ဂြိုလ်တုလွှတ်တင်မှု ကိုယ်ပိုင်ကာကွယ်ခွင့်ကျင့်သုံးတာလို့ မြောက်ကိုရီးယား ခေါင်းဆောင် ပြော
ဆိုးလ်၊ နိုဝင်ဘာ ၂၅ မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်ခဲ့တာဟာ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးတာဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်က ပြောပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၁ ရက်နေ့က မြောက်ကိုရီးယားဟာ သူတို့ရဲ့ပထမဆုံးထောက်လှမ်းရေး ဂြိုလ်တုကို ကမ္ဘာ့ပတ်လမ်းအတွင်း လွှတ်တင်ထားနိုင်ခဲ့ပြီလို့ အသိပေးထားပါတယ်။ မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်ခဲ့တဲ့လုပ်ရပ်ဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ခဲ့တာဖြစ်တယ်လို့ နိုင်ငံတကာက ဝေဖန်ထားသလို ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေနဲ့ပတ်သက်တဲ့ နည်းပညာအသုံးပြုမှုတွေကိုပါ…