လွိုင်ကော်၊ ဒီဇင်ဘာ ၂၁

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အကျဉ်းထောင်ကို ခံ တပ်အဖြစ်အသုံးပြုနေပြီး အကျဉ်းသားတွေကိုလည်း လူသားဒိုင်းအဖြစ်အသုံးချနေတယ်လို့ တော် လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြို့ပေါ်တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် အကျဉ်းသားတွေကို တိုက်ပွဲထဲက ကယ်ထုတ်တာတွေမရှိဘဲ လူသားဒိုင်းကာအဖြစ်အသုံးပြုကာ အကျဉ်းထောင်ကိုခံတပ်အဖြစ် အ သုံးပြုနေတာပါ။

အကျဉ်းသားတွေကို စစ်တပ်၊ ရဲနဲ့အကျဉ်းဦးစီးဝန်ထမ်းတွေဟာ အကျဉ်းသားတွေကို ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး တိုက်ပွဲတွေအတွင်းမှာလည်း လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ခြေရှိနေတယ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်နဲ့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အ စည်းအရုံးရဲ့ ကနဦးစုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ လွိုင်ကော် အကျဉ်းထောင်အတွင်း အခြေအနေဟာ အလွန်ဆိုးရွားနေပြီး အစားအသောက်နဲ့ ဆေးဝါးတွေ အရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအစောပိုင်းကလည်း မြို့ပေါ်တိုက်ပွဲတွေကြောင့် လွိုင်ကော်အကျဉ်းထောင်အတွင်းမှာ ဆေးဝါးနဲ့စားနပ်ရိက္ခာပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် အ ကျဉ်းသားတွေဟာ စားရေးသောက်ရေးအပြင် ကျန်းမာရေးထိခိုက်မှုတွေရှိခဲ့ရတယ်လို့ သိရပါတယ်။

လွိုင်ကော်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း ၅၀၀ ကျော်ရှိနေတယ်လို့ သိရပြီး လက်တလောအခြေအနေတွေကြောင့် အကျဉ်းသားတွေကို နေရာပြောင်းရွှေ့ဖို့ရှိမရှိနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာနကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

တော်လှန်ရေးတပ်တွေအားကောင်းတဲ့ လွိုင်ကော်မှာတော့ စစ်ကောင်စီရဲ့ ယန္တယားအားလုံး ရပ်တန့်သွားပြီး အကျဉ်းထောင်၊ ဒေသအခြေစိုက်ကွပ်ကဲစစ်ဌာနချုပ်နဲ့ နေရာအနည်းငယ်ကိုသာ စစ်ကောင် စီဘက်က ထိန်းချုပ်ထားနိုင်တော့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းအချက် အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.