ဘေဂျင်း၊ ဒီဇင်ဘာလ ၁၂

တရုတ်နိုင်ငံမှာရှိတဲ့ ဆေးရုံတွေနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ဖြစ်ပွားမှု မြင့်တက်လာခြင်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပြီး ဆေးရုံဖွင့်ချိန်တွေကို လည်း တိုးမြှင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့က ကလေးဆေးရုံကိုတော့ မနက် ၇ နာရီခွဲကနေ ည ၁၀ နာရီအချိန်အထိ တိုးမြှင့်ဖွင့်လှစ်ထားပြီး သီးသန့်ကလေးအထူးကုသဝန်ဆောင်မှုတွေအပြင် ကျန်းမာရေးဝန်ဆောင်မှုတွေကိုလည်း အချိန်တိုးမြှင့်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကစပြီး ဝူဟန်ကလေးဆေးရုံက လူနာတွေကို သူနာပြုတွေကတဆင့် ဒါမှမဟုတ် မိမိကိုယ်ကို စစ်ဆေးတာတွေ ရွေးချယ်စေပြီး သွေးနဲ့ ဆီးစစ်တာတွေလုပ်ပေးခဲ့သလို စစ်ဆေးမှုရလဒ်တွေကိုလည်း လျင်မြန်စွာ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

မစ္စတာဝန်လို့ခေါ်တဲ့ ဝူဟန်မြို့နေသူတစ်ဦးကတော့ ဒီအစီအစဉ်ကြောင့် အချိန်ကုန်သက်သာ စေတယ်လို့ ပြောထားပါတယ်။

“ဆရာဝန်တစ်ဦးချင်းစီက လူနာကြည့်ချိန်ကို ထပ်ဆောင်းသတ်မှတ်ပေးတယ် ပြီးတော့ ပြင်ပလူနာဝန်ထမ်းတွေကို အတွင်းလူနာတွေကိုပါ ကြည့်ဖို့ အချိုးကျအချိန်ခွဲဝေပေးပါတယ်” လို့ ဝူဟန်ကလေးဆေးရုံရဲ့ ဒုတိယ ဥက္ကဌ ဆရာဝန်က ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံတဝှမ်းရှိ ဆေးရုံတွေမှာ လူနာတွေရဲ့ စောင့်ဆိုင်းကြာချိန်တွေကို လျှော့ချနိုင်ဖို့နဲ့ လူနာတွေကို စီမံခန့်ခွဲမှု ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် မဟာဗျူဟာတစ်ရပ်အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ။

ရင်ချူယန် မိခင်နဲ့ ကလေးဆေးရုံရဲ့ အရေးပေါ်ဌာနက ဒေါက်တာ ကျင်ရှောင်ဟွာကတော့ စောင့် ဆိုင်းချိန်လျှော့ချတာနဲ့ အလုပ်ချိန်တိုးမြှင့်တာတွေဟာ အလုပ်သမားလူတန်းစားမိဘတွေရဲ့ ည အချိန်မှ ကလေးတွေကို ဆေးခန်းပြလေ့ရှိတဲ့ အခက်အခဲအတွက်လည်း ပြင်ဆင်ဆောင်ရွက် ထားတယ်လို့ ဆိုပါတယ်။

တီယန်ကျင်ကလေးဆေးရုံမှာတော့ စစ်ဆေးပြီးကုသဆိုတဲ့ နည်းလမ်းအတိုင်းအရေးပေါ်လူနာ တွေကို ဆောင်ရွက်ပြီး ဆရာဝန်နဲ့မတွေ့ခင်မှာ စစ်ဆေးမှုဆောင်ရွက်တာဖြစ်တယ်လို့ သိရပါ တယ်။

တရုတ်အာဏာပိုင်တွေဟာ ကလေးအထူးကုကိစ္စရပ်တွေအတွက် ကုသမှုအရည်အသွေးတိုး မြှင့်ဖို့နဲ့ ကလေးငယ်တွေကြားမှာ ပျံ့နှံ့နေတဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါနဲ့ ဖျားနာ မှုတွေကို ထိန်းချုပ်ဖို့ ဆေးဝါးသိုလှောင်မှုနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို မြှင့်တင်ဖို့ရှိတယ် လို့လည်း ဆိုထားပါတယ်။

အရေးပေါ်ကျန်းမာရေးလိုအပ်ချက်တွေကို ကိုင်တွယ်ဖို့အတွက် ပြင်ဆင်ချက်တွေမှာတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ ဆောင်းရာသီကျန်းမာရေး အလေ့အထတွေအတွက် ကာကွယ်ဖို့လည်း ဦးတည်ဆောင်ရွက်တာတွေရှိနေတယ်လို့ သိရပါတယ်။

Ref – CHINA DAILY/ASIA NEWS NETWORK

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.