November 2023

ချောင်းနှစ်ခွတိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းမှူးတစ်ဦး သေဆုံး

ကျိုက်မရော၊ နိုဝင်ဘာ ၂၉ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အမှတ်(၅၅၇) ခြေမြန်တပ်ရင်းက တပ်ရင်းမှူးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း စနိုက်ပါထိမှန် သေဆုံးသွားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။ တနင်္သာရီမြို့နယ်အခြေစိုက် ခမရ (၅၅၇) တပ်ရင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ချောင်းနှစ်ခွတိုက်ပွဲအတွင်း နယ်မြေရဲစခန်းလက်မလွှတ်ရဖို့အတွက် ရဟတ်ယာဉ်နဲ့ စစ်ကူပို့ထားတဲ့ တပ်ရင်းတစ်ခုဖြစ်ပါတယ်။…

ကော့ကရိတ်မှာ လက်နက်ကြီးကျလို့ ကိုရင်နှစ်ပါးဒဏ်ရာရ

ကော့ကရိတ်၊ နိုဝင်ဘာ ၂၉ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အံဖလေးကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဆောင် ထိမှန်ပျက်စီးခဲ့ပြီး ကိုရင်နှစ်ပါး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ကော့ကရိတ်မြို့ လှိုင်ဝအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၂) အမြောက်တပ်ကနေ ကော့ကရိတ်မြို့ တောင်ဘက် အံဖလေးကျေးရွာထဲကို နိုဝင်ဘာ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲက…

ဘန်ကောက်မှာ တောင်းရမ်းစားသောက်နေတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီး

ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ထိုင်းနိုင်ငံ ဘန်ကောက်မှာ တရုတ်နိုင်ငံသား တောင်းရမ်းစားသောက်သူ ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းကာ စုံစမ်းစစ်ဆေးနေပြီး သူတို့တွေဟာ မလေးရှားနဲ့ စင်ကာပူနိုင်ငံအတွင်းမှာလည်း တောင်းရမ်းတဲ့အလုပ်ကို လုပ်ကိုင်ဖူးတယ်လို့ ထိုင်း လဝက က ပြောပါတယ်။ ဒုတိယ လူဝင်မှုကြီးကြပ်ရေးကော်မရှင်နာ ရဲမှူးချုပ် ဖန်ထာနာ နူချာနတ်က အဲဒီတရုတ်နိုင်ငံသား တောင်းရမ်းစားသောက်သူအဖွဲ့နဲ့ စကားပြန်အဖြစ် လုပ်ကိုင်ပေးတဲ့ ထိုင်းနိုင်ငံသားအမျိုးသမီးတစ်ဦးတို့ဟာ…

ဗီယက်နမ်က ဂျပန်နဲ့ ဆက်ဆံရေးတိုးမြှင့်

ဟန်နွိုင်း၊ နိုဝင်ဘာ ၂၉ ဗီယက်နမ်သမ္မတ ဗိုဗန်တောင်ဟာ ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်တဲ့ ခရီးစဉ်အတွင်း ဗီယက်နမ်နဲ့ ဂျပန်ရဲ့ ဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ် နိုဝင်ဘာ ၂၇ ရက်နေ့မှာ တရားဝင်မြှင့်တင်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ တရုတ်နဲ့ အနောက်နိုင်ငံတွေရဲ့ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေကြားမှာ တချို့သော ကုမ္ပဏီတွေက တရုတ်နိုင်ငံမှ လုပ်ငန်းတွေကို ပြောင်းရွှေ့နေရာချထားတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖော်ဆောင်နိုင်ဖို့ ဗီယက်နမ်ရဲ့…

အမေရိကန်အရေးကြီးနေရာတွေရဲ့ ကောင်းကင်ဓာတ်ပုံတွေ မြောက်ကိုရီးယား လက်ခံရရှိ

ဆိုးလ်၊ နိုဝင်ဘာလ ၂၉ အမေရိကန်နိုင်ငံရဲ့ သမ္မတအိမ်ဖြူတော်၊ပင်တဂွန်နဲ့ Norfolk မှာ အခြေစိုက်ထားတဲ့ လေယာဉ်တင် သင်္ဘောရေတပ်စခန်းတွေကို သူလျှိုဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ မြောက်ကိုရီးယား ခေါင်းဆောင် လက်ခံရရှိထားတယ်လို့ KCNA က ဖော်ပြပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်ဖို့ ပထမဆုံး ထောက်လှမ်းရေးဂြိုလ်တုကို နိုဝင်ဘာလအတွင်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တာပါ။ KCNA…

မြန်မာ-တရုတ်ကြား လူမျိုးရေး အမုန်းမီးပွားအောင် စစ်ကောင်စီလုပ်နေတယ်လို့ NUG ယာယီ သမ္မတပြော

မော်လမြိုင် – နိုဝင်ဘာ ၂၈ အာဏာသိမ်းစစ်ကောင်စီဟာ စစ်ရေးအရှုံးတွေနဲ့ တလှိုင်းပြီး တလှိုင်းအဖုံးဖိခံရပြီးနောက်ပိုင်း တရုတ်နဲ့ မြန်မာကြား လူမျိုးရေးအမုန်းမီးပွားအောင် မှိုင်းတိုက်လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ ၃၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “တရုတ်နဲ့ လူမျိုးရေးသွေးထိုးပြီး တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာအောင်…

ကျိုက်မရောတိုက်ပွဲမှာ BGF ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦး ထပ်မံသေဆုံး၊ ၄ ဦးလက်နက်ချ အညံ့ခံ

ကျိုက်မရော၊နိုဝင်ဘာ ၂၈ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တိုက်ပွဲအတွင်း စစ်ကူလာတဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF အမှတ်(၁၀၂၂) တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးနော်တယာအပါအဝင် ၁၁ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ တပ်တွင်းအရင်းအမြစ်တွေနဲ့ နဂါးနီစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရှိ တောင်ကလေးစခန်းကနေတစ်ဆင့် ချောင်းနှစ်ခွ ကို တပ်ကူလာတဲ့ စစ်ကောင်စီရဲ့ တပ်မ…

မတ္တရာက စစ်ကောင်စီစခန်းကုန်းကို TNLA နဲ့ မန္တလေး PDF သိမ်းပိုက်

မန္တလေး – နိုဝင်ဘာ ၂၈ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စစ်ကောင်စီ စခန်းကုန်းကို TNLA နဲ့ မန္တလေး PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မနက်ပိုင်းက တောင်သမန်စစ်ဆင်ရေးအဖြစ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နဲ့ မန္တလေး PDF တို့က စစ်ကောင်စီ စခန်းကုန်း တစ်ခုကို…