TLT Tv||- ဒီဇင်ဘာလ (၇) ရက် ည ၈ နာရီသတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/8kED3f9bIps
https://youtu.be/8kED3f9bIps
ထီးလင်း – ဒီဇင်ဘာ ၇ မကွေးတိုင်း၊ထီးလင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူ ၁၅၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထီးလင်းမြို့ မှာတိုက်ပွဲဖြစ်ပွားနေတာပါ။ ထီးလင်းမြို့နယ်ကိုထွက်ခွာလာတဲ့ စစ်ကြောင်းကလည်း ဂန့်ဂေါမြို့နယ် ကျောမြို့အနောက်ဘက်က ထွက်ခွာလာတယ်လို့ သိရပါတယ်။…
ကိုးကန့် – ဒီဇင်ဘာ ၇ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသမြောက်ပိုင်း မော်ထိုက်၊ချုံကန်၊ကုန်းကမ်းစတဲ့ နေရာတွေမှာ စစ်ကောင်စီ နှစ်ပေါင်း ၃၀ နီးပါး တပ်စွဲတည်ဆောက်ခဲ့တဲ့ တပ်စခန်းသိမ်းတိုက်ပွဲမှာ MNDAA ရဲ့ ပစ်ခတ်မှု ကြောင့် စစ်ကောင်စီ စကခ ၁၂ ရဲ့ စကခမှူး သေဆုံးခဲ့တယ်လို့ The Kokang မှာဖော်ပြထားပါတယ်။ စခန်းသိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့တွေနေရာအနှံ့ကိုထွက်ပြေးပုန်းအောင်းတဲ့နေရာတွေ ကို…
“စစ်တပ်က သတ်ဖြတ်တာ၊ အိမ်တွေကိုမီးရှို့တာ၊ အခုကရွာတွေထဲဝင်ပြီးတော့ လူနဲ့ပစ္စည်းတွေမှန်သမျှကို သူ့တပ်ကလုပ်တာကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတာ။ အကြမ်းဖက်မှုတွေအားလုံးက သူလုပ်ခဲ့တာ။ သူခိုးကလူပြန်ဟစ်နေတာ” တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ပွဲတိုင်းလိုလို ရှုံးနိမ့်နေတဲ့ အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းကြ ဖို့ ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း ထုတ်ပြောလာပါတယ်။ သူရဲ့ထုတ်…
လောင်းလုံး၊ ဒီဇင်ဘာ ၇ တနင်္သာရီတိုင်း၊လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းနဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ စရဖရုံးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီရဲစခန်းနဲ့စရဖရုံးကို ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နေရာ ၃ နေရာကနေ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအချိန် နာရီဝက်နီးပါးအကြာဖြစ်ပွားပြီးနောက် တိုက်ပွဲငြိမ်သက်သွားတယ်လို့…
မော်လမြိုင်၊ ဒီဇင်ဘာ(၇) AAPP ရဲ့ ဒီဇင်ဘာ(၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၃၉) ရက်အတွင်း ပြည်သူ (၄၂၄၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၅၀၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…
နေပြည်တော်၊ ဒီဇင်ဘာ ၇ ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက်ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီဗဟိုဘဏ်က ဈေးကွက်အတွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားမှုတွေကို ပြင်ပပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းချနိုင်တယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း AD လိုင်စင်ရဘဏ်တွေအနေနဲ့ နိုင်ငံခြား ငွေကြေးဈေးကွက် Online Trading စနစ်မှာ အရောင်းအဝယ်ပြုလုပ်ရာ ငွေလဲလှယ်နှုန်းတွေကို ဗဟိုဘဏ်ဘက်က သတ်မှတ်ပေးတော့မှာ…
မော်လမြိုင်၊ ဒီဇင်ဘာ ၇ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရေးနဲ့တိုက်ခိုက်ဖျက်သိမ်းသွားနိုင်မှသာ မွန်ပြည်နယ်က ပြည်သူတွေလိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားနိုင်မယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ပြောပါတယ်။ လက်ရှိစစ်ကောင်စီကနေ မွန်ပြည်နယ်အတွင်းရှိ ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး မွန်လူငယ်တွေနဲ့ တော်လှန်သူပြည်သူအပေါင်းကို တိုက်တွန်းတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ထုတ် ကြေညာချက်မှာ ဖော်ပြထားတာပါ။ မွန်ပြည်နယ်အတွင်းရှိ မွန်လူငယ်တွေအပါအဝင်…
ကော့ကရိတ်၊ ဒီဇင်ဘာ ၇ ကရင်ပြည်နယ် ကော့ကရိတ်မြို့တိုက်ပွဲအတွင်းမြို့ထဲမှာနဲ့ အာရှလမ်းမပေါ်မှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေနဲ့ ယာဉ်မောင်းတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ လူမှုကယ်ဆယ်ရေးလုပ်ဆောင်သူတွေက သွားရောက်ကယ်ထုတ်တာတွေ လုပ်ဆောင်ပေးနေတယ်လို့ ကော့ကရိတ်ဒေသခံတွေကနေ သိရပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းက စတင်ခဲ့တဲ့ ကော့ကရိတ်မြို့တိုက်ပွဲဟာ ၆ ရက်မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း ကော့ကရိတ်မြို့ရဲ့ အာရှလမ်းမအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား…
ဘီးလင်း၊ ဒီဇင်ဘာ ၇ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းနဲ့ကော့ကဒွတ်ကျေးရွာအကြား သံတံတားမှာ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီးငွေညှစ်နေတဲ့ ရဲနဲ့ယာဉ်ထိန်းရဲတွေ တိုက်ခိုက်ခံရတာကြောင့် ၃ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်နယ် ပကဖထံကနေ သိရပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်မှာ သံတံတားအနီး ဆိုင်ကယ်တွေလာရောက်စစ်ဆေးပြီး ဖမ်းဆီးလေ့ရှိတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်နဲ့ ယာဉ်ထိန်းရဲတွေကို…