2023

ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၉၀) ကျော်သေဆုံး

ကော့ကရိတ် – ဇန်နဝါရီ(၆) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်ဒေသမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ (၆) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၉၀​) ကျော်သေဆုံးခဲ့တယ်လို့ Lion Battalion Commando က သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၆၀(မမ)၊၄၀(မမ) နဲ့ RPG စတဲ့ လက်နက်ကြီးတွေနဲ့ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့…

လောင်းလုံးမှာ ရဲ ၂ ဦး ပစ်ခတ်ခံရပြီးနောက် ရဲတပ်ဖွဲ့က ထန်းတဲနဲ့နေအိမ်တွေကို မီးရှို့

လောင်းလုံး – ဇန်နဝါရီ(၆) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာမှာ ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက ထန်းရည်လာဝယ်တဲ့ ရဲ ၂ ဦး ပစ်ခတ်ခံရပြီးနောက် ရဲတပ်ဖွဲ့က ထန်းတဲနဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၈ နာရီလောက်မှာ သကျက်တောကျေးရွာထိပ်ရှိ ထန်းရည်ဆိုင်မှာ သကျက်တောရဲစခန်းက ရဲတပ်သား ၂…

သထုံမြို့နယ်မှာ ခရီးသည်တင် ကားတစ်စီး မိုင်းဆွဲခံရ၊ ယာဉ်မောင်း အပါအဝင် ၂ ဦး ဒဏ်ရာရ

သထုံ – ဇန်နဝါရီ(၆) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ဇန်နဝါရီ ၅ ရက်နေ့ ည ၁၀ နာရီလောက်က သီဟမင်း ခရီးသည်တင်မှန်လုံယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရန်ကုန်ဘက်သို့ မောင်းနှင်းလာတဲ့ သီဟမင်း ခရီးသည်တင်မှန်လုံယာဉ်ဟာ ကမာစိုင်ကျေးရွာအရောက်မှာ…

ကယားမှာ တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား (၈၀၀) နီးပါးသေဆုံး

ဒီးမော့ဆို – ဇန်နဝါရီ(၆) ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း (၃၄၁) ကြိမ်ဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီဘက်က (၇၉၇) ဦးသေဆုံးပြီး (၉၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေး (KNDF) ကသတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ တစ်နှစ်တာ စစ်ရေးသတင်း အနှစ်ချုပ်ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီနေ့ ဇန်နဝါရီလ(၆)…

ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ(၆) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက်စစ်ကောင်စီတပ်ရင်း ၃ ရင်းကို KNLA ပူးပေါင်းတပ်တွေက တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ပူးပေါင်းတပ်နဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက်စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၂၈၃၊ ခလရ ၂၈၄၊ ခလရ ၃၂ တပ်ရင်းတွေကို…

အိုင်အက်စ်အဖွဲ့ ခိုအောင်းနေတဲ့နေရာတွေကို စီးနင်းတိုက်ခိုက်မှုအတွင်း လူရှစ်ဦးသေဆုံး

ကာဘူးလ်၊ ဇန်နဝါရီ(၆) အာဖဂန်နစ္စတန်ရှိ အိုင်အက်စ်အဖွဲ့တွေ ခိုအောင်းရာနေရာတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း လူ ၈ ဦးသေဆုံးပြီး ခုနစ်ဦးကို ဖမ်းဆီးထားတယ်လို့ တာလီဘန်တို့က ဒီဇင်ဘာလ (၅) ရက်နေ့မှာ ထုတ်ပြန်ခဲ့ ပါတယ်။ တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ရှိ တိုက်ခိုက်ရေးသမားတွေနဲ့ ထောက်ခံအားပေးသူတွေကို စည်းရုံးဖို့ ကြိုးပမ်းနေတဲ့ အစွန်းရောက်အဖွဲ့ကို ကာလရှည်ကြာ တိုက်ခိုက်နှိမ်နင်းလျက်ရှိတာပါ။ “ဒီအဖွဲ့ဝင်တွေဟာ တရုတ်တွေတည်းတဲ့ ဟိုတယ်ကိုတိုက်ခိုက်ရာမှာ အဓိကအခန်းကဏ္ဍကနေ…

ကွန်မြူနစ်ပါတီ ပုံရိပ်ကို ထိန်းသိမ်းတဲ့ အနေနဲ့ အကျင့်ပျက်ချစား ဒုဝန်ကြီးနှစ်ပါကို ရာထူးက ထုတ်ပယ်

ဟနွိုင်း – ဇန်နဝါရီ(၆) ဗီယက်နမ်အစိုးရက အကျင့်ပျက်ချစားမှုတွေ ရှိနေတယ်ဆိုတဲ့ ဒုဝန်ကြီးနှစ်ဦးကို ကာလကြာရှည် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ကွန်မြူနစ်ပါတီရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ ရာထူးက ဖယ်ရှားလိုက်ပါတယ်။ ပါလီမန်က အဲဒီဝန်ကြီးနှစ်ပါးဖြုတ်ချခဲ့တာနဲ့ ပတ်သက်ပြီး အကြောင်းပြချက်ပေးတာမရှိ ပေမယ့် ဇန်နဝါရီလ(၅) ရက်နေ့ အစောပိုင်းမှာ ဗီယက်နမ်းဝန်ကြီးချုပ် ဖန်မင်းချင် က ဝန်ကြီး နှစ်ပါးဖြစ်တဲ့ မစ္စတာ ဒမ်နဲ့…

ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ရုရှား ရေနံကို တရုတ်နဲ့ အိန္ဒိယလျှော့စျေးနဲ့ ရရှိနေ

မော်စကို – ဇန်နဝါရီ(၆) ဥရောပရဲ့ ပိတ်ဆို့မှုတွေခံထားရတဲ့ ရုရှားဟာ အာတိတ်ဒေသက ထွက်ရှိတဲ့ ရေနံစိမ်းတွေကို တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကို ပိုမိုသက်သာတဲ့ လျှော့စျေးနဲ့ တင်ပို့နေတယ်လို့ ကုန်သွယ်ရေး သတင်းရင်းမြစ်တွေနဲ့ အချက်အလက်တွေအရ သိရပါတယ်။ အာတိတ်အဆင့် Arco၊ Arco/Novy Port နဲ့ Varandey တို့ကို ပုံမှန်အားဖြင့် ကမ္ဘာ့အရှေ့ပိုင်းဒေသ ကို တင်သွင်းလေ့မရှိမရှိပေမယ့်…

ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်အစစ်ဆေးကြမ်းနေ

ရေဖြူ၊ ဇန်နဝါရီ(၆) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ဗုံးကွဲတာနဲ့ဗုံးတွေ့ရှိမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ပြီး အစစ်ဆေးကြမ်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က ရေဖြူမြို့မဈေးအနီးနဲ့ ပုဂေါဇွန်းကျေးရွာဘက်သွားလမ်းတွေမှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၅…

စစ်အာဏာသိမ်း (၇၀၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၀၂ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၆) AAPP ရဲ့ ဇန်နဝါရီ(၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၀၄)ရက်အတွင်း ပြည်သူ (၂၇၀၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၉၇၅ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၆၆၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…