December 2023

ရေဖြူမြို့နယ် ဇီးကျဒေသခံ ၁၀၀ ကျော် ဖမ်းဆီးစစ်ဆေးခံရ

ရေဖြူ၊ ဒီဇင်ဘာ ၈ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာ ဒေသခံပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး အမျိုးသားဖြစ်သူတွေကို ရိုက်နက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ ဇီးကျကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံပြည်သူတွေကို ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက်…

စစ်အာဏာသိမ်း (၁၀၄၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၄၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၈) AAPP ရဲ့ ဒီဇင်ဘာ(၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၄၀) ရက်အတွင်း ပြည်သူ (၄၂၄၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၅၁၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

“နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ စစ်ခေါင်းဆောင် ပြောဆိုမှုအပေါ် AA ဘယ်လိုတုံ့ပြန်လိုက်လဲ”

မော်လမြိုင်၊ ဒီဇင်ဘာ ၈ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရေးမလှရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြောလာတာဖြစ်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဆက်ပြီး မိုက်တွင်းနက်နေမယ်ဆိုပါက မိုက်တွင်းနက်တဲ့ဒဏ်ကို ပြည်သူတွေသာ ခံစားရမှာဖြစ်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့လိုတယ်လို့ စစ်ကောင်စီအစည်းအဝေးအတွင်း ပြောဆိုခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် AA အပါအဝင်…

မွန်ပြည်နယ်မှာ စက်သုံးဆီပြတ်လပ်နေလို့ နာရီနဲ့ချီတန်းစီစောင့်ဆိုင်း ဝယ်ယူနေရ

မော်လမြိုင်၊ ဒီဇင်ဘာ ၈ မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ ဆီပြတ်လပ်မှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတာကြောင့် နာရီနဲ့ချီတန်းစီစောင့်ဆိုင်းနေရသလို လုံးဝပြတ်လပ်မှုတွေအထိ ဖြစ်ပေါ်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ စက်သုံးဆီပြတ်လပ်မှုဟာ ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ ဆိုးဆိုးဝါးဝါး ပြတ်တောက်လာတာ၊ လိုသလောက်ဝယ်ယူလို့မရတာတွေအပြင် အချိန်ကြာမြင့်စွာတန်းစီပြီး ဝယ်ယူရတဲ့ အခြေအနေတွေနဲ့ ကြုံနေရတာပါ။ စက်သုံးဆီဝယ်ယူတဲ့နေရာမှာလည်း…

မုန်းမြို့ပေါ်တိုက်ပွဲကြောင့် ဒေသခံခုနှစ်သောင်းနီးပါး စစ်ရှောင်နေရ

မုန်း၊ ဒီဇင်ဘာ ၈ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ မုန်းမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူလူထု ခုနှစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ KNU တပ်မဟာ ၃ နယ်မြေ မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ ခမရ ၅၅၉၊ ခမရ ၅၉၀၊ မုန်းမြို့မရဲ စခန်းနဲ့…

၁၂ ကြိမ်မြောက် မွန်လူငယ်နေ့ကို ပေါင်မြို့နယ်မှာ ပြုလုပ်သွားမယ်

ပေါင်၊ ဒီဇင်ဘာ ၈ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၂ ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာမှာ ပြုလုပ်သွားမယ်လို့ အခမ်းအနားကျင်းပရေးကော်မတီ မွန်လူငယ်ဆုံရပ်က အသိပေးထုတ်ပြန်ပါတယ်။ မွန်လူငယ်နေ့အခမ်းအနား ရည်ရွယ်ချက်မှာတော့ မွန်လူငယ်တိုင်း ပေါင်းစည်းညီညွတ်ပြီး ကဏ္ဍပေါင်းစုံမှာ ကမ္ဘာနဲ့ပခုံးချင်းယှဉ်နိုင်ဖို့နဲ့ မွန်လူငယ်တွေ မွန်မျိုးနွယ်ကို ဒေသတစ်ဝန်း ရေမြေပေါင်းစုံမှာ ထိန်သိမ်းစောင့်ရှောက်မြှင့်တင်ဖို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင်…

ဂါဇာစစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်လာနေပြီလို့ ကုလအကြီးအကဲ သတိပေး

ယူအန်၊ ဒီဇင်ဘာ ၈ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဂါဇာစစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်း ခြောက်မှုဖြစ်လာပြီလို့ လုံခြုံရေးကောင်စီမှာသတိပေးခဲ့ပြီး ရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲဖို့ တွန်းအားပေးရန် ဒီဇင်ဘာ ၆ ရက်နေ့က ပြောဆိုခဲ့ပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်တို့ကြား ပဋိပက္ခမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ် ချက်ချင်းရပ်စဲရေး တောင်းဆိုတဲ့ ဂူတာရက်စ်ထံမှ ပေးစာအပေါ်…

တရုတ်စစ်သင်္ဘောတွေရဲ့ လှုပ်ရှားမှု စောင့်ကြည့်နေတယ်လို့ အမေရိကန် ပြော

ဝါရှင်တန်၊ ဒီဇင်ဘာ ၈ တရုတ်စစ်သင်္ဘောတွေ ကမ္ဘာဒီးယားရဲ့အဓိကရေတပ်အခြေပြုနေရာတွေမှာ သီးသန့်ထိန်းချုပ် မယ့်တရုတ်ရဲ့ အစီအစဉ်တွေကို စောင့်ကြည့်နေတယ်လို့ အမေရိကန်နိုင်ငံ ခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားရဲ့ရိမ်ရေတပ်စခန်းကို တရုတ်စစ်သင်္ဘောတွေ ဆိုက်ရောက်လာပြီး သင်တန်း အတွက်ပြင်ဆင်နေတာဖြစ်တယ်လို့ ခမာကာကွယ်ရေးဝန်ကြီးက သူရဲ့လူမှုကွန်ရက်စာမျက်နှာ မှာ ဒီဇင်ဘာလ ၃ ရက်နေ့က ဖော်ပြထားပါတယ်။ တရုတ်စစ်သင်္ဘောတွေရောက်ရှိလာတာဟာ ကမ္ဘောဒီးယားခေါင်းဆောင်နဲ့ တရုတ်ဗဟိုစစ်ရေး ကော်မရှင်ဒုတိယ ဥက္ကဋ္ဌတို့ရဲ့…

ထိုင်းသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကို သတ်မှတ်

ဘန်ကောက်၊ ဒီဇင်ဘာ ၈ ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ ထိုင်းသင်္ကြန်ပွဲတော်(ဆုန်ကရန်)ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုအဖွဲ့က တရားဝင်အသိအမှတ်ပြုလိုက်တယ်လို့ ဘန်ကောက်ပိုစ့်သတင်းစာမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ဘော့ဆွာနာမှာ ပြုလုပ်တဲ့ မမြင်သာတဲ့ ယဉ်ကျေးမှုအမွေ အနှစ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံတကာ အစိုးရတွေရဲ့ ကော်မတီအစည်းအဝေးမှာ အသိအမှတ်ပြုမှုကို တရားဝင်ကြေညာခဲ့တာပါ။ ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနကတော့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ…