2023

လောင်းလုံးမှာ လူဦးရေစာရင်းလာကောက်တဲ့အဖွဲ့ တိုက်ခိုက်ခံရ၊ စစ်သားတစ်ဦးသေဆုံး

လောင်းလုံး၊ ဇန်နဝါရီ(၁၀) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာမှာ ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းက မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတဲ့အဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြောက် ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ နေ့လည် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်သား ၂ ဦး လုံခြုံရေးလိုက်ပါပြီး မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတဲ့ အုပ်ချုပ်ရေးအဖွဲ့က ဝန်ထမ်းတွေအပါအဝင် ၉…

ထားဝယ် ဝကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့နေတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ

ထားဝယ် – ဇန်နဝါရီ(၉) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အရှေ့တောဒေသရှိ ဝကုန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲ မရှိဘဲ အကြောင်းမဲ့ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ…

စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ မင်းဘူးနဲ့ ပွင့်ဖြူပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အသက်အန္တရာယ် စိုးရိမ်ရ

ရေနံချောင်း – ဇန်နဝါရီ(၉) မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးရဲ့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၈) ရက်နေ့က ရေနံချောင်းမြို့နယ် ရှားတော ကျေးရွာမှာ မင်းဘူးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်းနဲ့ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းတို့ကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးခဲ့တာပါ။ “ဦးဝင်းဝင်းဆိုရင်လည်း စဖမ်းကတည်းက…

စစ်ကောင်စီရဲ့ မြေပြင်လူဦးရေစာရင်းကောက်ယူမှုကို တွန်းလှန်ဖို့ Yangon Drone တိုက်တွန်း

ရန်ကုန် – ဇန်နဝါရီ(၉) အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူတာကို ဒီနေ့ ဇန်နဝါရီလ(၉) ရက်ကစပြီး (၃၁) ရက် အထိ တစ်အိမ်တက် တစ်အိမ်ဆင်း စာရင်းကောက်ယူတာကို ရတဲ့နည်းနဲ့ တွန်းလှန်ဖို့ Yangon Drone ကတိုက်တွန်းထားပါတယ်။ အခုလို စာရင်းကောက်ယူတာဟာ စစ်တပ်ရဲ့ ထွက်ပေါက်ဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အထောက်အကူပြုဖို့ အတွက်တင်မဟုတ်ဘဲ…

လမိုင်းမြို့မှာ SB အရာရှိတစ်ဦး ပစ်သတ်ခံရ

လမိုင်း၊ ဇန်နဝါရီ (၉) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊လက်ဝှေ့ရုံဈေးတန်းအနီးမှာ ဒီနေ့ ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့ SB အရာရှိတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၆ နာရီခွဲအချိန်လောက်က လမိုင်းမြို့၊လက်ဝှေ့ရုံဈေးတန်းအနီး ကွမ်းယာ လာဝယ်တဲ့ SB ရဲအုပ်ညီညီဝင်းကို ရေးပြောက်ကျားတပ်ဖွဲ့က…

သီတဂူဗုဒ္ဓတက္ကသိုလ်ရဟန်းကို PDF သတ်တာလို့ တပ်လော်ဘီတွေ သတင်းမှားဖြန့်(အမှန်/အမှား)

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ဒီပဲယင်းကွဲကျေးရွာကို PDF အကြမ်းဖက် သမားများမှ ဝင်ရောက် ပစ်ခတ်”ဆိုတဲ့ ရုပ်သံဖိုင်ပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ…

ပုသိမ်ထောင်ဖြစ်စဉ်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေကို ပေးပို့သွားမယ်လို့ NUG ထုတ်ပြန်

ပုသိမ် – ဇန်နဝါရီ(၉) ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ပုသိမ်အကျဉ်းထောင် ဆူပူမှုဖြစ်စဉ်အပါအဝင် အကျဉ်းသားတွေကို ထောင်တွင်းနှိပ်စက်သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေကို ပေးပို့သွားမယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကိုဝင်းမင်းထက် အပါအဝင် မတရားဖမ်းဆီး အကျဉ်းချခံနေရတဲ့ ပြည်သူ (၈) ဦး ဟာ သေဒဏ် ချမှတ်စီရင်ဖို့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး…

၂၀၂၃ ခုနှစ်အတွင်း အလုပ်လက်မဲ့မှုနှုန်း ပိုမိုမြင့်တက်လာနိုင်

ရန်ကုန်၊ ဇန်နဝါရီ(၈) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးကာလအတွင်း အလုပ်ရုံ၊ စက်ရုံတွေပိတ်သိမ်းဖို့ တင် ပြမှုတွေဆက်ရှိနေတာကြောင့် ၂၀၂၃ ခုနှစ်အတွင်း အလုပ်လက်မဲ့မှုနှုန်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အလုပ်ရုံ၊ စက်ရုံတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း လျှပ်စစ်မီး အပြည့်အဝမရတာ၊ ဓာတ် ဆီ၊ ဒီဇယ်ဆီဈေး အဆမတန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် တောင့်မခံနိုင်တော့ဘဲ ပိတ်သိမ်းမှုတွေရှိလာသလို အချို့စက်ရုံတွေကတော့ သက်ဆိုင်ရာဌာနတွေမှာ…