December 2023

တရုတ်နဲ့မက္ကဆီကိုတို့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြု

ပေကျင်း၊ ဒီဇင်ဘာ ၇ တရုတ်နဲ့ မက္ကဆီကိုတို့ရဲ့ ပူးပေါင်းမှုဟာ ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်းဆုံးအခင်းအကျင်းဖြစ်တယ်လို့ မက္ကဆီကိုနိုင်ငံသို့ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းအိုတစ်စ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီးတွေ ပြန်လည်တည်ဆောက်ရာမှာ ကူညီခဲ့တဲ့ တရုတ်နိုင်ငံကို မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးကလည်း ကျေးဇူးတင်တယ်လို့ ဆိုခဲ့တာပါ။ အဲဒီမုန်တိုင်းကြောင့် ထိခိုက်သွားတဲ့ မက္ကဆီကို မိသားစုတွေအတွက်…

မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးကို တရုတ်ကွပ်မျက်

မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးကို တရုတ်ကွပ်မျက် မနီလာ၊ဒီဇင်ဘာ ၇ ဖိလစ်ပိုင်အစိုးရအရာရှိတွေဟာ တရုတ်နိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ သေဒဏ်ကျခံ နေရတဲ့ သူတို့ရဲ့နိုင်ငံသားနှစ်ဦးကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အဖြစ်လျှော့ပေါ့ပေးဖို့ အယူခံ ဝင်ခဲ့ပေမယ့် တရုတ်ဘက်က ကွပ်မျက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ကွပ်မျက်ခံလိုက်ရသူနှစ်ဦး မိသားစုဝင်တွေဝင်တွေရဲ့ လျှို့ဝှက်လိုတဲ့ ဆန္ဒအရ ဖိလစ်ပိုင်နိုင်ငံ ခြားရေးဌာနက အသေးစိတ်ထုတ်ဖော်ထားတာမရှိပေမယ့် နိုဝင်ဘာ ၂၄ ရက်နေ့က ကွပ်မျက်မှု နဲ့ပတ်သက်ပြီး…

အိန္ဒိယ မဏိပူရ် ပစ်ခတ်မှုအတွင်း အနည်းဆုံးလူ ၁၃ ဦးသေဆုံး

မဏိပူရ်၊ ဒီဇင်ဘာ ၇ အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလူ ၁၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ် တန်ဂူပေါခရိုင်ထဲက ကျေးရွာတစ်ရွာမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှုတွေဖြစ်ခဲ့တာပါ။ “ရုပ်အလောင်းတွေကို ချက်ချင်းဆိုသလို ခွဲခြားမှုကို ဆောင်ရွက်မယ့် အနေအထားမှာ မရှိပါဘူး၊ပြီးတော့ ဘယ်စစ်သွေးကြွတအဖွဲ့တွေနဲ့ ပတ်သက်တာလည်း မသိသေးပါဘူး”လို့ မဏိပူရ်ပြည်နယ်…

ထရွန်အိုင်ဗျူဟာစခန်းကုန်းကြီးသိမ်းပိုက်ပြီးနောက် ကျန်ရှိနေတဲ့ နှုံးဘူးဗျူဟာစခန်းကုန်းကို AA ကဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေ

ပလက်၀၊ ဒီဇင်ဘာ ၆ ချင်းပြည်နယ်၊ ပလက်၀မြို့ရှိ တရွန်အိုင်ဗျူဟာ စခန်းကုန်းကို AA ကသိမ်းပိုက်ပြီးနောက် ကျန်ရှိနေတဲ့ နှုံးဘူးဗျူဟာ စခန်းကုန်းကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒီနေ့ နေ့လည်ပိုင်းမှာ AA က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ တရွန်အိုင်ဗျူဟာ စခန်းကုန်းကို သိမ်းပိုက်ပြီးနောက် တစ်ဆက်တည်းမှာပဲ ကျန်ရှိ‌နေတဲ့ နှုံးဘူးဗျူဟာကုန်းကို ဒီနေ့…

ကျိုက်ထိုမှာ ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

ကျိုက်ထို၊ ဒီဇင်ဘာ ၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းနဲ့အင်္ဂဘိုကျေးရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ တော်လှန်ရေးအင်အားစုတာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ ည ၃ နာရီခွဲအချိန်ခန့်က ဘီးလင်းမြို့နယ်ကနေ ပဲခူးတိုင်းဒေသကြီးထံ မောင်းနှင်းလာတဲ့ ကား ၇ စီးပါး စစ်ကောင်စီယာဉ်တန်းကို…

ကျိုက်မရောစစ်ရှောင်တွေ စားနပ်ရိက္ခာ၊ စောင်နဲ့အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေ

ကျိုက်မရော၊ ဒီဇင်ဘာ ၆ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ၊စောင်နဲ့အဝတ်အထည်တွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားဂိတ်နဲ့ နယ်မြေရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲတွေ နေ့ရက်ဆက်ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲတွေဟာ ကျိုက်မရောမြို့နယ် စံပယ်ဂူတံတား အနီးပတ်ဝန်းကျင်ကျေးရွာတွေအထိ တိုက်ပွဲဧရိယာ…

ဆိပ်ဖြူ ကန်ဇွန်းမနယ်မြေရဲစခန်းကိုတိုက်ခိုက် ၇ ဦးသေဆုံး

ဆိပ်ဖြူ – ဒီဇင်ဘာ ၆ မကွေးတိုင်း၊ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်အခြေစိုက် ကန်ဇွန်းမ နယ်မြေရဲစခန်းကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက် သေဆုံးရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ကန်ဇွန်းမရဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးကာ ၁၅…

စစ်အာဏာသိမ်း (၁၀၃၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၃၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၆) AAPP ရဲ့ ဒီဇင်ဘာ(၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၃၈) ရက်အတွင်း ပြည်သူ (၄၂၃၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၅၀၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…