ဖိလစ်ပိုင်သမ္မတာ မားကို့စ် ဂျူနီယာ

မနီလာ ၊မေ ၁၈

တရုတ်နဲ့ ရေပြင်နယ်နိမိတ် အငြင်းပွားမှု ပြင်းထန်လာချိန်မှာ ဖိလစ်ပိုင် သမ္မတ မားကို့စ်ဂျူနီယာက မိမိတို့ နိုင်ငံပိုင်နက်ကို အားမာန်အပြည့်နဲ့ ကာကွယ်သွားမှာ ဖြစ်ကြောင်း မေ ၁၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်ပိုင်ဆိုင်တဲ့ နယ်နိမိတ်ကို မလေးမစားလုပ်ပြီး ချင်းနင်းဝင်ရောက်နေသူတွေကို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဥပဒေလိုက်နာတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဥပဒေအရ၊ တာဝန်ခံမှုအရ တုံ့ပြန်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။

ဗိုလ်လောင်းသင်တန်းဆင်းပွဲ မိန့်ခွန်းမှာ သမ္မတမားကို့စ်က ပိုင်နက်ကျူးကျော်သူတွေလို့ သုံးနှုန်းသွားပေမယ့် တရုတ်ကို အမည်တပ်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။

တောင်တရုတ်ပင်လယ်ထဲက ရေအောက်သောင်ပြင် အနီးမှာ ဖိလစ်ပိုင်က သင်္ဘောပျက်တစ်စီး ထားရှိပြီး အဲဒီသင်္ဘောပျက်ပေါ်မှာ စစ်သားတွေ ချထားပါတယ်။

အဲဒီစစျသားတှအေတှကျ ဖိလစျပိုငျက ထောကျပံ့ပို့ဆောငျရေးဆိုငျရာသငျ်ဘောတွေနဲ့ပစ္စည်းတွေ တင်ဆောင်လာရင် တရုတ် ကမ်းခြေစောင့်တပ်က မီးသတ်ပိုက်တွေ အသုံးပြုပြီး တားဆီးသလို သင်္ဘောနဲ့ ဝင်တိုက်မှုတွေနဲ့အတူ ရန်စမှုတွေ ပြုလုပ်နေပါတယ်။

A China Coast Guard (L) vessel blocks BRP Melchora Aquino (R) during the Philippine coast guard’s mission to deliver provisions at Second Thomas Shoal in the South China Sea on November 10, 2023. (Photo by JAM STA ROSA / AFP)

တစ်နှစ်ကို သင်္ဘောနဲ့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၃ ထရီလီယံ တန်ဖိုးရှိတဲ့ တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို တရုတ်က သူတို့အပိုင် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီနယ်နိမိတ်မှာ ဖိလစ်ပိုင်အပြင် ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း သူတို့ပိုင်ဆိုင်တယ်လို့ ပြောထားတဲ့ နယ်နိမိတ်တွေရှိနေပါတယ်။

၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာအငြင်းပွားမှု ဖြေရှင်းရေး တရားရုံးက တောင်တရုတ်ပင်လယ်ကို တရုတ်ပိုင်ဆိုင်တယ်လို့ ပြောဆိုမှုဟာ ဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့် တရုတ်နိုင်ငံဘက်က ဂရုမစိုက်ခဲ့ပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.