ဆော – ဒီဇင်ဘာ ၄

မကွေးတိုင်း၊ဆောမြို့ရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ဦးဟာ မိသားစုကိုအတူခေါ်လာပြီး G-3 သေနတ်ယူဆောင်အလင်းဝင်လာတယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်းက သတင်းထုတ် ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဆောမြို့ရဲစခန်းက တပ်ကြပ်ကြီး ၁ ဦးဟာ ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်းကို အလင်းဝင်ရောက်လာတာပါ။

သူနဲ့အတူ G-3 သေနတ် ၁လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၃၃၂ တောင့်နဲ့ လက်ပစ်ဗုံး ၁လုံး ယူဆောင်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီဖြုတ်ချရေးအတွက် စစ်ရေးအရှိန်မြှင့်တင်နေတာကြောင့် စစ်ကောင်စီ လက်အောက်ခံ တပ်မတော်သား၊ရဲတပ်ဖွဲ့တွေအနေနဲ့ အသက် အာမခံချက် ရရှိအောင် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံကြဖို့လည်း ဂန့်ဂေါ အမှတ် ၃ တပ်ရင်းက သတိပေးထားပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံပြီး အဝင်ဝင်ရောက်လာသူတွေကို ယူဆောင်လာခဲ့တဲ့ လက်နက်အမျိုးအစား တွေအပေါ်မူတည်ပြီး ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့အတူပူးပေါင်းခဲ့တဲ့ ရဲနဲ့စစ်သား ၂ သောင်းနီးပါးအထိရှိနေပြီလို့ NUG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဂန့်ဂေါ အမှတ် ၃ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.