November 2023

ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောခွင့်ရ ရဲဘော်လော်ရင်းစိုးနဲ့ ဆက်သွယ်မေးမြန်းချက်

“ကရင်နီပြည်နယ်ဆိုတာက ပြည်ထောင်စုရဲ့ အစိတ်အပိုင်းပဲဖြစ်တယ်။ ပြည်ထောင်စုမလွတ်မြောက်ပဲ အစိတ်အပိုင်းလွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် တစ်နိုင်ငံလုံးလွတ်မြောက်တဲ့အထိ ပူးပေါင်း ဆောင်ရွက်မယ်။ တိုက်ခိုက်သွားမယ်” ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ၁၁၀၇ စစ်ဆင်ရေးကို ဖော်ဆောင်လိုက်ပြီလို့ ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) က နိုဝင်ဘာ ၇ ရက်နေ့ ကြေညာလိုက်ပါတယ်။ ဒီစစ်ဆင်ရေးဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ ကို ထောက်ခံအားပေးတဲ့အနေနဲ့…

သိမ်ဇရပ်ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများနိုင်

ကျိုက်ထို၊ နိုဝင်ဘာ ၉ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က သိမ်ဇရပ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ၃၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်နေတဲ့အချိန် တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ဗုံး၂ လုံးချပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း ဗုံး…

စစ်အာဏာသိမ်း (၁၀၁၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၇၆) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ(၉) AAPP ရဲ့ နိုဝင်ဘာ(၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၁၁) ရက်အတွင်း ပြည်သူ (၄၁၇၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၈၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

ရှမ်းမြောက်တိုက်ပွဲကြောင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်နေရတဲ့ စစ်ကောင်စီ

လားရှိုး၊ နိုဝင်ဘာ ၉ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကနေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြို့တွေ၊ စခန်းတွေ လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာ စိတ်ဓာတ်မြှင့်တင်ရေး နည်းဗျူဟာတွေ အသုံးပြုလာရပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ကြေညာတဲ့ ရက်မှာတင် ရှမ်းမြောက်ရှိ နမ့်ခမ်းနဲ့ လားရှိုးမြို့က တပ်စခန်းတွေ တပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရပြီးနောက်…

ကော်သူးလေဖက်ဒရယ်ယူနစ် ထူထောင်ဖို့ စစ်ရေးအရှိန်မြှင့်မယ်လို့ KNU ပြော

ကော်သူးလေ၊ နိုဝင်ဘာ ၉ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ကော်သူးလေဖက်ဒရယ်ယူနစ်ကို ထူထောင်တည်ဆောက်သွားဖို့အတွက် စစ်ရေးအရှိန်မြှင့်တင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်အမျိူးသားအစည်းအရုံး KNU ဟာ ၁၇ ကြိမ်မြောက်ကွန်ကရက်အပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ တတိယအစည်းအဝေးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကနေ ၅ ရက်အထိ အောင်မြင်စွာကျင်းပခဲ့တယ်လို့ KNU က နိုဝင်ဘာ…

ကော့ကရိတ်မှာ မောင်းသူမဲ့လေယာဉ်ငယ်နဲ့ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

ကော့ကရိတ်၊ နိုဝင်ဘာ ၉ ကရင်ပြည်နယ် ကော့ကရိတ်မြို့ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ် မောင်းသူမဲ့လေယာဉ်ငယ်နဲ့ တိုက်ခိုက်ခံရတာကြောင့် တပ်ခွဲမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ ဇိနသုခဘုန်းကြီးကျောင်းနေရာတွေကို တော်လှန်ရေးအင်အားစုဒရုန်းအဖွဲ့တွေက ဝေဟင်လှုပ်ရှားမှုအနေနဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့…

ကျိုက်ထိုမှာ ရဲသတင်းပေးတစ်ဦး ပစ်ခတ်ခံရ

ကျိုက်ထို၊ နိုဝင်ဘာ ၈ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာမှာ မနေ့ နိုဝင်ဘာ ၇ ရက်နေ့ ည ၉ နာရီအချိန်လောက်က ရဲသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အသက် ၄၃ နှစ်အရွယ် ရဲသတင်းပေးကိုလွမ်းဝေဟာ ကျိုက်ထိုမြို့နယ် ခလွန်-စွပ်ပနူးလမ်းအတိုင်း တစ်ဦးတည်း ဆိုင်ကယ်နဲ့ နေအိမ်ပြန်လာစဉ် အမည်မသိလူ ၂ ဦးက အသင့်စောင့်ဆိုင်းပြီး…

စခန်းသိမ်းတိုက်ပွဲတွေကြောင့် မကွေးမှာ စစ်ကောင်စီလုံခြုံရေးတင်းကျပ်လာ

မကွေး – နိုဝင်ဘာ ၈ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ကောင်စီတပ်စခန်းနဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် မကွေးတိုင်း မင်းဘူးခရိုင်မှာ လုံခြုံရေးတင်းကျပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ လက်တလောမှာတော့ မင်းဘူးခရိုင်ထဲက ပုသိမ်-မုံရွာ လမ်းတလျှောက်မှာ ကင်းပုန်းတွေချထားကာ စစ်ဆေးရေးတွေလည်းတင်းကျပ်နေတာကြောင့် စျေးသည်တွေနဲ့ ဒေသခံတွေ သွားလရေး အခက်ကြုံနေရတာပါ။ “စခန်းကိုလာသိမ်းမယ်လို့ ကြားလို့တဲ့ အင်အားတွေအများကြီး ထပ်ချပြီး ပုသိမ်-မုံရွာလမ်း တလျှောက်မှာကင်းပုန်းထားတယ်။မထင်တဲ့ လူတွေကို…