ပေါင်၊ ဒီဇင်ဘာ ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာနဲ့ ကျောက်တန်းကျေးရွာအကြားမှာ စစ်ကောင်စီလက် အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျောက်ရေတွင်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် အသက် ၅၄ အရွယ် ဦးမဲကြီးကို တော်လှန်ရေးအင် အားစုပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ သေနတ်နဲ့ ပစ်ခတ်ရှင်း လင်းခဲ့တာပါ။

ပြည်သူ့စစ်အဖွဲ့ဝင် ဦးမဲကြီးဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးခေါင်းနဲ့လက်မောင်းတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။အဲဒီနောက် ဦးမဲကြီးရဲ့ အလောင်းကို ဒေသခံတွေအကူအညီနဲ့ ရင်းငြိမ်တိုက်နယ်ဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ ဦးမဲကြီးဟာ ကျောက်ရေတွင်းကျေးရွာမှာ သေနတ်နဲ့ပစ်ဖောက်တာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်တာတွေကိုလည်း ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ပေါင်မြို့နယ် အုန်းတပင်ကျေးရွာမှာ စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ စရဖ သတင်းပေးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.