နေပြည်တော်၊ ဒီဇင်ဘာ ၁၇
အောက်တိုဘာအတွင်း ရှမ်းမြောက်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ အခြားဒေသတွေမျာ ဖြစ်ပွားနေတဲ့ စစ်ဆင်ရေးတွေမှာ လေယာဉ်တွေကို စွမ်းအားပြည့်သုံးပြီး တိုက်ပွဲအောင်နိုင်ရေး သက်စွန့်ဆံဖျား တိုက်ပွဲဝင်ခဲ့ကြတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
လေတပ်ဖွဲ့စည်းမှု ၇၆ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် လေယာဉ်တွေ တပ်တော်ဝင်အခမ်း အနားကို ဒီဇင်ဘာ ၁၅ ရက်နေ့က နေပြည်တော်ရှိ လေတပ်စခန်းမှာ ပြုလုပ်ရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
အဲဒီအခမ်းအနားမှာ စတုတ္တမျိုးဆက် Su-30 SME တိုက်လေယာဉ်နှစ်စင်းကို လေတပ်မှာအသုံးပြုသွားမှာဖြစ်တဲ့အတွက် လေတပ်စစ်သည် အားလုံးရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးရာရောက်သလို စစ် တပ်အတွက် တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမယ်လို့ စစ်ခေါင်း ဆောင်က ဆိုပါတယ်။
CDM လေတပ် တပ်ကြပ်ကြီးဇေယျကတော့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ သာမန်စစ်သည်တွေ စစ်တပ်ထောက်ခံသူ လူနည်းစုအတွက် ဂျင်းထည့်သွားတာဖြစ်ပြီး စစ်ကောင်စီတပ်အနေနဲ့ တိုက်စွမ်းရည် လုံးဝမရှိတော့တဲ့ အနေအထားလို့ သုံးသပ်ပါတယ်။
“ငါတို့အတွက်တော့ လေတပ်ရဲ့ Su-30 နှစ်စီးတောင်ထပ်ပြီး တပ်တော်ဝင်ပြီး ငါတို့ လေကြောင်းပစ်ကူတွေ ပေးနိုင်တော့မယ်ဆိုပြီး သာမန်နားမလည်တဲ့ စစ်သည်တွေက အားဖြစ်နိုင်တာပေါ့။ အဲဒီလို လူတွေအတွက်ပဲ သူက(စစ်ခေါင်းဆောင်) ဂျင်းထည့်သွားတာပါ။ နောက်ပြီး ဘာမှမသိနားမလည်တဲ့ သူတို့ကို မ, နေတဲ့ ဘောမ၊ သူတို့ကို ထောက်ခံတဲ့ လူနည်းစုအတွက် အဲဒီလိုအနေအထားပဲ ရှိပါတယ်။ လက်ရှိတိုက်စွမ်းရည် လုံးဝမရှိတော့တဲ့အနေအထားဖြစ်နေပြီ။ ခံစစ်တောင်မှ လေ ကြောင်းကို အသည်းအသန် အစွမ်းကုန်အသုံးပြုပြီး ခုခံကာကွယ်နေရတဲ့ စစ်တပ်ဆီက (စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ) ဘာမှမျှော်လင့်နေစရာ အကြောင်းမရှိဘူး။ မျှော်လင့်နေတယ်ဆိုရင် ရူးနေလို့ပဲဖြစ်မယ်။ တော်လှန်ရေးအတွက် ဘာမှဂရုစိုက်စရာမလိုဘူး။ လေတပ်ပြိုရင် စစ်တပ်ပြိုဖို့ လုံးဝပြိုပျက်သွားဖို့ပဲ ရှိတော့တယ်”လို့ ဆိုပါတယ်။
Su-30 SME တိုက်လေယာဉ်နှစ်စင်းဟာ ရုရှားနဲ့ စစ်ကောင်စီတို့ကြား ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် စက်တင် ဘာမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုခဲ့တဲ့ လေယာဉ်ခြောက်စင်းထဲက ပထမဆုံးအသုတ်အနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီလို့ စစ်ကောင်စီခန့် စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက စက်တင် ဘာလမှာ အတည်ပြုပြောဆိုထားတာပါ။
တိုက်လေယာဉ်ရဲ့ စွမ်းဆောင်ရည်ဟာ နေပြည်တော်ကနေ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမဆို သွား ရောက်တိုက်ခိုက်ပြီး ဗုံးအရေအတွက် ရာချီကြဲချတာတွေ လုပ်ဆောင်လို့ရပြီး ဝေဟင်ကနေ မြေ ပြင်အထိ ဘက်စုံသုံးလို့ရပြီး အဲဒီအတွက် ကုန်ကျစရိတ်အတော်များမယ်လို့ တပ်ကြပ်ကြီးဇေယျက ရှင်းပြပါတယ်။
စစ်ခေါင်းဆောင်ကတော့ ဒီကနေ့ မျက်မှောက်ခေတ်ရဲ့ ခေတ်သစ်စစ်ပွဲတွေကို လေ့လာကြည့်ရင် လေကြောင်းနဲ့ အာကာသစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအရေးပါကြောင်းနဲ့ လေ ကြောင်းသာလွန်မှုကို အားပြုပြီး ရန်သူအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ကာ မိမိတပ်တွေရဲ့ စိတ်ဓာတ်နဲ့ တိုက်စွမ်းရည် ပိုမိုဖြစ်ပေါ်လာစေဖို့ လေကြောင်းစိုးမိုးအားသာမှုကို အဓိကထား လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းမှု သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီတပ်ဟာ မြေပြင်စစ်ဆင်ရေးတွေမှာ တဖြည်းဖြည်း အင်အားချိနဲ့လာသလို တိုက်ခိုက်ရေးတွေမှာ အရေးမလှတဲ့အတွက် လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေကို အလွန်အကျွံ အားထားနေရတာပါ။
မြန်မာ့ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ရဲ့ လေကြောင်းတိုက်ခိုက်မှုအစီရင်ခံစာအရ အာ ဏာသိမ်းမှုအတွင်း ရန်ကုန်နဲ့ ဧရာဝတီတိုင်းကလွဲရင် ကျန်ဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းကတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အာဏာသိမ်းမှု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုတို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ရက်ပေါင်း ၅၈၈ ထက်မနည်းရှိခဲ့ပြီး စစ်ကိုင်းတိုင်းက အများဆုံးခံခဲ့ရတာပါ။
စစ်ကောင်စီကနေ ကျူးလွန်တဲ့ လေကြောင်းကတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်တွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေက ပထမဖြစ်ပြီး အရပ်သားပြည်သူတွေက ဒုတိယနဲ့ ဒေသတွင်း PDF တွေကတော့ တတိယပစ်မှတ်လို့ အဲဒီအစီရင်ခံစာ အချက်အ လက်က ဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ လူဒါဇင်ချီ သေဆုံးခဲ့ရတဲ့ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်း၊ စစ်ကိုင်းက ပဇီကြီးကျေးရွာနဲ့ လက်ယက်ကုန်း စာသင်ကျောင်းကို ဗုံးကြဲပစ်ခတ်တိုက် ခိုက်မှုစတာတွေဟာ လူသားမျိူးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝင်မှုလို့ နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချထားတာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ရဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာ သိမ်းတဲ့ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်တစ်ထောင် ဝန်း ကျင်ကြောင့် အနည်းဆုံး လူပေါင်း ၂၈၁ ဦး သေဆုံးခဲ့တယ်လို့ အခုနှစ် စက်တင်ဘာအတွင်း ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI