြီးသတ်သိမ်းပိုက်စဉ် သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ မှတ်တမ်းဓာတ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။ အဲဒီမြေမြန်တပ်ရင်းနှစ်ခုကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီပထမအပတ်အတွင်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာလည်း…