မော်လမြိုင်၊ ဒီဇင်ဘာ ၉

မွန်ပြည်နယ်ရှိ မော်လမြိုင်အချုပ်ထောင်နဲ့ သထုံအကျဉ်းထောင်တို့မှာ ထောင်ကျနေတဲ့ စစ်သား ၄၀ နီးပါးကို စစ်ကောင်စီတပ်က လာရောက်ခေါ်ဆောင်သွားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံအနှံ့တိုက်ပွဲတွေအတွင်း အရေးမလှရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ စစ်သားလိုအပ်ချက်အ တွက် ထောင်ကျနေတဲ့ စစ်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး စစ်တပ်မှာ ပြန်လည်တာဝန်ထမ်းဖို့ လာရောက်ခေါ် ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်တပ်ကလာခေါ်သွားတဲ့ ထောင်ကျစစ်သားတွေထဲမှာ မော်လမြိုင်အချုပ်ထောင်က ၃၀ ဦး၊ သထုံအကျဉ်းထောင်က ၉ ဦး စုစုပေါင်း ၃၉ ဦး ပါဝင်ပါတယ်။

အဲဒီစစ်သားတွေဟာ စစ်ပြေးမှု၊ စည်းကမ်းဖောက်ဖျက်မှု၊ စစ်မှုထမ်းချိန်အတွင်း ရာဇဝတ်ပြစ်မှု ကျူးလွန်ထားသူတွေဖြစ်ပြီး သူတို့ကို စစ်တပ်မှာ တာဝန်ထမ်းရမယ်ဆိုတဲ့ ကတိခံဝန်ချက်နဲ့ စစ် တပ်ထဲ ပြန်ခေါ်သွားတာပါ။

သူတို့တွေကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ သထုံအခြေစိုက်တပ်ရင်းတွေထံ ခေါ် ဆောင်သွားပြီး မြေပြင်တိုက်ပွဲတွေထံ စေလွှတ်သွားမယ်လို့ သံလွင်တိုင်းမ် သတင်းအရင်းအ မြစ်တွေကနေသိရပါတယ်။

စစ်ကောင်စီရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်အရ စစ်တပ်ကနေ ထွက်ပြေးသွားတဲ့ စစ် ပြေးတွေ၊ ခွင့်မဲ့ပျက်ကွက်သူတွေ၊ ထောင်ကျနေတဲ့ စစ်သားတွေကို တာဝန်ပြန်လည်ထမ်းဆောင်လိုပါက ပြစ်ဒဏ်ကင်း လွတ်ခွင့်ပြုပြီး နီးစပ်ရာတပ်တွေမှာ ပြန်လည်လက်ခံပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Myanamar Now ရဲ့ သတင်းဖော်ပြချက်အရ စစ်ကောင်စီတပ်ဟာ ၂၄ နာရီအတွင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးကနေ ထောင်ကျနေတဲ့ စစ်သားတစ်သောင်းနီးပါးကို တပ်ထဲ ပြန်ခေါ်သွားတယ်လို့ အကျဉ်းဦးစီးဌာန သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.