ကော့ကရိတ်၊ ဒီဇင်ဘာ ၁၀

တိုက်ပွဲတိုင်းရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနေပြီး လပိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက် သိန်းဂဏန်းနားကပ်တဲ့အထိ များပြားလာခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN ကနေ သိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ မဲကနယ်ကျေးရွာအုပ်စု၊ ကော့ကရိတ်မြို့ပေါ်နဲ့ ချောင်းနှစ်ခွဒေသတွေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေပြင်း ထန်ခဲ့ပြီး အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားကာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက် နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တပ်မဟာ ၆ နယ်မြေ မြဝတီမြို့နယ် မဲကနယ်ကျေးရွာအုပ်စု၊ ကော့ကရိတ်မြို့ပေါ်နဲ့ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွဒေသထဲမှာ အရပ်သားပြည်သူအများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုရှိခဲ့ပြီး အရပ်သားပြည်သူအများအပြားလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။

ဒါ့အပြင် KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ပေါ်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး မုန်းမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးအနားရှိ ကျေးရွာပေါင်း ၉၀ ကျော်က ဒေသခံပြည်သူ ၇၀၀၀၀ နီးပါး စစ်ဘေးရှောင်နေရကာ လူသားချင်းစာနာမှုအ ကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ KNU-ဗဟိုဘက်က ဒီဇင်ဘာလ ၇ ရက်နေ့က သ တင်းထုတ်ပြန်ထားပါတယ်။

KPSN ပြောခွင့်ရသူ စောလေးကပေါ်ကတော့ စစ်ရှောင်အရေအတွက် တိုးလာတာနဲ့အမျှ စားနပ် ရိက္ခာတွေ အရေးပေါ် လိုအပ်လျက်ရှိပြီး အဆိုးဝါးဆုံးအခက်ခဲကို ရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီအပေါ် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အရေးယူပိတ်ဆို့မှုတွေ ထိထိရောက်ရောက် လုပ်ဆောင်ဖို့လိုအပ်ပြီး အရပ်သားပြည်သူတွေအတွက် လုံခြုံရေးနဲ့ အကူအညီအထောက်အပံ့တွေ လုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့လည်း တိုက်တွန်းတာပါ။

KNU ဗဟိုရဲ့ ထုတ်ပြန်ထားချက်အရ ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ တိုက်ပွဲနဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေကြောင့် ထွက်ပြေးတိမ်း ရှောင်ခဲ့ရတဲ့ ဒေသခံပြည်သူလူထုဦးရေ ခုနှစ်သိန်းကျော် ရှိနေတယ်လို့လည်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KPSN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.