ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ထောင် ၁၀ နှစ်ချခံရ
ရန်ကုန် – နိုဝင်ဘာ ၂၉ ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ်ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အင်းစိန်အထူးသီးသန့် တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၁၂၄ဃ ၊ ပုဒ်မ ၅၀၅ က တို့နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာပါ။…