November 2023

ကျောက်မဲတောင် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄ ဦးသေဆုံး

ထားဝယ် – နိုဝင်ဘာ ၂၈ တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်အခြေစိုက် ကျောက်မဲတောင် စခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက် က ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းကစတင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ၇ နာရီဝန်းကျင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တဲ့အတွက်…

သူရဲသမိန်ရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့သိမ်းပိုက်

ဝေါ၊ နိုဝင်ဘာ ၂၈ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရှိ သူရဲသမိန်နယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တော် လှန်ရေးအင်အားစု တာဝန်ရှိသူထံကနေ သိရပါတယ်။ အဲဒီနေ့မနက် ၆ နာရီအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အချိန်…

စစ်အာဏာသိမ်း (၁၀၃၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၀၂) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ(၂၈) AAPP ရဲ့ နိုဝင်ဘာ(၂၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၃၀) ရက်အတွင်း ပြည်သူ (၄၁၀၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၆၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၄၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

စစ်ကောင်စီတပ်ကို ချုံးချုံးကျစေတဲ့ ၁၀၂၇ စစ်ဆင်ရေး

ကိုးကန့်၊ နိုဝင်ဘာ ၂၈ စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်မှာ စတင်လိုက်တဲ့ နိုင်ငံမြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီတပ်ကို နာလန်မထူနိုင်အောင် ချုံးချုံးကျစေပြီး အခုဆိုရင် စစ်ဆင်ရေး တစ်လပြည့်ပြီး ဖြစ်ပါတယ်။ အောက်တိုဘာနှောင်းပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအဖွဲ့ TNLA နဲ့ ရခိုင်အဖွဲ့ AA တို့ဟာ စစ်ကောင်စီတပ်ကို စစ်ကြေညာချက်နဲ့အတူ…

မြို့ပေါ်စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာပါ စစ်ကောင်စီတပ်စွဲလာ

ရန်ကုန်၊ နိုဝင်ဘာ ၂၈ တစ်နိုင်ငံလုံးအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေက စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေထဲမှာ တပ်စွဲအထိုင်ချတာ ပိုများလာတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အထက (၁)၊ အထက (၃)၊ အလက(၇)၊အမက (၄) တို့မှာ ပြီးခဲ့တဲ့ အပတ်အတွင်းမှာ…

ကျိုက်မရောမှာ စစ်ကောင်စီတပ် အင်အားအများအပြားတိုးချ

ကျိုက်မရော၊ နိုဝင်ဘာ ၂၈ စစ်ကောင်စီတပ်ဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွဒေသကို ပြန်လည်သိမ်းပိုက်စိုးမိုးနိုင်ဖို့နဲ့ မော်လမြိုင်ဘက်ခြမ်း စစ်မကျွံလာဖို့အတွက် တင်အင်အားအများပြား တိုးချထားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေးအပြင် စစ်ရေးဗျူဟာအရ အချက်အချာကျတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ ချောင်းနှစ်ခွတံတားဂိတ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ချောင်းနှစ်ခွစခန်းကို…

တနင်္သာရီ ထုံခါအကျဉ်းစခန်းတစ်ခုလုံး စစ်ကောင်စီပြောင်းရွှေ့

တနင်္သာရီ၊ နိုဝင်ဘာ ၂၈ တော်လှန်ရေးအင်အားစုတွေ စီးနင်းတိုက်ခိုက်မယ်ဆိုတဲ့သတင်းကြောင့် စစ်ကောင်စီဟာ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါကျေးရွာအနီးရှိ ထုံခါအကျဉ်းစခန်းတစ်ခုလုံးကို ပြောင်းရွှေ့သွားတယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေထံကနေ သိရပါတယ်။ တပ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ လုံခြုံရေးယာဉ်တန်းတွေနဲ့အတူ နိုဝင်ဘာ ၂၆ ရက်နေ့က ထုံခါအကျဉ်စခန်းရှိ ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကို မြိတ်မြို့နယ် ကျောက်ဖြူတောင်အကျဉ်စခန်းထံ ပြောင်းရွှေ့သွားခဲ့တာပါ။ ထုံခါအကျဉ်းစခန်းဟာ စစ်ကောင်စီရဲ့ တနင်္သာရီစစ်ဗျူဟာနဲ့…

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးကူညီဖို့ လိုလားကြောင်း တရုတ် ပြော

ဆိုးလ်၊ နိုဝင်ဘာ ၂၈ မြောက်ကိုရီးယားက စစ်ထောက်လှမ်းရေးဂြိုလ်တုကို လွန်ခဲ့တဲ့ သီတင်းပတ်က ပစ်လွှတ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးကူညီဖို့ လိုလားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ဟာ သူ့ရဲ့ဆွေးနွေးဖက် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပက်ခ်ဂျင်နဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က ဘူဆန်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ မြောက်ကိုရီးယားရဲ့ ဂြိုလ်တုပစ်လွှတ်မှုအပြီး နောက်ဆက်တွဲအနေနဲ့ နျူကင်းစင်ရေးလုပ်ဆောင်မှုတွေအတွက် အပြုသဘောဆောင်တဲ့…

တရုတ်ရဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါအတွက် ထိုင်းအစိုးရ ပြင်ဆင်နေ

ဘန်ကောက်၊ နိုဝင်ဘာ ၂၈ တရုတ်နိုင်ငံမြောက်ပိုင်းမှာ ပျံ့နှံ့ကူးစက်နေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကို ကြိုတင်တားဆီးနိုင်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ တရုတ်အသက်ရှုလမ်းကြောင်းရောဂါပိုးကို ထိန်းချုပ်နိုင်ဖို့ ထိုင်းနိုင်ငံရဲ့ ကူး စက်ရောဂါဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့အတူ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဆွေးနွေးပွဲကျင်းပခဲ့တာပါ။ ကူးစက်ရောဂါထိန်းချုပ်ဖို့ ပထမအဆင့်အနေနဲ့ စောင့်ကြည့်ရေးဖြစ်ပြီး ကျန်းမာရေး အာဏာပိုင်တွေဟာ ခရီးသွားဧည့်သည်တွေ လာရောက်တဲ့ ခရိုင်ဒေသန္တရတွေရဲ့ ဆေးရုံတွေမှာ နမိုးနီးယား…

ဂါဇာမှာ အပစ်ရပ်သက်တမ်းတိုးဖို့ ဟားမတ်စ် တောင်းဆို

ဂါဇာ၊ နိုဝင်ဘာ ၂၇ အစ္စရေးနဲ့ ပါလက်စတိုင်းအစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကို ခေတ္တရပ်နားထားချိန် တတိယမြောက် ဓားစာခံ လဲလှယ်မှုတွေကို ပြုလုပ်ခဲ့ကြပြီး အပစ်ရပ်သက်တမ်းတိုးဖို့ ဟားမတ်စ်အဖွဲ့နဲ့ အစ္စရေးဓားစာခံတွေရဲ့ ဆွေမျိုးတွေက တောင်းဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က စတင်ခဲ့ပြီး လေးရက်ကြာ အပစ်ရပ်ထားဖို့ အစ္စရေးနဲ့ ဟားမတ်စ်တို့က သဘောတူညီခဲ့ကြပြီး သဘောတူညီမှု တစိတ်တပိုင်းအဖြစ်…