ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀

မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ လူ ၁၈ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီတွေလိုအပ်နေတာကြောင့် လိုအပ်တာတွကိုဖြည့်ဆည်းပေးနိုင်ဖို့ အလှူငွေ ဒေါ်လာဘီလျံချီရှာဖွေရမယ်လို့ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းလူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာခဲ့တာဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းက ဆိုခဲ့တာပါ။

“မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နက်ရှိုင်း သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့်အတူ ၂၀၂၄ ခုနှစ်မှာ ချောက် ကမ်းပါး၌ ရပ်တည်နေရပြီး ယခုအခါ အရပ်သားပြည်သူတွေဟာ စိုးရိမ်ထိတ်လန့် နေရတယ်” လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ရဲ့ အစီရင်ခံစာမှာဖော်ပြ ထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေတဲ့ လူပေါင်း ၁၈ ဒသမ ၆ သန်းဟာ လွန်ခဲ့တဲ့ တစ်နှစ်ကထက် တစ်သန်းပိုများလာခဲ့ပြီး အာဏာသိမ်းမှုမတိုင်ခင်ကထက် ၁၉ ဆ ပိုများလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးသူငယ်တွေဟာ ရွှေ့ပြောင်းနေထိုင်မှု၊ကျန်းမာရေးစောင့်ရှောက်မှု၊ပညာရေး၊ အစားအစာ မလုံလောက်မှု အန္တရာယ်နဲ့ အဟာရချို့တဲ့မှု၊အတင်းအကြပ်စုဆောင်းခံရမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေအပါအဝင်အကာအကွယ်ပေးရေး အန္တရာယ်တွေကြောင့် ကလေး ၆ သန်းဟာ အကျပ်အတည်းကြုံနေရတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူသားချင်း စာနာမှုဆိုင်ရာ ကြားကာလ ညှိနှိုင်းရေးမှူး မာကိုလူကီကော်စီက သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ လူ ၂ ဒသမ ၆ သန်းနီးပါဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသူ ၇ သိန်းနီးပါး အပါအဝင် လူ ၁ ဒသမ ၁ သန်းတိုးလာတယ်လို့ သိရပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ်မှာ အခြေအနေတွေပိုမိုဆိုးရွားလာနိုင်ပါက ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှု တွေ ပိုများလာနိုင်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပြီး အရပ်သားတွေအပေါ် စစ်ရေးဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း ရှုတ်ချတယ်လို့ ဆိုထားပါတယ်။

ဒီလိုဆိုးရွားလာနေတဲ့ အခြေအနေတွေကြောင့် UNOCHA က အလှူငွေ အမေရိကန်ဒေါ်လာ ၉၉၄ သန်းကို လာမယ့်နှစ်မှာ မြန်မာနိုင်ငံမှာ ဦးစားပေးအကူအညီပေးရေးသတ်မှတ်ခံရသူ ၅ ဒသမ ၃ သန်းကို ကူညီဖို့ ဒီဇင်ဘာလ ၁၈ ရက်နေ့က တောင်းဆိုထားပါတယ်။

၂၀၂၃ ခုနှစ်မှာ စုစုပေါင်းရန်ပုံငွေရဲ့ ၂၉ ရာခိုင်နှုန်းစီ ပေးအပ်နိုင်ခဲ့ပေမယ့် ထပ်ခါတလဲလဲ ပေးဆာင်ဖို့ မတက်နိုင်တာကြောင့် ညှိနှိုင်းရေးမှူးမှ ထောက်ပြပြီး ဦးစားပေးအကူအညီပေးရမယ့် ခန့်မှန်ခြေ လူဦးရေ ၁ ဒသမ ၉ သန်းနီးပါးဆီ မရောက်ရှိသေးဘူးလို့သိရပါတယ်။

ကုလသမဂ္ဂနိုင်ငံတကာ အကူအညီပေးရေး အစီအစဉ်အများစုဟာ ငွေကြေး အကူအညီတွေ မပေးအပ်သေးပေမယ့် မြန်မာနိုင်ငံဟာ မေ့လျော့ခံ အခြေအနေမဖြစ်စေဖို့ အားလုံးလုပ်ဆောင် ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.