November 2023

ယောဒေသမှာ စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်နေ

ဂန့်ဂေါ – နိုဝင်ဘာ ၃ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို စတင်သိမ်းပိုက်နေပြီလို့ ကာကွယ်ရေးအင်အားစုတွေက သံလွင်တိုင်းမ် ကိုအတည်ပြုပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းကစပြီး စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်နေကာ လက်ရှိအချိန်မှာတော့ စစ်ကောင်စီလက်အောက်ခံ စခန်းနှစ်ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။ ဂန့်ဂေါနဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေး၊တမူးဘက်မှာလည်း စစ်ကောင်စီရဲ့ စခန်းတွေကို…

ဖမ်းဆီးခံပေါင်ဒေသခံ ၆ ဦး ထောင်ဒဏ်ချမှတ်ခံရ

ပေါင်၊ နိုဝင်ဘာ(၃) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားနဲ့ကျွဲခြံကျေးရွာတို့ကနေ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေ သခံ ၆ ဦးကို ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အထိ ပြစ်ဒဏ်အသီးသီးချမှတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့စက်တင်ဘာ ပထမအပတ်အတွင်း ပေါင်မြို့နယ် မိုးနိုင်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲကိုကိုလွင် ပစ်သတ်ခံရပြီးနောက် ဒေ…

“ဝ”နဲ့မိုင်းလား ကြားနေရပ်တည်ချက် ၁၀၂၇ စစ်ဆင်ရေးကို သွယ်ဝိုက်တဲ့နည်းတဲ့ ထောက်ခံတာလို့ အကဲခတ်တွေပြော

ပန်ဆန်း၊ နိုဝင်ဘာ(၃)စစ်ကောင်စီတပ်ကို ပြိုလဲသွားနိုင်တဲ့ မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် “ဝ” အဖွဲ့နဲ့ မိုင်းလားတို့ရဲ့ ဘက်မလိုက်ရေးမူ ကြားနေရပ်တည်ချက်ဟာ စစ်ဆင်‌ရေးကို သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ခံတာလို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။ ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး “ဝ”အဖွဲ့ UWSA နဲ့ မိုင်းလားအဖွဲ့ NDAA တို့က ဘက်မလိုက်တဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်းကျင့်သုံးပြီး ဘယ်ဘက်ကမှ ဝင်ရောက်ပါဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ နိုဝင်ဘာ…

ရှမ်းမြောက်တိုက်ပွဲကြောင့် ကုန်ပစ္စည်းဈေးနှုန်း စံချိန်တင်မြင့်တက်လာနိုင်

မော်လမြိုင်၊ နိုဝင်ဘာ(၂) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန် သွယ်ရေးအားလုံး ရပ်တန့်သွားတဲ့အတွက် ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းပိုင်းတည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး…

ကြာအင်းဆိပ်ကြီးတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိ

ကြာအင်းဆိပ်ကြီး၊ နိုဝင်ဘာ(၃) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ နိုဝင်ဘာ ၂ ရက် မနက် ၅ နာရီအချိန်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေ ဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ အဲဒီတိုက်ပွဲဟာ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ တပ်ရင်းဌာနချုပ်နဲ့ စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲကြောင့်…

အွန်လိုင်းငွေလိမ်မှုနဲ့ဆက်စပ်တဲ့ သံသယရှိသူ ၂၆ ဦးကို ထိုင်းရဲဖမ်းဆီး

ဘန်ကောက်၊ နိုဝင်ဘာ ၃ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နေရာ ၂၁ ခုကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျုရိုက ဝင်ရောက်စီးနင်းပြီးနောက် အွန်လိုင်းငွေကြေး လိမ်လည်မှုနဲ့ ဆက်စပ်နေတဲ့ လူပေါင်း၂၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသားတွေလည်း ပါဝင်ခဲ့ပြီး ဘတ်တန်ဖိုး ၂၈ သန်းရှိတဲ့ Crypto ငွေကြေးတွေ၊ ဘတ်တန်ဖိုးတစ်သိန်းရှိတဲ့ ငွေသားတွေ၊ ဘဏ်စာအုပ် ၂၃ အုပ်၊…

အစ္စရေးရဲ့ ဂါဇာဒုက္ခသည်စခန်း တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလပြော

ဂျီနီဗာ၊နိုဝင်ဘာ ၃ ဂါဇာကမ်းမြောင်ဒေသရှိ အကြီးဆုံး ဂျာဘာလီယာဒုက္ခသည်စခန်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက နိုဝင်ဘာ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အစ္စရေးက နှစ်ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဂါဇာရှိ ဟားမတ်စ်အစိုးရမီဒီယာရဲ့ နိုဝင်ဘာ ၂ ရက်နေ့ ဖော်ပြချက်အရ…

ကမ္ဘာတဝှမ်းရှိ မြောက်ကိုရီးယားသံရုံး အများအပြား ပိတ်သိမ်းမယ်

ပြုံယမ်း၊နိုဝင်ဘာ ၃ မြောက်ကိုရီးယားအစိုးရဟာ စပိန်၊ဟောင်ကောင်နဲ့ အာဖရိကနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့မှာ ဖွင့်လှစ်ထားတဲ့ သူတို့ရဲ့ သံရုံးတွေကို ပိတ်သိမ်းဖို့ စီစဉ်နေတယ်လို့ လေ့လာသုံးသပ်သူတွေနဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ မြောက်ကိုရီးယားရဲ့ သံရုံးတွေပိတ်သိမ်းမှုဟာ နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကြောင့် ပြည်ပဝင်ငွေရရှိဖို့ ရုန်းကန်နေရတဲ့ အခြေအနေနဲ့ အဓိက သက်ဆိုင်နေရတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ မြောက်ကိုရီးယားသံတမန်တွေဟာ…

သတင်းသမားတွေအပေါ် ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ BNI တောင်းဆို

မော်လမြိုင် – နိုဝင်ဘာ ၂ မြန်မာသတင်းသမားတွေအပေါ် အာဏာသိမ်းစစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ရေး တက်စွမ်းသမျှ ဖိအားပေးပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ပေး ကြဖို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေကို နိုင်ငံတကာ မြန်မာ့သတင်း (BNI) က တောင်းဆိုလိုက်ပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာကျရောက်တဲ့ သတင်းသမားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု တွေအတွက် အပြစ်ပေး အရေးယူခံရမှုမှ ကင်းလွတ်မှု…

ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ခရီးသည်ကား တိုက်ခိုက်ခံရပြီး ၈ ဦး ဒဏ်ရာရ

မော်လမြိုင် – နိုဝင်ဘာ ၂ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ခရီးသည်ကား တစ်စီး တိုက်ခိုက်ခံရတာကြောင့် ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ “အောင်ကျော်မိုး”အဝေးပြေးယာဉ်လိုင်းရဲ့ ခရီးသည်တင်မှန်လုံယာဉ်ဟာ နိုဝင်ဘာ ၁ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်မှာ ကျိုက်ထိုကနေ မော်လမြိုင်သို့…