January 2024

နတ်သံကွင်းထံ စစ်ကူလာတဲ့ တင့်ကား နှစ်စီးနဲ့ သံချပ်ကာကား တစ်စီး KNLA ဖျက်ဆီး

နတ်သံကွင်း၊ ဇန်နဝါရီ ၁၇ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၃)၊ မူးမြို့နယ် အုပ်ချုပ်နယ်မြေ၊ နတ်သံကွင်းမြို့ထံ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကား နှစ်စီးနဲ့ သံချပ်ကာကား တစ်စီးတို့ကို တင့်ဖျက်မိုင်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ တင့်ကားတွေနဲ့ သံချပ်ကာကား ယာဉ်တန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ…

လွိုင်ကော်က မြို့နာမ်ရွှေစေတီကို တော်လှန်ရေးတပ်တွေ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ စစ်တပ် သတင်းမှားဖြန့်နေ

လွိုင်ကော် – ဇန်နဝါရီ ၁၇ ကယားပြည်နယ်၊လွိုင်ကော်မြို့မှာရှိတဲ့ သမိုင်းဝင် မြို့နာမ်ရွှေစေတီကို KNPP နဲ့ PDF တပ်တွေ က လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့်မီဒီယာတွေနဲ့ ကာချုပ်ရုံး Website မှာ သတင်းမှားဖြန့်နေကြပါတယ်။ တော်လှန်ရေးတပ်တွေက အဝေးကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးမှုတွေ လုပ် ဆောင်ခဲ့တဲ့အတွက် ဘုရားစေတီတော် ပရိဝုဏ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စေတီတော်နဲ့ တခြားသာသနိက…

ရခိုင်မှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် ရိုဟင်ဂျာအပါအဝင် အရပ်သား ၄ ဦးသေ‌ဆုံးပြီး၊ ၄ ဦးဖမ်းဆီးခံရ

မြောက်ဦး၊ ဇန်နဝါရီ ၁၇ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နဲ့ ဘူသီးတောင်မြို့ပေါက်တောမြို့တွေမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၆ ရက် မနက် ၅ နာရီအချိန်ခန့်မှာ ပေါက်တောမြို့နယ်၊ သံခုံကျေးရွာမှ စစ်‌‌တွေမြို့ကို ဈေးဝယ်ဖို့သွားတဲ့ ဒေသခံ အမျိုးသား…

စစ်တပ်စစ်ကြောင်းထိုးနေလို့ ဆားလင်းကြီးမှာ ကျေးရွာ ၁၀ ရွာကျော်က ပြည်သူတွေထွက်ပြေး နေရ

ဆားလင်းကြီး – ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် မုံရွာဘက်ကမ်းမှ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို ကူးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဝမ်ပေါက်ကတဆင့် ဆားလင်းကြီးမြို့ထဲကို ညအိပ် စခန်းချလာတဲ့ အတွက် ကျေးရွာ ၁၀ ရွာက ပြည်သူတွေထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ရောက်ရှိလာပြီးနောက် ပြည်သူတွေထွက်ပြေး တိမ်းရှောင်နေရ တာပါ။ လက်ရှိမှာတော့…

မွန်ပြည်သစ်ပါတီရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌကြီး နိုင်ထောမွန် ကွယ်လွန်

ဝင်းက ၊ ဇန်နဝါရီ ၁၇ မွန်ပြည်သစ်ပါတီရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌကြီး နိုင်ထောမွန်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက်ပိုင်း ထိုင်းစံတော်ချိန် ၇ နာရီလောက်က ထိုင်းနိုင်ငံ စံခလပူရီဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မွန်အသိုင်းအ ဝိုင်းကနေ သိရပါတယ်။ နိုင်ထောမွန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီး ဇနီး ၊…

နေတိုးနဲ့ရုရှားတို့ စစ်ပွဲဖြစ်လာနိုင်တယ်လို့ ဂျာမန်စစ်တပ်ရဲ့ လျှို့ဝှက်စာတမ်းမှာဖော်ပြ

ဘာလင်၊ ဇန်နဝါရီ ၁၇ ရုရှားက နေတိုးအဖွဲ့ရဲ့ ဘော်လ်တစ်နိုင်ငံတွေကို ဇူလိုင်လအစောဆုံး ကျူးကျော်တိုက်ခိုက်နိုင်တဲ့ အခြေအနေနဲ့အတူ နေတိုးနဲ့ရုရှားကြား စစ်ပွဲဖြစ်လာနိုင်တယ်လို့ ဂျာမန်စစ်တပ်ရဲ့ လျှို့ဝှက်စာတမ်းမှာ ဖော်ပြထားကြောင်း ဂျာမနီသတင်းစာ Bild မှာ ဖော်ပြပါတယ်။ နေတိုးအဖွဲ့ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ နိုင်ငံတွေကို ရုရှားက ဒီနှစ်ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်လာနိုင်တာကြောင့် ဂျာမနီစစ်တပ်က ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ ဆိုထားပါတယ်။ အဲဒီစာရွက်စာတမ်းတွေမှာ နေတိုးနဲ့ ရုရှားကြား…

ထိုင်ဝမ်ရွေးကောက်ပွဲအနိုင်ရ ခေါင်းဆောင်အား ဂုဏ်ပြုသူတွေကို တရုတ်အပြစ်တင်

ဘေဂျင်း ၊ဇန်နဝါရီ ၁၇ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရ ခေါင်းဆောင်အား ချီးကျူးဂုဏ်ပြုခဲ့ကြတဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကို တရုတ်က အပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ပြည်သူ့ဒီမိုကရက်တစ် ပါတီ DPP ရဲ့ဒုတိယသမ္မတ ဝီလီယမ်လိုင် အနိုင်ရခဲ့ပြီး ဒီမိုကရေစီနဲ့အာဏာရှင်စနစ် အားပြိုင်နေချိန်မှာ သူ့ပါတီက တတိယအကြိမ်မြောက် အောင်ပွဲရရှိခဲ့တာပါ။ အာဏာရပါတီရဲ့ အောင်ပွဲကို အမေရိကန်နဲ့…

စစ်အာဏာသိမ်း (၁၀၈၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၇၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၇ AAPP ရဲ့ ဇန်နဝါရီ (၁၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၈၀) ရက်အတွင်း ပြည်သူ (၄၃၇၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၂၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၉၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ကျိုက်မရောထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုတွေရှိလာ

ကျိုက်မရော၊ ဇန်နဝါရီ ၁၇ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အခုရက်ပိုင်းအတွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် PPNM က သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားသေဆုံးမှုအရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က ထောင်ဒဏ်တသက်ကျခံနေရတဲ့ အသက် ၄၃ နှစ်အရွယ် ကိုရာရှင်(ခေါ်) ဟာရှင်ဟာ စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံရတဲ့…

တရုတ်ကြားဝင်မှုနဲ့ ဟိုင်ဂင်သဘောတူညီချက် စစ်ကောင်စီကြောင့်အသက်မဲ့

မော်လမြိုင် ၊ ဇန်နဝါရီ ၁၆ တရုတ်ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား အပစ်ခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အသက်မဲ့သွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာနှောင်းပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီဟာ တရုတ်အကူအညီနဲ့ တတိ ယကြိမ်အထိ ဆွေးနွေးမှုတွေ ကြိုးပမ်းခဲ့တာပါ။ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁…