December 2023

ရုရှား ကျူးကျော်စစ်ခုခံဖို့ ယူကရိန်း ရန်ပုံငွေ အခက်ကြုံနေရပြီ

ဝါရှင်တန်၊ ဒီဇင်ဘာ ၆ ယူကရိန်းကို လက်နက်နဲ့ အကူအညီတွေပေးပို့ဖို့ ရန်ပုံငွေဟာ ဒီနှစ်ကုန်ပိုင်းမှာ ကုန်ဆုံးတော့ မှာဖြစ်တာကြောင့် စစ်ပွဲအရေးနိမ့်သွားနိုင်တယ်လို့ အမေရိကန် စီမံခန့်ခွဲရေးနဲ့ ဘတ်ဂျက်ရုံး ဒါရိုက်တာ ရှာလန်ဒါယမ်းက သတိပေးလိုက်ပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှု ခုခံကာကွယ်နေတဲ့ စစ်ပွဲရပ်တန့်သွားနိုင်တယ်လို့ဆိုပြီး ကွန်ဂရက်လွှတ်တော်ထံ ဒီဇင်ဘာ ၅ ရက်နေ့မှာ အရေးပေါ်သတိပေးချက် ပေးပို့ခဲ့တာပါ။ “ယူကရိန်းစီးပွားရေး ပြိုကျရင်…

ပုလဲမှာ ပျူစောထီးတစ်ဦး ABSDF ထံ လက်နက်ခဲယမ်းနဲ့ ပထမဆုံးအလင်းဝင်လာ

ပုလဲ – ဒီဇင်ဘာ ၅ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က ပျူစောထီးတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ကျောင်းသား တပ်မတော် ABSDF ထံ လက်နက်ခဲယမ်းနဲ့ ပထမဆုံးအလင်းဝင်ရောက်လာတယ်လို့ ABSDF Column – 3 ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ၃…

ရန်ကုန်မှာ စစ်ကောင်စီစခန်းချနေရာတွေကို တိုက်ပွဲတွေစတင်ဖော်ဆောင်

ရန်ကုန် – ဒီဇင်ဘာ ၅ ရန်ကုန်မြို့မှာ စစ်ကောင်စီစခန်းချရာ နေရာတွေကို တိုက်ပွဲတွေ စတင်ဖော်ဆောင်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၅ရက်နေ့မှာ ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ် ရေးအဖွဲ့က ကြေညာလိုက်ပါတယ်။ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီဇင်ဘာ ၅ရက် နံနက် (၇) နာရီဝန်းကျင်မှာ စစ်ကောင်စီလက်အောက်ခံ သု၀ဏ္ဏ မြို့မရဲစခန်းကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ မိတ်ဖက်အဖွဲ့တွေက ပြင်းအားမြင့်မိုင်းနဲ့ ပူးပေါင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့…

KNDF ဒုစစ်ဦးစီးချုပ်ဒဏ်ရာရဟု စစ်ကောင်စီလော်ဘီတွေ သတင်းမှားဖြန့် (အမှန် /အမှား)

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် /အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့‌နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “KNDF ဒုစစ်ဦးစီးချုပ်မာဝီ ဒဏ်ရာပြင်းထန်ရတယ်ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့်…

မြိတ်နဲ့တနင်္သာရီက စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရ

မြိတ်၊ ဒီဇင်ဘာ ၅ တနင်္သာရီတိုင်း၊ မြိတ်နဲ့တနင်္သာရီမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုအပါအဝင်လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က မြိတ်မြို့မှ တနင်္သာမြို့ကို လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ စစ်ကောင်စီကား ၃ စီးကို…

စစ်အာဏာသိမ်း (၁၀၃၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၃၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၅) AAPP ရဲ့ ဒီဇင်ဘာ(၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၃၇) ရက်အတွင်း ပြည်သူ (၄၂၃၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၉၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၈၈) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

သိမ်းပိုက်ထားတဲ့မြို့တွေရဲ့ အုပ်ချုပ်ရေးနဲ့ပြည်သူ့လုံခြုံရေး ဘာတွေပြင်ဆင်ထားလဲ

ကောလင်း၊ ဒီဇင်ဘာ ၅ အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်မှာ နိုင်ငံတဝန်းထိုးစစ်တွေနဲ့ စစ်ကောင်စီတပ်ကို ပြိုကျအောင် လှဲဖြိုနေကြချိန်မှာပဲ ပြည်နယ်လေးခုနဲ့ တိုင်းဒေသကြီးတစ်ခုအတွင်းရှိ မြို့ပေါင်း ၁၈ မြို့ထက်မနည်း တော်လှန်ရေးတပ်ဖွဲ့ တွေက သိမ်းပိုက်ထိန်းချုပ်ထားတာပါ။ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းက ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေး၊ ချင်းပြည်နယ်မှာ ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ ရှမ်းပြည်နယ်မှာ ချင်းရွှေဟော်၊…

မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီဖွဲ့စည်း

မော်လမြိုင်၊ ဒီဇင်ဘာ ၅ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု ပါဝင်ထားတဲ့ မွန်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန် ထမ်းတွေ စုပေါင်းပြီး မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ CCSC-MON ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ အဲဒီကောင်စီဟာ မွန်ပြည်နယ်အတွင်းက CDM နိုင်ငံ့ဝန်ထမ်းများ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ရပ် ပေါ်…

ထားဝယ်အကျဉ်းထောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင် မီးရှို့ဖျက်ဆီးခံရ

ထားဝယ်၊ ဒီဇင်ဘာ ၅ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇီးကျကျေးရွာအနီးမှာ အသစ်တည်ဆောက်နေတဲ့ ထားဝယ်ထောင်သစ်တည်ဆောက်ရေးလုပ်ငန်းခွင် မီးရှို့ဖျက်ဆီးခံလိုက်ရပြီး အလုပ်သမား ၆ ဦးလည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ထားဝယ်အကျဉ်းထောင်သစ်တည်ဆောက်ရေး လုပ်ငန်းခွင်ထဲကို လက်နက်ကိုင်တပ်ဖွဲ့ဝင် ၅၀ နီးပါး ရောက်ရှိလာပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာပါ။ မီးရှို့ဖျက်ဆီးခံရတာကြောင့်…

ကော့ကရိတ်တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ သောင်းနဲ့ချီရှိလာ

ကော့ကရိတ်၊ ဒီဇင်ဘာ ၅ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူ သောင်းနဲ့ချီ ရှိလာတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး KNU ကော့ကရိတ်မြို့နယ် ကော့ကရိတ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့တာပါ။…