2023

“မြို့တွင်းဖြစ်စေ၊ ပူးတွဲထိန်းချုပ်တဲ့ နေရာဖြစ်စေ ကျွန်တော်တို့ ကရင်လူငယ်တွေ ဖမ်းဆီးခံရတာတွေ၊ မီးရှို့သွားတာတွေ၊ အသက်ပေးခဲ့တာတွေ ကျွန်တော်တို့ မြန်မာနိုင်ငံအနှံ့မှာ လှုပ်ရှားနေတဲ့ ကရင်လူငယ်တွေလည်း အဖမ်းဆီးခံနေရသလို တစ်ချို့သောအမျိုး သားရေးလုပ်ငန်းတွေမှာလည်း ကျွန်တော်တို့ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ရယ်၊ ပေါ်ပေါ်တင်တင်လုပ်နိုင်ဖို့ရယ်က ဒါကအခက်အခဲစိန်ခေါ်မှု တစ်ရပ်အနေနဲ့ကိုဖြစ်နေတယ်လို့ ကျွန်တော်မြင်တယ်”

ကရင်လူငယ်အစည်း အရုံး(KYO) တွဲဖက်အတွင်းရေးမှူး (၂) စောအယ်ထီးကော်နဲ့ ဆက်သွယ်မေးမြန်းချက်။ (၆) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး(KYO) ကွန်ဂရက်ညီလာခံကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ရက်နေ့ကနေ ၈ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကွန်ကရက်မှာ ရှေ့ဆက်ဆောင်ရွက်သွားမယ့် ရှေ့လုပ်ငန်းစဉ် (၂၁) ချက်ချမှတ်ခဲ့သလို ဗဟိုအလုပ်အမူဆောင်ကော်မတီ (၁၁) ဦးကိုလည်း မဲပေးရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် ကရင်လူငယ်အစည်းအရုံး(KYO) ကွန်ဂရက်ညီလာခံမှာ…

ဂျပန်နဲ့ အိန္ဒိယတို့ပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်မှုစတင်

တိုကျို၊ ဇန်နဝါရီ(၁၇) ဂျပန်နဲ့ အိန္ဒိယတို့ ပူပေါင်းပြီး တိုကျိုမြို့အနီးမှာ ပထမဦးဆုံးအကြိမ် ဖိုက်တာဂျက်လေယာဉ် ပူးတွဲ စစ်ရေး လေ့ကျင့် ပျံသန်းမှုကို စတင်လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ဆောင်ရတာဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အားကြီးထွားလာမှုကို စောင့်ကြည့်နိုင်ဖို့အတွက် နဲ့ နိုင်ငံတွေရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးသဘောတူညီချက်တွေကို အရှိန်မြင့်ဆောင်ရွက်တဲ့အနေနဲ့ ပြုလုပ်တာ ဖြစ်တယ်လို့လည်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ၁၁ ရက်ကြာမြင့်မယ့် အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယနိုင်ငံမှ…

ယူကရိန်းအရပ်သား အသေအပျောက်အများဆုံး တိုက်ခိုက်မှုအပြီး အသက်ရှင်သူတွေကို ကယ်ဆယ်ရေးသမားတွေရှာဖွေနေ

ကိယက် – ဇန်နဝါရီ(၁၇) ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်း ဒီနီပရိုမြို့က လူနေတိုက်ခန်းတစ်ခုကို ရုရှားဒုံးကျည်နဲ့ တိုက် ခိုက်ခဲ့တဲ့အတွက် သေဆုံးသူဦးရေ (၃၀) အထိမြင့်တက်လာပြီး အပျက်အစီးတွေထဲမှာ အသက် ရှင်ကျန်သူတွေကို ကယ်ဆယ်ဖို့ နိုင်ငံတော်အရေးပေါ် ဝန်ဆောင်မှုဌာနက လုပ်ဆောင်နေတယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ အအေးလွန်ကဲနေပေမယ့် နေရာညအချိန်ပါ ရှာဖွေမှု တွေလုပ်ခဲ့ပြီး အဲဒီတိုက်ခန်းမှာ လူပေါင်း(၁၇၀၀) နေထိုင်တယ်လို့ တာဝန်ရှိသူတွေက…

ကဘူးလ် မှာအမျိုးသမီးပါလီမန်အမတ်ဟောင်းကို အမည်မသိ သေနတ်သမားပစ်ခတ်

ကဘူးလ် – ဇန်နဝါရီ(၁၇) အာဖဂန်နစ္စတန်ရဲ့ အမျိုးပါလီမန်အမတ်ဟောင်းတစ်ဦးကို သူမရဲ့ နေအိမ်မှာ အမည်မသိ သေနတ်သမားတစ်ဦးက သတ်ဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ သေနတ်သမားရဲ့ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတဲ့ အမတ်ဟောင်းနာဘီဇာဒါဟာ ၂၀၁၈ ခုနှစ် ကဘူးလ် ကိုယ်စားပြု အောက်လွှတ်တော် အမတ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၅) ရက်နေ့က တိုက်ခိုက်မှုမှာ အမျိုးသမီးပါလီမန် အမတ်ဟောင်း မာဆယ်လ် နာဘီဇာဒါနဲ့ သူ့ရဲ့…

ထားဝယ်သပိတ်အဖွဲ့ဝင်လူငယ်တစ်ဦး နေအိမ်ချိပ်ပိတ်ခံရ၊ အတွင်းပစ္စည်းတွေကိုပါ ယူဆောင်သွား

ထားဝယ်၊ ဇန်နဝါရီ(၁၇) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ကွက်၊ ဆေးရုံလမ်းက သပိတ်အဖွဲ့ဝင်လူငယ်တစ်ဦးရဲ့နေအိမ်နဲ့ မြေအလွတ်တစ်ကွက်ကိုပါ စစ်ကောင်စီကချိပ်ပိတ်သွားပြီး အိမ်တွင်းပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ဒုတိယအပတ်အတွင်း ထားဝယ်သပိတ်အဖွဲ့ဝင် ကိုတက်တိုးအောင်နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်အင်အား ၄၀ နီးပါးက ကား ၇ စီးနဲ့ ရောက်ရှိလာပြီးနောက် နေအိမ်နဲ့ဆေးရုံအနောက်ဘက်က မိဘပိုင်ခြံကွက်ကိုပါ ချိပ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ နေအိမ်နဲ့မြေကွက်ကို…

စစ်အာဏာသိမ်း (၇၁၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၄၃ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၁၇) AAPP ရဲ့ ဇန်နဝါရီ(၁၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၁၅)ရက်အတွင်း ပြည်သူ (၂၇၄၃)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၃၄၈ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၃၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

ပရဟိတအဖွဲ့တွေကို သတင်းပေးအပြင်၊ လုံခြုံရေးမှာပါအသုံးချနိုင်ရေးစည်းရုံးဖို့ စစ်ကောင်စီညွှန်ကြား

ရန်ကုန်၊ ဇန်နဝါရီ(၁၅)တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းရှိ ပရဟိတအဖွဲ့တွေကို ပိုမိုချစ်ကြည်ရင်နှီးလာအောင် ဆောင်ရွက်ပြီး သတင်းပေးအပြင်၊ လုံခြုံရေးမှာပါအသုံးချနိုင်ရေးစည်းရုံးကြဖို့ စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားလာတာဖြစ်ပါတယ်။ ပရဟိတအဖွဲ့တွေကို အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းစဉ်တွေမှာ အသုံးချနိုင်ရေးစည်းရုံးဆောင်ရွက်ကြဖို့ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၃ ရက်နေ့ကပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးအပြီး ပေါက်ကြားလာတဲ့ လျှို့ဝှက်ညွှန်ကြားစာအရ သိရပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးအပြီး အစည်းအဝေးမှတ်တမ်းအပါအဝင် ညွှန်ကြား ချက်ပေါင်းအချက် ၃၀ ကျော်ကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အဖွဲ့တွေအလိုက်ဆောင်ရွက်ဖို့…

မွန်ပြည်နယ်မှာ တစ်နှစ်အတွင်း အကြမ်းဖက်စွပ်စွဲချက်နဲ့ ၂၀၀ ကျော် ဖမ်းဆီးခံရ

မော်လမြိုင်၊ ဇန်နဝါရီ(၁၇) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ဖောက်ဖျက်ကျူးလွန်သူ၂၁၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီပြည်နယ်လုံခြုံရေးနဲ့ နယ် စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်က ပြောပါတယ်။ လျှို့ဝှက်ညွှန်ကြားစာထွက်ပေါ်လာတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟို အစည်းအဝေးမှာ မွန်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီးတင်ပြစဉ် စစ်ကောင်စီဗိုလ်မှူးကြီးကျော်စွာမြင့်က ပြောဆိုခဲ့တာပါ။ ဗိုလ်မှူးကြီးကျော်စွာမြင့်က ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဖောက်ဖျက်ကျူး လွန်…

ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်း အသုံးပြုခွင့်ပိတ်တာဟာ လူထုထိခိုက်မှာစိုးရိမ်လို့ဖြစ်ကြောင်း KNU ပြောကြာ

အင်းဆိပ်ကြီး၊ ဇန်နဝါရီ(၁၇) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမှာ ခရီးသည်တင်ယာဉ်တွေကို (၈)ရက်တာ သွားလာခွင့်ပိတ်ပင်မှုဟာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ခရီးပြည်သူလူထုတွေ ထိခိုက်မှာစိုးရိမ်တဲ့အတွက် ပိတ်ပင်တားမြစ်တာဖြစ်တယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာကြောင့် ခရီးသွားပြည်သူလူထုတွေ ခရီးသွားလာရာမှာ အလွန်အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်ပေါ်နေတယ်လို့ ကရင်အမျိုးသားအ စည်းအရုံး KNU ဒူးပလာယာခရိုင်က အတွင်းရေးမှူး စောလစ္စတန်လက်မှတ်နဲ့ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ထားခဲ့ပါတယ်။…