December 3, 2023

သံဖြူဇရပ်မှာ ဒေသခံ ၇ ဦးထက်မနည်း ဖမ်းဆီးခံရ

သံဖြူဇရပ်၊ ဒီဇင်ဘာ ၃ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ဇေယျာတိုးချဲ့ရပ်ကွက်မှာ အမျိုးသားတစ်ဦးလက်နက်နဲ့တကွ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်ကနေ မြို့ပေါ်နေ ဒေသခံ ၇ ဦးထက်မနည်း လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ အောင်ဇေယျာတိုးချဲ့ရပ်ကွက်နေ အသက် ၄၄ အရွယ် ဦးမြသန်းကို စစ်ကောင်စီတပ်က မြို့အတွင်း စစ်ဆေးနေစဉ် ပစ္စတိုသေနတ်တစ်လက်၊…

မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ငွေကြေးတောင်းခံမှု ပိုမိုဆိုးရွားလာ

မော်လမြိုင်၊ ဒီဇင်ဘာ ၃ လုံခြုံရေးအကြောင်းပြချက်နဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ငွေကြေးတောင်းခံမှု ပိုမိုဆိုးရွားလာသလို တပ်ရှေ့ထွက်ပြီး ငွေကြေးတောင်ခံမှုတွေပါ ရှိလာတယ်လို့ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးရးဂိတ် ၁၀ ခုထက်မနည်း တိုးချဲ့ဖွင့်လှစ်ထားပြီး ခရီးသွားပြည်သူတွေနဲ့ ခရီးသွားကားတွေမှာ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတာပါ။ အခုနောက်ပိုင်းမှာတော့ မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်ရှိ စစ်ကောင်စီရဲ့အခြေစိုက်တပ်ရင်းတွေကလည်း…

ကော့ကရိတ်မြို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်

ကော့ကရိတ်၊ ဒီဇင်ဘာ ၃ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ ဒီဇင်ဘာ ၂ ရက်နေ့မှာလည်း တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်တပ်အုပ်ချုပ်ရေးယန္တရားတွေမှာ ပါဝင်နေကြသူတွေအားလုံး မြို့ပေါ်ကနေထွက်ခွာဖို့ KNU ဘက်က အသိပေးထုတ်ပြန်လိုက်ပြီးတဲ့နောက် ဒီဇင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းကစပြီး ကော့ကရိတ်မြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲတွေ…

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက ကိုနန်းလင်းနဲ့ ဆက်သွယ်မေးမြန်းချက်

“လူထုကို အကြောက်တရားသွင်းတာကိုက သူတို့(စကစ)ကိုယ်တိုင်က ကြောက်နေလို့ပဲ။ လူထုရဲ့ ညီညွတ်မှုကို ကြောက်တာ” လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၄၀ ဈေးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ရန်ကုန်အင်အားစုက ကိုနန်းလင်း ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ခဲ့တဲ့ အဲဒီဆန္ဒပြလှုပ်ရှားမှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီဟာ မြောက်ဒဂုံမြို့ နယ် ၄၀ ဈေးအား…