သရက်ချောင်း၊ ဒီဇင်ဘာ ၁၉

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာအတွင်းရှိ နေအိမ်တွေကို လိုက်လံဝင်မွှေနေတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ တပ်အင်အား ၅၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဟာ မြေသယ်ကား ၃ စီးနဲ့ ညောင်ဇင်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ မွှေနှောက်ရှာဖွေခဲ့ပါတယ်။

နေအိမ်တွေကို ဝင်မွှေသွားတဲ့ စစ်ကောင်စီတပ်ဟာ မနက် ၁၀ နာရီအချိန်ခန့်က ညောင်ဇင်ကျေးရွာဈေးနဲ့ အခြေခံပညာ အထက်တန်းကျောင်းကြားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာပါ။

အလစ်ငိုက်မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ သေနတ်နဲ့ရမ်းသမ်းပစ်ခတ်ပြီးနောက် ဒဏ် ရာရသူတွေကို ကားနဲ့တင်ဆောင်ပြီး သရက်နှစ်ခွကျေးရွာဘက် ဆက်လက်ထွက်ခွာသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြောဆိုပေမယ့် ဒီဖြစ်စဉ်အပေါ် သံလွင်တိုင်းမ်အနေနဲ့ တစ်စုံတစ်ရာ သီး ခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တနင်္သာရီတိုင်းမှာတော့ အခုလအတွင်း စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး တန်းဖိုရှိပစ္စည်းတွေ အတင်းအဓမ္မရယူတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ခံရင် သူပုန်အဖြစ် သတ်မှတ်ရှင်းလင်းမယ်လို့ ခြိမ်း ခြောက်တာတွေ ရှိနေပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.