ဘေဂျင်း ၊ ဒီဇင်ဘာ ၂၀
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီဟာ မြောက်ကိုရီးယားအကြီးတန်းအရာရှိတွေနဲ့ ဘေဂျင်းမှာ အစည်းအဝေးကျင်းပခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဘယ်နေရာမဆို ရောက်ရှိနိုင်တဲ့ ပဲ့ထိန်းဒုံးကို မြောက်ကိုရီးယားအစိုးရ ပစ်လွှတ်ချိန်နဲ့ တိုက်ဆိုင်နေတယ်လို့ သိရပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဒုတိယဝန်ကြီး ပက်မြွန်ဟိုနဲ့ တွေ့ဆုံချိန်မှာ မစ္စတာဝမ်ရီက မဟာဗျူဟာကျပြီး ရေရှည်သဘောဆောင်တဲ့ ရှုထောင့်ကနေ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ သဘောတူညီမှုတွေကို ရှုမြင်ထားတယ်လို့ ဆိုထားပါတယ်။
တရုတ်ဟာ ဖလှယ်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေချိန်မှာပဲ နည်းလမ်း နှစ်သွယ် ဆက်ဆံရေးနဲ့ ချိတ်ဆက်ဆောင်ရွက်ရေးကို အားကောင်းစေဖို့ ဆန္ဒရှိတယ်လို့ မစ္စတာဝမ်ရီက ပြောခဲ့ပါတယ်။
“ဘုံသဘောတူတဲ့ စိုးရိမ်မှုတွေရဲ့ ပြဿနာတွေအပေါ် ရှုမြင်ချက်များကို ဝန်နဲ့ ပက်တို့အကြား ဖလှယ်ခဲ့ကြတယ်” လို့ပြောခဲ့ပြီး ဝန်ကြီးဌာနက အသေးစိတ်ကိုတော့ ထုတ်မပြောခဲ့ပါဘူး။
မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်သံဌာနဖြစ်တဲ့ KCNA မှာတော့ အစည်းအဝေးကို ချစ်ကြည်ရင်းနှီးမှု အပြည့်ရှိတဲ့ အဝန်းအဝိုင်းမှာ ကျင်းပနိုင်ခဲ့သလို တရုတ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံ အမတ်လည်း တက်ရောက်ခဲ့တယ်လို့ ဆိုထားပါတယ်။
တရုတ်နိုင်ငံကို မြောက်ကိုရီးယားဘက်က တရားဝင်မဟာမိတ်အဖြစ်သတ်မှတ်ထားပြီး နှစ်နိုင်ငံလုံးဟာ တိုက်ခိုက်မှုတစ်ခု ဒါမှမဟုတ် တခြားနိုင်ငံတခုက တိုက်ခိုက်ဖို့ ကြိုးပမ်းလာပါက အချင်းချင်းကူညီကြဖို့ သဘောတူစာချုပ်ကို ၁၉၆၁ ခုနှစ်မှာ လက်မှတ်ရေးထိုးထားကြတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က တောင်ကိုရီးယားကို နျူစွမ်းအင်သုံး ရေငုပ်သင်္လောတစ်စင်း ရောက်ရှိလာတာအပါအဝင် နျူကလီးယားစစ်ပွဲကို ရှေ့ပြေးအခြေအနေအဖြစ် မြောက်ကိုရီးယားက ရှုမြင်ထားပြီး နောက်ကွယ်မှာ အမေရိကန်ရဲ့ ကြိုးကိုင်မှုတွေရှိတယ်လို့လည်း စွပ်စွဲထား ပါတယ်။
မြောက်ကိုရီးယားဟာ ဘုံအကျိုးစီးပွား ကာကွယ်ဖို့အပြင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ တရုတ်နိုင်ငံနဲ့ ဘက်ပေါင်းစုံ ဆက်ဆံရေးခိုင်မြဲအောင် ဆက်လက်လုပ် ဆောင်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဒုဝန်ကြီးက ပြောထားတယ်လို့ တရုတ်ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
လာမယ့်နှစ်မှာကျရောက်မယ့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည် မတိုင်မီ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟာ တရားဝင်အလည်အပတ်ခရီးအဖြစ် ဘေဂျင်းမြို့ကို ပြီးခဲ့တဲ့ သီတင်းပတ်က ရောက်ရှိလာခဲ့တာပါ။
ကိုရီးယားကျွန်းဆွယ်အရေးဟာ ရှုပ်ထွေးမှုတွေရှိနေပြီး သက်ဆိုင်သူအားလုံး ဆွေးနွေးအဖြေရှာ ကြဖို့ တိုက်တွန်းထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝန်ဝီဘင်က ပြောထား ပါတယ်။
Ref – Reutrers