2023

ကားနဲ့တိုက်ဆွဲခံရပြီး သေဆုံးသွားရသော ဒေလီမြို့သူ အမျိုးသမီးအတွက် တရားမျှတမှုရရေး တောင်းဆို

နယူးဒေလီ၊ ဇန်နဝါရီ(၁၄) အိန္ဒိယနိုင်ငံမြို့တော်ဒေလီမှာ ကားနဲ့ချိတ်ပါပြီးသေဆုံးသွားသော စကူတာစီးနင်းသူ အမျိုးသမီးအတွက် တရားမျှတမှုရှိစေဖို့ လူထုစုဝေးပြီးအပူတပြင်း တောင်းဆိုခဲ့ကြပါတယ်။ အသက် ၂၀ အရွယ် စကူတာစီးလာတဲ့ အမျိုးသမီးတစ်ဦးဟာ ဇန်နဝါရီ၁ရက် အစောပိုင်းတုန်းက ကားတစ် စီးနဲ့တိုက်မိခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်ဟာ ၁၂ ကီလိုမီတာ (၇ မိုင်ကျော်) အကွာအဝေးအထိ ချိတ်ပါသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ “မိန်းကလေးရဲ့အလောင်းဟာ ကားနဲ့တစ်နည်းနည်းချိတ်မိနေပြီး…

အီစတာဗုံးခွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို လျော်ကြေးပေးဖို့ သီရိလင်္ကာသမ္မတဟောင်း အမိန့်ချခံရ

ကိုလံဘို – ဇန်နဝါရီ(၁၄) သီရိလင်္ကာနိုင်ငံ သမ္မတဟောင်းကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က အီစတာဗုံးခွဲမှုမှာ လူပေါင်း (၂၉၀) ထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တာနဲ့ပတ်သက်ပြီး တားဆီးဖို့ ပျက်ကွက်ခဲ့လို့ သီရိလင်္ကာ တရားရုံးက ထိခိုက်သူတွေကို လျော်ကြေးပေးဖို့ အမိန့်ချခဲ့ပါတယ်။ သမ္မတဟောင်းဟာ တိုက်ခိုက်မှုတွေအတွက် ယုံကြည်ရလောက်တဲ့ ထောက်လှမ်းရေး သတိပေး ချက်ရရှိခဲ့ပေမယ့် အဖြစ်ဆိုးကို တားဆီးဖို့…

ထိုင်းစစ်တပ်က သံသယမူးယစ်ကုန်သည် (၅) ဦးကို တောတွင်းတစ်နေရာမှာ ပစ်ခတ်ရှင်းလင်း

ဘန်ကောက် – ဇန်နဝါရီ(၁၄) ထိုင်းနိုင်ငံမြောက်ပိုင်း တောတွင်း တစ်နေရာမှာ သံသယ မူးယစ်ကုန်သည်(၅) ဦးကို စစ်တပ်က ပစ်ခတ်ရှင်းလင်းခဲ့ပြီး(၂) လအတွင်း တတိယအကြိမ်မြောက် ပစ်ခတ်မှု ဖြစ်တယ်လို့အာဏာပိုင် တွေက ဆိုခဲ့ပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၂) ရက်မနက်အစောပိုင်းက ထိုင်း၊လာအိုနဲ့ မြန်မာနိုင်ငံ ကြားမှာ ရှိတဲ့မူယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားတဲ့ ရွှေတြိဂံ အနီးက ချင်းရိုင်ခရိုင်မှာ ဖြစ်…

အောင်လအန်ဆန် ဘရာဇီးလ်ဖိုက်တာကို ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရ

ဘန်ကောက်၊ ဇန်နဝါရီ (၁၄) မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ One Championship MMA ပြိုင်ပွဲရဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံထိုးသတ်ပွဲမှာ ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်လ်ဗာအိုကို ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်လ်ဗာအိုကို ပထမအချီစတဲ့ ပွဲချိန် ၁ မိနစ်နဲ့ ၂၉ စက္ကန့်မှာပဲ အလဲထိုးပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာပါ။ အောင်လဆန်ဆန်တို့ရဲ့…

အပစ်ရပ်ထားပေမယ့် ရခိုင်နဲ့ပလက်ဝစစ်ရှောင်ဒုက္ခသည် ၉ သောင်းနီးပါး နေရပ်မပြန်နိုင်သေး

စစ်တွေ၊ ဇန်နဝါရီ(၁၄) စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ အပစ်ရပ်ထားပေမယ့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက စစ်ရှောင်ဒုက္ခသည် ၉ သောင်းနီးပါးဟာ လက်ရှိအချိန်အထိနေရပ်မပြန်နိုင်သေးဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA )က ပြောကြားလိုက်ပါတယ်။ အပစ်ရပ်ထားတာ တစ်လကျော်ကြာရှိလာပေမယ့် လမ်းပန်းဆက်သွယ်ရေးနဲ့ စားဝတ်နေရေးအပါအဝင် အထွေထွေအခက်အခဲတွေကြောင့် စစ်ရှောင်ဒုက္ခသည်တွေနေရပ်ပြန်ဖို့ အခက်ကြုံနေရတယ်လို့ UNOCHA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ…

စစ်အာဏာသိမ်း (၇၁၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၃၄ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၁၄) AAPP ရဲ့ ဇန်နဝါရီ(၁၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၁၂)ရက်အတွင်း ပြည်သူ (၂၇၃၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၂၅၀ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၃၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

လူဦးရေစာရင်းကောက်ယူမှုအပေါ် အဆင့်ဆင့်တုံ့ပြန်သွားမယ်လို့ မွန် PDF တွေ ပြော

မော်လမြိုင်၊ ဇန်နဝါရီ(၁၄) လာမယ့်ရွေးကောက်ပွဲအတွက် စစ်ကောင်စီက မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တစ်ချို့တို့မှာ မြေပြင်လူဦးရေးစာရင်းကောက်ယူမှုတွေ လုပ်ဆောင်နေတဲ့အပေါ် အဆင့်ဆင့်တုံ့ပြန်သွားမယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး မွန်ပြည်နယ်ရှိ ကျိုက်မရော၊ ကျိုက်ထို၊ မော်လမြိုင်၊ ချောင်းဆုံနဲ့သံဖြူဇရပ်အပါအဝင် မြို့နယ်တစ်ချို့တို့မှာ လုံခြုံရေးအပြည့်နဲ့ မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတာ ဖြစ်ပါတယ်။ မြေပြင်လူဦးရေစာရင်းကောက်ယူမှုကို…

ထားဝယ်အရှေ့တောတိုက်ပွဲမှာ နှစ်ဖက်ထိခိုက် သေဆုံးတာတွေရှိခဲ့

ထားဝယ်၊ ဇန်နဝါရီ(၁၄) တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောဒေသမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံး တာတွေရှိခဲ့ပြီး စစ်ကောင်စီဘက်ကအထိနာခဲ့တယ်လို့ ဥသြစစ်ကြောင်း(ထားဝယ်မြို့နယ်)ပြန်ကြား ရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ ပခပ်တံတားအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်၊ ထားဝယ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းတွေကို ဥသြစစ်ကြောင်းကနေ ၄၀ မမ၊…

မော်လမြိုင်လေဆိပ်အနီးရှိ ဈေးဆိုင်ခန်းတွေ တစ်လအတွင်းဖျက်သိမ်းဖို့ စစ်ကောင်စီဖိအားပေး

မော်လမြိုင်၊ ဇန်နဝါရီ(၁၄) မွန်ပြည်နယ်၊ မော်လမြိုင်လေဆိပ်အနီးရှိ ဈေးဆိုင်ခန်းတွေကို တစ်လအတွင်း ဖျက်သိမ်းပေးဖို့ စစ်ကောင်စီ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဖိအားပေးလာတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဈေးဆိုင်ခန်းတွေဖျက်သိမ်းဖို့ စစ်ကောင်စီဖိအားပေးလာတဲ့ အကြောင်းကြားစာထဲမှာတော့ မော်လမြိုင်လေဆိပ်က အရင်မြေငှားရမ်းထားတဲ့ ဆိုင်ခန်းအားလုံးပါဝင်သလို ဌာနခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေလည်း ပါဝင်တာပါ။ အဲဒီဈေးဆိုင်ခန်းတွေဟာ ဇန်နဝါရီလ (၃)ရက်နေ့ကနေစတင်ပြီး ဖေဖော်ဝါရီ (၂)ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရမယ်လို့…

မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို ရန်ကုန် MCC ခန်းမမှာ ကျင်းပမယ်

မော်လမြိုင်၊ ဇန်နဝါရီ(၁၄) လာမယ့်ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗေးရှင်းစင်တာ (MCC) ခန်းမမှာ ကျင်းပသွားမယ်လို့ ကျင်း ပ ရေးကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဟံသာဝတီပြည်ကို တည်ထောင်ခဲ့တဲ့ တပို့တွဲလဆုတ် ၁ ရက်နေ့ကိုအစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ မွန်အမျိုးသားနေ့ကို မွန်လူမျိုးတွေနေထိုင်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊…