2023

လောင်းလုံးမြို့မရဲစခန်းမှာ ရဲနဲ့စစ်သား အချင်းချင်းပစ်ခတ်မှုဖြစ်၊ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

လောင်းလုံး၊ ဇန်နဝါရီ ၂ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ရှိ စစ်ကောင်စီ လောင်းလုံးမြို့မရဲစခန်းမှာ ဇန်နဝါရီ (၁) ရက် ညပိုင်းက ရဲနဲ့စစ်သားအချင်းချင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။ ဇန်နဝါရီလ(၁) ရက် ည (၈) နာရီအချိန်လောက်က လောင်းလုံးမြို့မရဲစခန်းအတွင်းကနေ သေနတ်သံ (၅) ချက်နီးပါး ဆက်တိုက်ကြားရပြီး အော်ဟစ်ဆဲဆိုသံတွေ ကြားခဲ့တယ်လို့ လောင်းလုံးမြို့ခံတစ်ဦးက…

စစ်ကောင်စီက ပြည်သူပိုင်အိမ် (၄၁၀၀၀) ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG ထုတ်ပြန်

မော်လမြိုင် – ဇန်နဝါရီ(၂) အာဏာသိမ်းစစ်ကောင်စီက ပြည်သူပိုင်နေအိမ် ၄၁၀၀၀ ကျော်ကို ၂၀၂၂ ခုနှစ်အတွင်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ NUG မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက ပြည်သူတွေကို ကျူးလွန်တဲ့ မီးရှို့ဖျက်ဆီးတဲ့ အမှုပေါင်း (၁၀၅၈) မှုမှာ လူနေအိမ် (၄၁၃၅၅) လုံးကျော်ပျက်စီးခဲ့တယ်လို့ ဆိုထားတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး…

ဘုရားသုံးဆူလမ်းပေါ်က BGF တပ်စခန်း ၂ ခုကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကြာအင်းဆိပ်ကြီး – ဇန်နဝါရီ(၂) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းမပေါ်၊ တောင်စွန်းကျေးရွာမှာ ရှိနေတဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF တပ်စခန်း ၂ ခုကို KNLA မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။ KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ဝင်းရေးမြို့နယ် တောင်စွန်းကျေးရွာထဲမှာ ဒီဇင်ဘာ(၃၁)ရက်နေ့ ညပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအကြား…

Mytel တာဝါတိုင် လာစစ်တဲ့ စစ်ကောာင်စီတပ်ကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

ရေး – ဇန်နဝါရီ(၂) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအနီးမှာ ဇန်နဝါရီ ၂ ရက်နေ့ မနက်ပိုင်းက Mytel တာဝါတိုင် လာစစ်တဲ့ စစ်ကောင်စီတပ်ကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၉ နာရီလောက်မှာ ကျုံလောင်းရွာဟောင်းအနီးရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ရေးဘီလူးအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။…

အမေရိကန် သံရုံးရှေ့မှာဆန္ဒပြတာ တပ်ထောက်ခံသူတွေပါအမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” အမေရိကန်သံရုံးရှေ့၌ ပြည်သူများ ဆန္ဒထုတ်ဖော်သည့် မြင်ကွင်း” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

အာဏာရှင်စနစ် တိုက်ထုတ်ဖို့ လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်မယ်လို့ ညီနောင် မဟာမိတ်(၃) ဖွဲ့ထုတ်ပြန်

စစ်တွေ – ဒီဇင်ဘာ(၂) ပြည်သူထောက်ခံမှုရရှိထားတဲ့ တော်လှန်ရေးအဖွဲ့ တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ဖို့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ပြောပါတယ်။ ဇန်နဝါရီလ(၁) ရက်နေ့က ရက္ခိုင့်တပ်တော် (AA)၊တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်တော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော်(MNDAA) အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းရေး၊နိုင်ငံရေးနဲ့ စစ်ရေးမတည်ငြိမ်မှု တွေကြောင့်…

မြောက်ကိုရီးယားရဲ့ နံပါတ် ၂ အဆင့်ရှိ စစ်ဘက်အရာရှိကို ကင်မ်ဂျုံအန်က ရာထူးမှဖယ်ရှား

ပြုံယမ်း၊ ဇန်နဝါရီ(၃) မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းပြီးလျှင် ဒုတိယအာဏာအရှိဆုံး စစ်ဘက်အရာရှိ ပက်ဂျွန်ချွန် ကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ ကော်မတီရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့ ပါတီဗဟိုကော်မတီ အတွင်းရေးမှူးတစ်ဦးဖြစ်သူ ပက်ရဲ့ နေရာမှာ ရီယွန်ဂီလ်ဆိုသူနဲ့ အစားထိုးလိုက်တယ်လို့ KCNA သတင်းဌာနက…

ကိုဗစ်ဖြစ်ပွားမှုမြင့်တက်နေတဲ့ ဝူဟန်မြို့မှာ နှစ်သစ်ကူးပွဲကို လူထောင်နဲ့ချီဆင်နွှဲ

ပေကျင်း – ဇန်နဝါရီ(၃) ဝူဟန်မြို့က လူထောင်ပေါင်းများစွာဟာ နှစ်သစ်ကူးညမှာ ခက်ခဲကြမ်းတမ်းတဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်းနဲ့ ဒီဇင်ဘာလအတွင်း ကိုဗစ်ဖြစ်ပွားမှုတွေ ပြန်လည်မြင့်တက်နေပေမယ့် ပိုမိုကောင်းမွန်တဲ့ နှစ်သစ်ကို မျှော်လင့်ဖို့ နှစ်သစ်ကူးညက မြို့လယ်မှာစုရုံးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ အလယ်ပိုင်းက မြို့မှာ ရိုးရာဓလေ့ အရ ညသန်းခေါင်ယံအချိန် ကောင်းကင်ကို မိုးပျံဘောလုံးတွေ လွှတ်တင်ခဲ့ကြပါတယ်။…

မလေးရှားနိုင်ငံမှာ တရုတ်ရဲ့ ကိုဗစ်မျိုးကွဲအသစ် စမ်းသပ်တွေ့ရှိ

ကွာလာလမ်ပူ – ဇန်နဝါရီ(၃) တရုတ်နိုင်ငံမှာ လက်တလော ပျံ့နှံ့နေတဲ့ ကိုဗစ်မျိုးကွဲအသစ်တွေကို စမ်းသပ် တွေ့ရှိထားတယ် လို့ မလေးရှားကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇာလီဟာ မူစတာဖာ က ပြောပါတယ်။ မျိုးကွဲအသစ်နဲ့ ပတ်သက်တဲ့ အသေးစိတ်သတင်းအချက်အလက်တွေကို ထည့်သွင်းပြောဆိုတာ မရှိပေမယ့် ဒေါက်တာဇာလီဟာ က WHO ရဲ့ သတင်းအချက်အလက်တွေကို အခြေခံပြောဆိုခဲ့ တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ကာကွယ်ဆေး…