2024

ဘန်ကောက်မှာ မြန်မာလုပ်ငန်းရှင်တစ်ဦးသတ်ဖြတ်ခံရ၊ တရားခံတွေကို အင်တာပိုလ်နဲ့ဖမ်းဆီးဖို့ ကြိုးပမ်းနေ

ဘန်ကောက် – ဖေဖော်ဝါရီ ၁၆ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာရှိတဲ့အဆင့်မြင့်ကွန်ဒိုအခန်းတစ်ခုမှာ မြန်မာနိုင်ငံသားလုပ်ငန်းရှင် တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့ နိုင်ငံခြားသားနှစ်ဦးကို ဖမ်းဆီးရမိရေး ထိုင်းရဲတပ် ဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အစောပိုင်းသတင်းတွေမှာ သံသယရှိသူတွေဟာ စကော့တလန်နိုင်ငံသားတွေဖြစ်တယ်လို့ ဖော်ပြ ထားပေမယ့် ကင်မရွန်းနိုင်ငံသားတွေဖြစ်တဲ့ အမျိုးသားနှစ်ဦးဟာ သေဆုံးသူဆီက ဘတ်ငွေ ငါးသန်းကိုယူပြီး စင်္ကာပူနိုင်ငံကိုထွက်ပြေးသွားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ဆိုထားပါ…

စစ်အာဏာသိမ်း (၁၁၁၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၂၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၆ AAPP ရဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၁၀) ရက်အတွင်း ပြည်သူ (၄၅၂၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၁၁၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၀၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မော်လမြိုင်ခရိုင် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌက အမျိုးသမီးတစ်ဦးကို ထိုးကြိတ်ရိုက်နှက်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၆ မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးထွန်းက အနှိပ်ခန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို ထိုးကြိတ်ရိုက်နှက်မှု ပြုလုပ်ခဲ့တဲ့ CCTV ရုပ်သံဖိုင်ဟာ အခုရက်ပိုင်းအတွင်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီရုပ်သံဖိုင်ကို သံလွင်တိုင်းမ်က လေ့လာစိစစ်ကြည့်ရာမှာတော့ အခုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့ Royal…

KNU ဖာပွန်ခရိုင်က စစ်ကောင်စီတပ်စခန်း ၂ ခု စွန့်ခွာထွက်ပြေး

ဖာပွန်၊ ဖေဖော်ဝါရီ ၁၆ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ် ရှေ့တန်းစခန်း ၂ ခု ဆုတ်ခွာထွက်ပြေးသွားပြီး နောက်ထပ်တပ်စခန်း ၁ ခုကိုလည်း အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက် ပိတ်ဆို့ထားတယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက် ၆ နာရီအချိန်က KNU ဖာပွန်ခရိုင်…

မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာကို ဝီရဟံသာဘွဲ့တံဆိပ်ပေးအပ်

ရေးချောင်းဖျား၊ ဖေဖော်ဝါရီ ၁၆ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာကို ဖေ ဖော်ဝါရီ ၁၅ ရက်နေ့က ပါတီဗဟိုဌာနချုပ်မှာ ဝီရဟံသာဘွဲ့တံဆိပ် ဂုဏ်ပြုပေးအပ်တဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မွန်ပြည်သစ်သတင်းစဉ်က ထုတ်ပြန်ပါတယ်။ ဂုဏ်ပြုဘွဲ့တံဆိပ်ပေးအပ်ပွဲအခမ်းအနားကို ကမ္ဘာလုံးဆိုင်ရာ မွန်ဆက်ဆံရေးအဖွဲ့က ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပြီး မွန်သံဃာတော်တွေ၊ အရပ်သားပြည်သူတွေအပါအဝင် တာဝန်ရှိသူတွေနဲ့ မွန်ပြည်သစ်ပါတီက ရဲဘော်တွေ တက်ရောက်ခဲ့ကြတာပါ။ နိုင်ဟံသာဟာ မွန်လူမျိုးတွေ…

သထုံယာဉ်တိုက်မှုမှာ ပရိုဘောက်ကားပေါ်ပါလာသူ ၇ ဦးလုံးသေဆုံး

သထုံ၊ ဖေဖော်ဝါရီ ၁၆ မွန်ပြည်နယ် သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုအတွင်း ပရိုဘောက်ကားပေါ်ပါလာသူ ၇ ဦးလုံး သေဆုံးသွားတယ်လို့ လူမှုကယ် ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကို မောင်းနှင်လာတဲ့ တွဲကားနဲ့ဘီးလင်းဘက်ကနေ သထုံဘက်ကို မောင်းနှင်းလာတဲ့ ပရိုဘောက်ယာဉ်တို့…

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုရဲ့သားဖြစ်သူ ဒုသမ္မတအဖြစ် ရွေးကောက်ခံရ

ဂျကာတာ၊ ဖေဖော်ဝါရီ ၁၆ အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ပရာဘိုဝို ဆူဘီယန်တိုက ရွေးကောက်ပွဲအပြီး နာရီပိုင်းမှာပဲ သူအနိုင်ရတယ်လို့ ပြောခဲ့ပြီး နိုင်ငံသားအားလုံးကို ဦးဆောင်ပြီး ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ ပြောပါတယ်။ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ သားဖြစ်သူ ပရာဘိုဝိုရဲ့ ဒုသမ္မတအဖြစ် ရွေးကောက်ပွဲ ပြိုင်ပွဲဝင်ခဲ့သူ ဂျီဘရန် ရာကာဘူမင်းရာကာကို ဘေးမှာထားပြီး ပရာဘိုဝိုက ဒီအောင်ပွဲဟာ အင်ဒိုနီးရှား…

အာကာသထဲမှာ နျူလက်နက်တွေတပ်ဆင်ဖို့ ရုရှား စီစဉ်နေ

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၆ ရုရှားဟာ အာကာသထဲမှာ နျူကလီးယားလက်နက်တွေ ထားရှိဖို့ လုပ်ဆောင်နေပြီး ဂြိုလ်တုတွေကို ပစ်မှတ်ထားဖို့ အသုံးပြုလာနိုင်တယ်လို့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။ အောက်လွှတ်တော်ထောက်လှမ်းရေး ကော်မတီရဲ့ ရီပတ်ဘလစ်ကန် ဥက္ကဋ္ဌ မိုက်တာနာက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အထူးကြေညာချက် တစ်ခုထုတ်ပြန်ပြီး နိုင်ငံတော်လုံခြုံရေး အန္တရာယ်နဲ့ ပတ်သက်ပြီး သတိပေးပြီးနောက် ထောက်လှမ်းရေးသတင်း…

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံပြန်ပို့

ဒါကာ – ဖေဖော်ဝါရီ ၁၅ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲဝင်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ကို မြန်မာနိုင်ငံကိုပြန်ပို့ပေးလိုက်ပြီဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာမှာ ဖော်ပြထားပါတယ်။ ဒီနေ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၅ ဦးကို ပထမအသုတ်အနေနဲ့ သင်္ဘောနဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၁၆၅ ဦးကိုတော့ နောက်ထပ် သင်္ဘောတစ်စီးနဲ့ ပြန်လည်ပို့ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးသွားတဲ့…

“အခြေအနေ အချိန်အခါကောင်းမှာ ဒီစစ်အာဏာရှင်ကို တိုက်ဖျက်ဖို့အတွက် ဒီပါတီတစ်ခုလုံးအနေနဲ့ ပါဝင် လာနိုင်ရင်ကောင်းပေမယ့်တစ် စုံတစ်ခုလုံးပါဝင်ဖို့အတွက် မဖြစ်နိုင်သေးတဲ့အပေါ်မှာ ယုံကြည်ချက်တူညီတဲ့ ခေါင်းဆောင်တွေ၊ တပ်ဗိုလ်၊တပ်မှုးတွေနဲ့ စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့ အတွက် သံဓိဋ္ဌာန်ချထားတာပေါ့ဗျာ”

အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်တော့မယ်လို့ မွန်ပြည်သစ်ပါ တီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့မှာ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီတဲ့ ပါတီခေါင်းဆောင်တွေ ပါတီဝင်တွေ တပ်ဗိုလ် တပ်မှူး အကြပ်တပ်သားရဲဘော်တွေ မျိုးချစ်ပုဂ္ဂိုလ်တွေ ပါဝင်တယ်လို့ အသိပေးထားပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တိုက်ဖျက်ရေး…